သာမန်ကက်သလစ်ဘာသာဝင်များကို လုပ်ပိုင်ခွင့်ပေးရန် အချိန်တန်ပြီဟု ဆရာတော်ကြီးချားလ်စ်ဘိုက သတိပေးလိုက်တော်မူ

85-b

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် ၅၀၀ ဂျူဗလီပွဲတော်၏ ဒုတိယနေ့ဖြစ်သော နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဆရာတော်ကြီးချားလ်စ်ဘိုက တရားတော်ကို ဟောကြားတော်မူသည်။

ဆရာတော်ကြီးက ““ယနေ့ကျင်းပသော နှစ် ၅၀၀ ဂျူဗလီပွဲတော်သည် လွန်ခဲ့သော ၁၃၊ ၁၄ ရာစုကတည်းက စတင်ခဲ့ကြောင်း၊ အထူး သဖြင့် ဝိညာဉ်များကို ဇွဲရှိရှိလိုက်လံရှာဖွေနေတဲ့ ရဟန္တာဖရန်စစ်ဇေးဗီးဇယား၏ သာသနာပြုခြင်းကြောင့် ပဲခူးနိုင်ငံတော်သည် ရောမအင်ပါယာ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပါကြောင်း၊ ဂျေဇွီကက် သလစ်ဘုန်းတော်ကြီးများ၏ ကြိုးစားပျိုးထောင်ပေးမှုကြောင့် မြန်မာနိုင်ငံ၏ ပထမ ဆုံးသော ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ ထွက်ပေါ်လာခဲ့ကြောင်း၊ သူတို့သည် ဘုရင်ဂျီဟု လူသိများခဲ့ကြသော်လည်း ဖိနှိပ်မှုနှင့်ခွဲခြားဆက်ဆံမှုတို့ကို ဒီနေ့ အထိ တွေ့ကြုံခံစားနေကြကြောင်း၊ သို့သော်သူတို့သည် မိမိတို့၏ယုံကြည်ခြင်းတွင် တည်ကြည်ခိုင် မြဲနေကြဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ဒေသခံမင်းသားနှင့် ကဗျာစာ ဆိုဖြစ်သော နတ်ရှင်နောင်လည်း ကက်သလစ်ဘာသာထဲသို့ ကူးပြောင်း လာ ခဲ့ကြောင်း၊ အာဗာပြည်နယ်နှင့်ပဲခူးနယ်ဖက်ကို သာသနာပြုခဲ့သူမှာ ဘာနာဘိုက်ကက် သလစ်ဘုန်းတော်ကြီးဂိုဏ်းဖြစ်ကြောင်း၊ ဘာနာဘိုက်ကက်သလစ် ဘုန်းတော်ကြီး ဂိုဏ်းမှ ဘုန်းတော်ကြီးဆန်ဂျေမာနိုက ဗမာစာကို ကမ္ဘာသိအောင်ပြုလုပ်ပေးခဲ့ သူဖြစ်ကြောင်းဖြင့် ထည့်သွင်းဟောကြားတော်မူသည်။

ဆက်လက်ပြီး ဆရာတော်ကြီးချားလ်စ်ဘို ““လွန်ခဲ့တဲ့ နှစ် ၅၀အတွင်းမှာ ကက်သလစ် သာသနာတော်ဟာ တိုင်းရင်းသားတွေအကြားထဲမှာ ရှင်သန်ကြီးထွားခဲ့ ပါကြောင်း၊ နိုင်ငံခြားကက်သလစ်သာသနာပြုပုဂိုလ်များကို ၁၉၆၄ ခုနှစ်နောက် ပိုင်း မောင်းထုတ်ပြီးနောက် မြန်မာပြည် ကက်သလစ်သာသနာတော်သည် အခက်အခဲ၊ ဖိနှိပ်မှု၊ ကန့်သတ်မှုများကြားက ကိုယ့်အားကို ကိုးပြီးရှင်သန်ရုန်းကန်လာခဲ့ကြရာ အခုချိန် မှာ ရဟန်းအပါး (၇၀၀) ကျော်၊ သီလရှင် (၂၂၀၀) ကျော်နဲ့ကက်သလစ်ဘာ သာဝင် (၇၆၀၀၀၀) ရှိနေပြီဖြစ်ကြောင်း၊ စစ်ပွဲတွေကြားထဲမှာ တိုင်းရင်းသား ကက်သလစ်ဘာသာဝင်တွေဟာ ယုံကြည်ခြင်းကို ရှေ့တန်းတင်ကြပြီး ယနေ့ဒီကို လာရောက်ကြသည်မှာ ယုံကြည်ခြင်းသည် သာအဓိကဟူသော အချက်ကို သက်သေ ထူနေကြပါကြောင်း၊ အခုဒီမှာရှိနေကြတဲ့ဘာသာဝင်တွေဟာ မိမိတို့ရဲ့ယုံကြည်ခြင်းကို သက်သေ ထူနေကြခြင်းဖြစ်ပါကြောင်းဖြင့် မီးမောင်းထိုးပြရင်း ဂုဏ်ပြုတော်မူသည်။

ဆရာတော်ကြီးချားလ်စ်ဘိုသည် အစိုးရမင်း၊ ဆရာတော်နှင့်ရဟန်းတော်များနှင့် သာမန်ကက်သလစ်ဘာသာဝင်များကို အောက်ပါအတိုင်း သတိပေးရင်း တိုက်တွန်း လိုက်သည်။ ဆရာတော်ကြီးချားလ်စ်ဘို၏ ဟောကြားချက်အပြည့်အစုံကို တင်ဆက်ပေး လိုက်ပါသည်။

နောက်ဆုံးအနေဖြင့်ယခုဂျူဗလီပွဲမှ ရရှိသောသင်ခန်းစာများကို ဆရာတော်ကြီးက မိန့်ကြားရာတွင်
(၁) ဒီနေ့အခမ်းအနားကြီးက မိမိတို့သည် ယုံကြည်ခြင်းအခြေခံသော ခရစ်ယန် များ ဖြစ်ကြသည်ကို လူသိရှင်ကြားဖော် ထုတ်ကြခြင်းဖြစ်ကြောင်း ၁၉၆၀ ခုနှစ်ဝန်း ကျင်တွင်မူ မြန်မာနိုင်ငံကက်သလစ်ခရစ်ယာန်ဘာသာဝင်များ မရှိတော့ဟု ထင်ခဲ့ ကြသော်လည်း ယုံကြည်ခြင်းမျိုးစေ့ကကြီးထွားနေပါကြောင်း (မာတေဦး ၁ရး၂၀) ၊ မိမိတို့သည် မသေသည့်အပြင် ရှင်သန်ကြီးထွား နေကြပါကြောင်းဖြင့် မီးမောင်းထိုးပြ သည်။
(၂) မိမိတို့အားလုံးသည် တိုင်းရင်းသားအားလုံးပါဝင်သော အသားအရောင်မျိုးစုံပါ ဝင်သော ရောင်စုံသက်တံအသင်းတော် rainbow ဖြစ်ပါကြောင်း (၁ကော် ၁၂း၂၇)
(၃) မိမိတို့သည် အာဏာရှင်များ၏ ချုပ်ခြယ်ဖိနှိပ်မှုတွေအကြားထဲက တီထွင်ကြံဆ တတ်သော church of initiative အသင်းတော်ဖြစ် ကြောင်း၊ များပြားလှ စွာသော ဒေသခံဘာသာရေးအဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ကြပါကြောင်း၊ ဝေး လံသောဒေသအထိ တရားတော်ကို  ဟော ပြောနိုင်ကြကြောင်း၊ မိမိတို့၏အမျိုးသား /သမီးများကို ယုံကြည်ခြင်းဆိုင်ရာသင်တန်းတွေ ပေးဝေနိုင်ခဲ့ကြကြောင်း၊ မိမိတို့၏ သိုးစုများကို ကာကွယ်ပေးနိုင်ခဲ့ကြကြောင်း၊ ယနေ့မြန်မာပြည်ကက်သလစ်သာသ နာတော်တွင် အရည်အတွက်အပြင် အရည်အသွေး တွေလည်း တိုးတက်လာခဲ့သည်။
