Persons of The Year 2014 ၂၀၁၄ ခုနှစ်၏ အထူးခြားဆုံးပုဂ္ဂိုလ်များ

001-b

ဂလိုရီယားသတင်းဂျာနယ်အဖွဲ့သည် ၂၀၁၄ ခုနှစ်အတွက် အထူးခြားဆုံးပုဂိုလ်များအဖြစ် ကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်၊ ဂရုဏာလူမှုရေး အဖွဲ့နှင့်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်တို့ကို ရွေးချယ်လိုက်ပါသည်။

ရွေးချယ်ရသော အကြောင်းရင်းများမှာ-

၁။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် မြန်မာနိုင်ငံသားများ၏လွတ်လပ်စွာပြောဆိုရေးသားခွင့်ဟူသော လူ့အခွင့်အရေးကို ကာကွယ်ပေးသောကြောင့် ယခုကဲ့သို့ ရွေးချယ်ရခြင်း ဖြစ်သည်။ ဆရာတော်နှစ်ပါးတို့က ဂလိုရီးယား သတင်းဂျာနယ်ကို မြန်မာနိုင်ငံကက်သ လစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ တရားဝင်ပိတ်ပင်ရန် ၂၀၁၄ ခုနှစ် ဇွန်လတွင် ပြုလုပ်သော မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ မျက်နှာစုံအစည်းအဝေးတွင် အဆိုတင်သွင်း ဆွေးနွေးခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ၎င်းဆရာတော်နှစ်ပါးတို့၏ အဆိုတင်သွင်း တင်ပြမှုကို ပယ်ချပြီး ဂလိုရီးယားသတင်းဂျာနယ်ကို မပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင် ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်အား ကက်သလစ်ဘာသာဝင်များ၏ လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို ကာကွယ်ပေးခြင်းကြောင့် ၂၀၁၄ ခုနှစ်၏ အထူးခြားဆုံးသော အဖွဲ့အစည်းအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

 

၂။ ဂရုဏာလူမှုရေးအဖွဲ့အစည်းသည် မြန်မာစစ်တပ်နှင့်ကချင်လက်နက်ကိုင်အဖွဲ့များကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးဒုကသည်များ ၏ လိုအပ်ချက်များကို အခက်အခဲများစွာထဲက သတိရှိစွာဖြင့် ကူညီထောက်ပံ့နေခြင်းကြောင့် မြစ်ကြီးနား ကက်သလစ်သာသနာလက်အောက်ရှိ ဂရုဏာလူမှုရေးအဖွဲ့အစည်း Karuna Myitkyina Social Services ဗန်းမော်ကက်သလစ်သာ သနာလက်အောက်ရှိ ဂရုဏာ လူမှုရေးအဖွဲ့ အစည်း Karuna Bamaw Social Services လားရှိုးကက်သလစ်သာသနာလက်အောက်ရှိ ဂရုဏာလူမှုရေး အဖွဲ့အစည်း Karuna Lashio Social Services နှင့် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်လက်အောက်ရှိ ဂရုဏာလူမှုရေးအဖွဲ့ အစည်း Karuna Myanmar  Social Services တို့အား ၂၀၁၄ ခုနှစ်၏ အထူးခြားဆုံးသော အဖွဲ့အစည်းအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

 

၃။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ၁၉၆၀ ခုနှစ်မှ စတင်ပြီး ကျော် ရန်သူအဖြစ် တည်ရှိနေခဲ့ကြသော အမေရိကန် နိုင်ငံ နှင့်ကျူးဘားနိုင်ငံ တို့အား ရန်သူအဖြစ်မှ မိတ်ဆွေနိုင်ငံများအဖြစ်သို့ ရောက်ရှိရန် မိမိ၏ဗာတီကန်နန်းတော်တွင် နှစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများအား တွေ့ဆုံစေသော လူသူမသိသောသံတမန်လမ်း ကြောင်းဖြင့် ကူညီပေးခဲ့ခြင်းကြောင့် ၎င်းနှစ်နိုင်ငံတို့ သည် သံတမန်ဆက်ဆံရေးကို ပြန်လည်လုပ်ဆောင်ကြ မည်ဖြစ်ကြောင်းဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားနှင့်ကျူးဘားသမ္မတ ရော်ကက်စရိုတို့က ပြိုင်တူကြေညာခဲ့ကြသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံနှင့်ကျူးဘားနိုင်ငံတို့အချင်းချင်း ပြန်လည်ဆက်ဆံနိုင်ရန် လုပ်ဆောင်ပေးတော်မူသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင် သူမြတ်အား ၂၀၁၄ ခုနှစ်၏ အထူးခြားဆုံးသော အဖွဲ့အစည်းအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။ ၀၀၁ အယ်ဒီတာချုပ်

1577  Views
Previous: မြန်မာပြည်ကက်သလစ်သာသနာတော်တွင် ပြင်းပြသောသာသနာပြုလိုစိတ်များ ဆိတ်သုဉ်းနေပြီလား
Next: ကလေးမမွေးနိုင်တော့သည့်အဖွားအိုပမာ မနေထိုင်သင့်ကြောင်းဖြင့် ဥရောပသမဂ္ဂအဖွဲ့အားရဟန်းမင်းကြီးက တိုက်တွန်းတော်မူ