ဂျာကာတာမြို့တော်ကက်သလစ်ဆရာတော်ကြီးက အင်ဒိုနီးရှားသမ္မတသစ်၏ သေဒဏ်ပေးမူဝါဒကို ဝေဖန်လိုက်ပြီ

008-b

အင်ဒိုနီးရှားနိုင်ငံမှ မြို့တော်ဂျာကာတာကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး အီနေစီအူးစ် ဆူဟာရိုက မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားသူများ အား သေဒဏ်ပေးသောမူဝါဒကို ချမှတ်သော အင်ဒိုနီးရှားသမ္မတသစ် ဂျိုကိုဝီဒိုဒို ၏ မူဝါဒအား မည်သူမျှ လူတစ်ဦးအသက်ကို သတ်ပိုင်ခွင့်မရှိဟု ကာကွယ်ရင်း ဒီဇင်ဘာလာ ၂၇ ရက်နေ့က ဝေဖန်လိုက်ပြီဖြစ်သည်။

ဆရာတော်ကြီးက ““ဘယ်သူကမျှ တခြားလူတစ်ဦးရဲ့အသက်ကို သတ်ဖြတ်ပိုင် ခွင့် မရှိဘူး။ ကက်သလစ်သာသနာတော်ရဲ့ သွန်သင်ချက်က သေဒါဏ်ပေး တဲ့မူဝါဒကို ဆန့်ကျင်ပါတယ်”” ဟု မိန့်ကြားတော်မူလိုက်သည်။ အင်ဒိုနီး ရှားနိုင်ငံ၏ဥပဒေသည် မူးယစ်ဆေးဝါးရောင်းသူများ၊ အကြမ်းဖက်သမားများ၊ ဓါးမြအမှု၊ နိုင်ငံတော်အား အကြည်ညိုပျက်အောင်ပြုခြင်း၊ လူသတ်ခြင်း စသော ပြစ်မှုများကို သေဒါဏ်ပေးခွင့်ပြု ထားသည်။

အင်ဒိုနီးရှားလူ့အခွင့်အရေးလှုပ်ရှားသူများက သမ္မတသစ် ဂျိုကို သည် သေ ဒါဏ်ပေးသည့်ဥပဒေကို ပြန်ပြင်မည်ဟု မျှော်လင့်ထားကြသည်။ သို့သော် သမ္မတသည် ကာဂျာမာဒါတကသိုလ်တွင် မိန့်ခွန်းပြောကြားရာတွင် အစိုးရဟောင်း၏သေဒါဏ်ပေးသည့်ဥပဒေကို ဆက်လက်ကျင့် သုံးသွားမည် ဟု ပြောကြားလိုက်သည်။ ဆက်လက်ပြီး သမ္မတက အင်ဒိုနီးရှားနိုင်ငံမှာ တစ်ရက်လျှင် ဘိန်းသုံးစွဲသူ အယောက် ၄၀ မှ ၅၀ အထိ နေ့စဉ်သေ ဆုံးနေကြောင်း၊ ဒါကြောင့်မို့ အစိုးရအနေဖြင့် သည်းမခံသောမူဝါဒကို ဆက်လက်ကျင့်သုံးမည်ဟု ကြေညာလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော သမ္မတ၏ ကြေညာချက်ကို အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးသော အစလာမ်အဖွဲ့ အစည်းက ထောက်ခံလိုက်သည်။ ၎င်းမူစလင်အဖွဲ့အစည်းမှ ဥကဌဖြစ်သူ စာအိအာကီလ် စီရတ်က ဘိန်းရောင်းသူတွေ၊ ဘိန်းထုတ်လုပ်သူတွေ ကို သေ ဒါဏ်ပေးတာကို မိမိတို့ထောက်ခံကြောင်း၊ သို့သော် ဘိန်းသုံးစွဲသူများ ကို သေဒါဏ်ပေးခြင်းကိုမူ ဆန့်ကျင်ကြောင်းဖြင့် ပြောဆိုလိုက်သည်။

ဆရာတော်ကြီး အီနေစီအူးစ် ဆူဟာရိုကမူ ထိုကဲ့သို့သော သေဒါဏ်ပေးခြင်း သည် ကိုယ်ကျင့်တရားဆိုင်ရာတွင် မှားယွင်းနေပြီး သေဒါဏ်၏ ရလဒ်ကို ခိုင်လုံသောအထောက်အထားက ဟန့်တားနိုင်မည်မ ဟုတ်ကြောင်း၊ သေ ဒါဏ်ပေးခြင်းသည် လူတစ်ဦးကို ဟန့်တားနိုင်မည် ဟူသော သီအိုရီသည် လက်တွေ့တွင် မထိရောက်ကြောင်း၊ ထို့ကြောင့် သေဒါဏ်သည် တရားမျှ တခြင်းကို လုံးဝမဖော်ထုတ်နိုင်ကြောင်း ဖြင့် ဝေဖန်တော်မူလိုက်သည်။ အင်ဒိုနီး ရှားနိုင်ငံ၏ တရားရုံးစာရင်းဇယားများအရ၊ သေဒါဏ်ပေးခြင်းကို ရင်ဆိုင်ရန် တရားခံအဖြစ် ဖမ်းဆီးခံရသူမှာ ၁၃၆ ဦးရှိပြီး ၎င်းတို့ထဲမှ ၆၄ ဦးသည် ဘိန်းရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။ ၀၀၄

1726  Views
Previous: ဗာတီကန်နှင့်အမေရိကန်နိုင်ငံရှိကက်သလစ်သီလရှင်များအကြား ဆွေးနွေးခြင်းကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီ
Next: မြန်မာပြည်ကက်သလစ်သာသနာတော်အတွက် ဆရာတော်ချားလ်စ်ဘို မိန့်ကြားတော်မူသော အနာဂါတ်တွင် စောင့်ကြိုနေသော အခွင့်အရေးများနှင့်စိန်ခေါ်မှုများ