(၄) မြန်မာနိုင်ငံသူ/သားများသည် လူတစ်စုက ဖန်တီးထားသော ဘေးအန္တရာယ် မိမိတို့၏ ပြည်သူများကို ဆင်းရဲခြင်းနှင့်လုပ်ပိုင် ခွင့်မပေးခြင်း၏ သားကောင်များဖြစ် ခဲ့ကြရကြောင်း၊ တချိန်က ကမ္ဘာ့အလယ်မှာ အချမ်းသာဆုံးဖြစ်ခဲ့သော ငါတို့နိုင်ငံသည် ယခုအချိန်မှာတော့ အဆင်းရဲဆုံးနိုင်ငံဖြစ်နေရကြောင်း၊ ကက်သလစ်ခရစ်ယာန်ဘာ သာဝင်တွေဟာလည်း အစိုးရရဲ့ ခွဲခြားဆက်ဆံ ခြင်းအပါအဝင် လုပ်ပိုင်ခွင့်ကင်း မဲ့နေရခြင်းကြောင့် အဆင်းရဲ့ ဆုံးလူတန်းစာတွင် poverty and disempowerment of our people ရှိနေကြသေးကြောင်း၊
(၅) ထောင်နှင့်ချီသော ကက်သလစ်ခရစ်ယာန်ဘာသာဝင်များသည် စစ်ပွဲများနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် တခြားနေရာသို့ church of exodus ထွက်သွားနေ ရကြောင်း၊ ထောင်နှင့်ချီသော ဘာသာဝင်များသည် မိမိတို့၏ဘဝကသာ သိနိုင်သော အခြေနေထဲတွင် ဒုကသည်စခန်းများထဲတွင် နေထိုင်နေရကြောင်း၊ ထိုင်းနိုင်ငံနှင့် ကချင်ပြည်နယ်ရှိ စခန်းများတွင် နေထိုင်နေကြရကြောင်း၊ ထို့အပြင် ခေတ်သစ် ကျွန်စနစ်က မိမိတို့၏လူငယ်မောင်မယ်များကိုဟိုးကမ္ဘာတစ်ဝှမ်းတွင် အလုပ်လုပ်နေ ကြရကြောင်း၊ သူတို့တတွေသည် ဘာဘီလွန်မြစ်ကမ်းနဘေးတွင်ထိုင်ကြရင်း ဇီအုန်တောင်နှင့်မိမိတို့ အိမ်ပြန်ချိန်ကို စဉ်းစားနေကြကြောင်း (ဆာလံ ၁၃၇)
(၆) နယ်စပ်တစ်ဝိုက်တွင် ရှိနေကြသော ကက်သလစ်ဘာသာဝင်  လူငယ်မောင်မယ် များသည် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လူကုန်ကူးခံရခြင်းနှင့် ပညာသင်ကြားခွင့်များ ကင်းမဲ့နေကြရကြောင်း၊ ဒါကြောင့်မို့ ဒုက္ခခံနေရတဲ့မျိုးဆက်သစ်တွေဟာ လွတ်မြောက်ခြင်းအတွက် ငိုကြေး တမ်းတနေကြရပါသည်။
(၇) ကက်သလစ်သာသနာတော်သည် ဝေဒနာများကို ကုသပေးသော အသင်းတော် ဖြစ်သည်။ ကျွန်ုပ်တို့မြန်မာပြည်ကက်သလစ်သာသနာ တော်သည် လူနည်းစုဖြစ်ကြသော်လည်း နိုင်ငံနှင့်နိုင်ငံသူ/သားများအတွက် များစွာအကျိုးပြုနေကြ ပါသည်။ မိမိတို့၏ပြသာနာများက မိမိတို့၏တိုင်းပြည်အတွက် အလုပ် လုပ်ဆောင်နေခြင်းကို မဟန့်တားနိုင်ပေ။ ယနေ့အချိန်မှာလည်း မိမိတို့၏ တိုင်းပြည်နှင့်လူမျိုးများ အတွက် အလုပ်လုပ်ဆောင်ခွင့်ရရှိကြသည့် အပေါ် ယေဇူး ခရစ်တော်ဘုရားကို ကျေးဇူးတင်ရန်အလို့ဌာ ရောက်ရှိနေကြပါတယ်။
