ဘုန်းတော်ကြီး စီပရီယမ်အောင်ဝင်းအား စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်ကျောင်းအုပ်အဖြစ် ခန့်အပ်လိုက်တော်မူ

011-b

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်သည် မန္တလေးကက်သလစ် သာသနာမှ ဘုန်းတော်ကြီး စီပရီယမ်အောင်ဝင်းအား  စိန်ဂျိုးဇက်ရဟန်းဖြစ် တက္ကသိုလ်ကျောင်းအုပ်အဖြစ် ခန့်အပ်တော်မူလိုက်သည်ဟု သတင်းရရှိသည်။။ ထိုသို့ခန့်အပ်ခြင်းသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ – ၁၀ ရက်နေ့အထိ ရန်ကုန်မြို့တွင် ပြုလုပ်သော မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်၏ နှစ်ပတ်လည်မျက်နှာစုံညီလာခံမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဘုန်းတော်ကြီး စီပရီယမ်အောင်ဝင်းသည် ရန်ကုန် ကက်သလစ်ဆရာတော်ကြီး ၏လက်ထောက်ဆရာတော်အဖြစ် ရွေးချယ်ခန့် အပ်ခြင်းခံရတော်မူသော လက် ရှိကျောင်းအုပ်ဘုန်းတော်ကြီး ဂျွန်စောယောဟန်၏နေရာတွင် အစားထိုးခန့် အပ်ခြင်းဖြစ်ကာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ဖြစ်သော မေလ ၁၆ ရက်နေ့မှစ တင်ပြီး ၎င်းတာဝန်ကို စတင်ထမ်းဆောင်မည် ဖြစ်သည်။ ဘုန်းတော်ကြီး စီပရီယမ်အောင်ဝင်းသည် ယခင်ကလည်း ၎င်းတက္ကသိုလ်တွင် စာချဘုန်းတော် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး သူသည် အီတလီနိုင်ငံမှ ကိုယ်ကျင့် တရားဆိုင်ရာ ဘာသာရပ်ဖြင့် မဟာဝိဇာဘွဲကို ဆွတ်ခူးခဲ့သူ ဖြစ်သည်။

ထို့အပြင် လွိုင်ကော်မြိုကွင် ဖွင့်လှစ်မည့် ရဟန်းဖြစ် တက္ကသိုလ်၏ ကျောင်းအုပ် အဖြစ် စိန်ဂျိုးဇက်ရဟန်းဖြစ် တက္ကသိုလ်၏ ကျောင်းအုပ်ဟောင်းဖြစ်ခဲ့သော ဘုန်းတော်ကြီး ရီကာရ်ဒိုအား ကျောင်းအုပ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ – ၁၀ ရက်နေ့အထိ ရန်ကုန်မြို့တွင် ပြုလုပ်သော မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွ့ဲချုပ်၏ နှစ်ပတ်လည်မျက်နှာစုံညီလာခံမှ ခန့်အပ်ခဲ့ သည်ဟု သတင်းရရှိသည်။ အယ်ဒီတာချုပ်

1606  Views
Previous: ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီးများ ယဉ်ကျေးမှု ဖလှယ်ပွဲကို တောင်ကိုရီးယားနိုင်ငံတွင် အတူတကွကျင်းပပြုလုပ်
Next: သူတော်စင်များထံသို့ပေးစာ