ဂလိုရီးယားသတင်းဂျာနယ်၏ပရိသတ်များအတွက် ကံစမ်းမဲဖွဲ့ပွင်ပြုလုပ်မည်

001-b

၂၀၁၂ ခုနှစ်မှ စတင်ပြီး ဂလိုရီးယားသတင်းဂျာနယ်ကို ဝယ်ယူအားပေးနေ ကြသော ကျေးဇူးရှင်များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ကံစမ်းမဲစာရွက်များကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ လတုန်းက လူကြီးမင်းတို့ထံ ပေးပို့ခဲ့ပါသည်။ ၎င်းစာရွက် ကို ဖြည့်စွက်ပြီး ပြန်လည်ပေး ပို့သူမှာ အယောက် (၂၀၀) ဝန်းကျင်သာ ရှိသည်။ ၎င်းအယောက် (၂၀၀) တို့အား ကံစမ်း မဲဆုများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် မဲနှိုက်ပေးပြီး ဆုရရှိသူများကို ပြန်လည်ဆက်သွယ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မဲနှိုက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ မဲရှင်များ၏ကံစမ်းမဲဖြည့်ထားသော စာရွက်ကို လိမ့်မည်။

၂။ ပေးလိုသည့်ဆု (ဥပမာ- ရေဒီယိုဆု) ဟု အော်ပြီး မဲနှိုက်သူက နှိုက်ထားသော မဲစာရွက် ကို ဖွင့်မည်ဖြစ်သည်။

၃။ ၎င်းမဲစာရွက်တွင် ဖော်ပြထားသော လူနာမည်သည် မဲပေါက်သူဟု သတ်မှတ်မည် ဖြစ် သည်။

၄။ မဲပေါက်သော ကံထူးရှင်သည် မိမိ၏ဆုကို လက်ခံရယူရန် တာဝန်ယူရမည်ဖြစ်သည်။

 

ကံစမ်းမဲကော်မတီ

ဂလိုရီးယားသတင်းဂျာနယ်တိုက်

1297  Views
Previous: သာမန်ကက်သလစ်ဘာသာဝင်များကို လုပ်ပိုင်ခွင့်ပေးရန် အချိန်တန်ပြီဟု ဆရာတော်ကြီးချားလ်စ်ဘိုက သတိပေးလိုက်တော်မူ
Next: ကမ္ဘာပေါ်တွင် သမ္မာကျမ်းစာအုပ်ပေါင်း သန်းပေါင်း ၁၂၅ အုပ်ကို တရုတ်ပြည်တွင် ထုတ်ဝေဖြန့်ချီခဲ့ဟု ထုတ်ပြန်