(၈) ကက်သလစ်သာသနာတော်သည် ၁၉၇၂ ခုနှစ်အထိ မြန်မာပြည်တွင် စာသင်ကျောင်းများကို တိုင်းပြည်အတွက် ဖွင့်လှစ်နိုင်ခဲ့ကြပါ သည်။ နှစ်ဆယ်ရာစု အစကတည်းကပင်လျှင် ကက်သလစ်သာသနာတော် သည် ဝေးလံခေါင် သီသောမြန် မာနိုင်ငံတစ်ဝှမ်းတွင် ပညာသင်ကြား ရေးစနစ်ကို မိတ်ဆက်စတင်ခဲ့ပေသည်။ အထူးသဖြင့်ကက်သလစ်သာသနာတော်သည် မြန်မာနိုင်ငံအမျိုးသမီးများ၏ပညာရေးကဏ္ဍ တွင် တက်ကြစွာ လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့၏ အမျိုးသမီးသူတော်စင်များက ဖိဘုရားများနှင့်မင်းသားများကို ပညာသင်ပေးခဲ့ ကြသည်။ နိုင်ငံတော်အစိုးရနှင့် စစ်တပ်တို့က မဝင်ရဲသောနေရာဒေသများတွင် စာသင်ကျောင်းများကို ထူထောင်ပေး ခဲ့ကြသူတို့မှာ ကက်သလစ်သာသနာတော်မှ သူတော်စင်များပင် ဖြစ်ကြသည်။ အစိုးရက ပြည်သူပိုင် မတိမ်းမှီအထိ မြန်မာနိုင်ငံတွင် လူသိရှင်ကြား သိရှိခဲ့ကြသော အထင်ကရစာသင် ကျောင်းများမှာ ခရစ်ယာန်များကဖွင့်လှစ်သော စာသင်ကျောင်း များပင် ဖြစ်ကြပေသည်။ ၎င်းပြည်သူပိုင်အဖြစ် သိမ်းခဲ့ကြသော ခရစ်ယာန်စာ သင်ကျောင်းများကို သက်ဆိုင်ရာခရစ်ယာန်သာသနာများဆီသို့ ပြန်လည်အပ်နှံပေး ကြရမည်ဖြစ်သည်။ ကက်သလစ်သာသနာတော်မှ ဖွင့်လှစ်ခဲ့သော စာသင်ကျောင်းများ ကို ကက်သလစ်သာသနာ တော်ထံသို့ ပြန်လည်ပေးအပ်ကြပါ။ သို့မှသာ မြန်မာနိုင်ငံ ၏ပညာရေးသည် တိုးတက်လာမည် ဖြစ်ပေသည်။
(၉) ကက်သလစ်သာသနာတော်သည် ကုသပေးသော အသင်းတော်ဖြစ်သည်။ ကက်သလစ်သာသနာတော်မှသီလရှင်များသည် ဝေးလံခေါင်သီသောနယ်စွန်နယ်ဖျားဒေသများရှိညီအစ်ကို မောင်နှမများ၏ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု၊ ကျန်းမာရေး ဆိုင်ရာ ပညာပေးမှုနှင့်ဆေးဝါး ကုသပေးမှုတို့ကို လုပ်ဆောင်ပေးနေကြပါသည်။ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းများကို ရွာတိုင်းတွင် ထူထောင်လုပ်ဆောင်နေကြသည်။
(၁၀) ကက်သလစ်သာသနာတော်သည် အတိဒုက္ခသည်များကို ကြည့် ရှုစောင့်ရှောက်ပေးနေသည်။ ကက်သလစ်သာသနာတော်သည် အနူသည် များ၊ အေအိုင်ဒီအက်စ်ရောဂါသည်များနှင့်အတူ ရပ်တည်ကာ သူတို့ကို ကူညီစောင့်ရှောက်ပေးနေပါသည်။ ကက်သလစ် သာသနာတော်သည် လူ့အဖွဲ့ အစည်းက ကျဉ်ဖယ်ထားသူများကို သမိုင်းတစ်လျှောက်လုံး မိမိ၏ဘဝနှင့်ရင်းကာ ကြည့်ရှုစောင့်ရှောက် ပေးနေသည်။ ကံကြမာဆိုးကြောင့်ဟု လူသိထားကြသော အနူသည်များကို ကက်သလစ်သာသနာတော်သည် ကူညီစောင့်ရှောက်ပေး နေသည်။ ကက်သလစ်သာသနာတော်သည် မည်သူကမျှ အထောက်အပံ့မပေးသော်လည်း မိမိ၏လူမှုရေးရည်မှန်းချက်နှင့်လုပ်ငန်းများ ကို လုံးဝမရပ်ဆိုင်းပဲ မြန်မာနိုင်ငံ၏ အကြီးဆုံးသောအနူသည်စခန်းနှစ်ခုကို အခက်အခဲများကြားထဲက ဆက်လက်ဖွင့် လှစ်ပြီး အနူသည် များကို ကူညီပေးနေပါသည်။ လူ့အဖွဲ့အစည်းက ကျဉ်ဖယ်ထား သူများကို ကူညီစောင့်ရှောက်ရန်အတွက် ကက်သလစ်သာသနာတော်သည် အကူအညီ များကို ဆက်လက်တောင်းခံနေပါသည်။
