ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဖာသာရ်ဂျွန်စောယောဟန်အား လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်

John-Saw-Yaw-Han

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ရန်ကုန်ကက်သလစ်သာသနာမှ ကရင်လူမျိုးဖြစ်သော ဖာသာရ် ဂျွန်စောယောဟန် (အသက်တော် ၄၆ နှစ်) အား ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်၏ လက်ထောက် ဆရာတော် Auxiliary Bishop of Yangon Archdiocese အဖြစ် ရွေးချယ်ခန့်အပ်တော်မူခြင်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့၊ မြန်မာ စံတော်ချိန် ညနေ ၅း၃၀ တွင် ဗာတီကန်ရေဒီယိမှတဆင့် ကြေညာလိုက်သည်။ ဆရာတော်လောင်း သည် လက်ရှိတွင် ရန်ကုန်ရဟန်းဖြစ်တကသိုလ်၏ ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်နေသည်။ ထို့အပြင် ဆရာတော်လောင်းသည် နှိမ့်ချပြီး သိမ့်မွေစွာနေထိုင်တတ်သူ ဖြစ်သည်။  ဆရာတော်လောင်းအတွက် ဝိုင်းဝန်း ဆုတောင်းပေးကြပါစို့။ ဝင်းလှိုင်ဦး

2269  Views
Previous: ၂၀၁၅ ခုနှစ်မှာ သူတော်စင် (ဘရာသာရ်များ၊ စ⁠စ္စတာရ်) တို့ကို များများလှူဒါန်းကြပါ။
Next: ဂလိုရီယားသတင်းဂျာနယ်၏ ကျေးဇူးရှင်များအားလုံး ၂၀၁၅ ခုနှစ်မှာ အားလုံးကျန်းမာပြီး အောင်မြင်ကြပါစေ