ကမ္ဘာပေါ်တွင် သမ္မာကျမ်းစာအုပ်ပေါင်း သန်းပေါင်း ၁၂၅ အုပ်ကို တရုတ်ပြည်တွင် ထုတ်ဝေဖြန့်ချီခဲ့ဟု ထုတ်ပြန်

002-b

ဘေဂျင်း၊

တရုတ်နိုင်ငံ၊ နန်ကျင်းမြို့ရှိ၊ အာမီတီဖောင်ဒေးရှင်းဟု အမည်ရသော ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ကျမ်းစာအုပ် ပုံနှိပ်ထုတ်ဝေသော စက်ရုံသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း တွင် တရုတ်ပြည်သူများ၏ ဝယ်ယူမှုတိုးတက်လာခြင်းကြောင့် ခရစ်ယာန်ကျမ်းစာ အုပ်ပေါင်း သန်းပေါင်း ၁၂၅ ကို ထုတ်ဝေဖြန့်ချီခဲ့သည်ဟု သတင်းထုတ်ပြန် လိုက် သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်းတွင်ပင် ကျမ်းစာအုပ်ပေါင်း သန်းတစ်ထောင် ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၆၅.၇ ထောင်ကျော်သည် တရုတ်စကားဖြင့်လည်းကောင်းနှင့် သန်း ၅၉.၃ အရေအတွက်ကိုမူ နိုင်ငံပေါင်း (၇၀) ကျော်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည် ဟု ဖြည့်စွက်ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ်အတွင်းတွင်လည်း ခရစ်ယာန်ကျမ်းစာအုပ်ကို မနှစ်ကထက် ပိုပြီးနှိပ်ရမည့် အခြေအနေရှိနေကြောင်းဖြင့် ၎င်းပုံနှိပ်စက်လုပ်ငန်း၏ မန်နေဂျာချုပ်ဖြစ်သူ လွီလွီ က နိုဝင်ဘာလ ၇ ရက်နေ့က ပြောဆိုလိုက်သည်။ ၎င်းပုံနှိပ်စက်လုပ်ငန်းသည် ယူနိုက်တစ်ဘိုင်ဘာလ်ဆိုစိုက်တီးဟူ အမည်ရသော အဖွဲ့အစည်းနှင့် အကျိုးတူပူးပေါင်း ပြီး ထူထောင်ထားသောလုပ်ငန်းဖြစ်ရာ ၎င်းလုပ်ငန်းသည် တရုတ်အစိုးရက တရားဝင် ခွင့်ပြုထားသော ခရစ်ယာန်များအတွက် ကျမ်းစာအုပ်ကို ထုတ်ဝေပေးရန် ဖြစ်သည်။ သို့သော်၎င်းစက်ရုံသည် တရုတ်နိုင်ငံရှိ  မြေအောက်ခရစ်ယာန်များနှင့် နိုင်ငံခြား သို့တင်ပို့ရန်အတွက်လည်း ကျမ်းစာအုပ်များကို ထုတ်ဝေနေလေသည်။ ၎င်းစက်ရုံ သည် ကျမ်းစာအုပ်ကို နိုင်ငံခြားသို့ တင်ပို့သောလုပ်ငန်းကို ၂၀၀၃ ခုနှစ်မှစတင်ရာမှ ၂၀၀၈ ခုနှစ်အရောက်တွင်မူ ကမ္ဘာ့ကျမ်းစာအုပ်ထုတ်ဝေသော အကြီးဆုံးပုံနှိပ်စက်ရုံ အဖြစ် နန်ကျင်းမြို့သို့ ပြောင်းရွှေ့လာခဲ့သည်။

သို့သော် ၎င်းစက်ရုံသည် သမ္မာကျမ်းစာကို မည်မျှထုတ်ဝေဖြန့်ချီခဲ့သည်ကိုမူ ယခု အချိန်အထိ တိကျသော ကိန်းဂဏန်းကို မထုတ်ဖော် သေးပေ။ မည်သို့ပင်ဆိုစေကာမူ၊ တရုတ်နိုင်ငံတွင်မူ ခရစ်ယာန်ဘာသာဝင်ဦးရေသည် သိန်းတစ်ထောင် ရှိနိုင်ပြီး ကက်သလစ်ခရစ်ယာန် ဘာသာဝင်ဦးရေသည် ၂၁ သန်း ခန့်ရှိနိုင်ကြောင်း၊ ထို့ကြောင့် ခရစ်ယာန်ဘာသာသည် တရုတ်နိုင်ငံတွင်မူ နှစ်စဉ်ကြီးထွား လာနေ ကြောင်းကိုမူ မည်သူမျှ မငြင်းနိုင်သောအချက် ပင် ဖြစ်ပေသည်။ ၀၀၇ ဂျိုးဇက်

1598  Views
Previous: ဂလိုရီးယားသတင်းဂျာနယ်၏ပရိသတ်များအတွက် ကံစမ်းမဲဖွဲ့ပွင်ပြုလုပ်မည်
Next: ရဟန်းမင်းကြီးက ဆရာတော်ကြီးချားလ်စ်ဘိုအား ကာဒီနယ်လ် Cardinal အဖြစ်တင်မြောက်တော်မူ