(၁၁) ကက်သလစ်သာသနာတော်သည် နာဂစ်မုန်တိုင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်များကို နိုင်ငံသူ/သားများက တွေ့ကြုံတိုင်း လိုအပ်သော ထောက်ပံ့မှုများကို ခွဲခြားမှုကင်းမဲ့စွာဖြင့် လျင်မြန်စွာထောက်ပံ့ပေးခဲ့သည်။ ကချင်ပြည်နယ် တွင် ဖြစ် ပွားနေစစ်ပွဲကြောင်း ထွက်ပြေးသွားကြသော ဒုက္ခသည်များ၏ ၇၅% ကို ကက်သလစ် သာသနာတော်က ကူညီစောင့်ရှောက်ပေးနေပါသည်။
(၁၂) ကက်သလစ်သာသနာတော်သည် ပဋိပက္ခဖြစ်နေသော အဖွဲ့အစည်းများအကြား တွင် ငြိမ်းချမ်းရေးကို မြင့်တင်ပေးရန်အတွက်နှင့် တရားမျှတခြင်းဖြင့် ငြိမ်း ချမ်းရေး Promoting Peace and Reconciliation ကို ရရှိနိုင်ရန် ရပ်တည် လုပ်ဆောင်နေပါသည်။ အကြောင်းရင်းမှာ ကက်သလစ်သာသနာတော်သည် ပဋိပက္ခ များအလယ်တွင် ရှင်သန်ရပ်တည်နေသောကြောင့် မိမိ၏ဘာသာဝင် သားသမီးများကို ပဋိပက္ခဖြေရှင်းနည်းနာများကို သင်ကြားပေး နေပါသည်။
(၁၃) ကက်သလစ်သာသနာတော်သည် မိမိ၏ ရဟန်းဖြစ်သင်ကျောင်းများနှင့် ပျိုးထောင်ရေးဌာနများမှ ကျွမ်းကျင်သော လူ့အရင်းအမြစ် များကို များစွာမွေးထုတ်ပြီး အသင်းတော်နှင့်နိုင်ငံတော်ကို အလုပ်အကျွေးပြုနေကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်မှစပြီး၊ ကက်သလစ်သာသနာတော်သည် ရာနှင့်ချီသော လူငယ်မောင်မယ် များကို အဆင့်မြင့်ပညာသင်ကြားပေးခဲ့ရာ သူတို့သည် တိုင်းပြည်ကို အစေခံနေကြ ပြီဖြစ်သည်။
(၁၄) ကက်သလစ်သာသနာတော်သည် အမုန်းမျိုးစေ့များအလည်တွင်ပင်၊ ဘာသာပေါင်းစုံဆွေးနွေးတိုင်ပင်ခြင်းကို အားသွန်ခွန်စိုက်လုပ် ဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဘာသာရေး၊ ဘာသာပေါင်းစုံညီညွတ်ရေးကို မြင့်တင်ရန် အတွက် လူငယ်ဟူသော လှုပ်ရှားမှုတွင် တက်ကြစွာ ပါဝင်နေသည်။

1696  Views
Previous: ဂလိုရီယားသတင်းဂျာနယ်၏ ကျေးဇူးရှင်များအားလုံး ၂၀၁၅ ခုနှစ်မှာ အားလုံးကျန်းမာပြီး အောင်မြင်ကြပါစေ
Next: ဂလိုရီးယားသတင်းဂျာနယ်၏ပရိသတ်များအတွက် ကံစမ်းမဲဖွဲ့ပွင်ပြုလုပ်မည်