ကမ္ဘာ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် သန်းပေါင်း ၁၂၃၀ (တစ်ထောင့်နှစ်ရာသုံးဆယ်) ရှိပြီဟု ဗာတီကန်က ထုတ်ပြန်

008-b

ကမ္ဘာ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် ၂၀၁၂ ခုနှစ် ကုန်ဆုံး သည့်အချိန်တွင် သန်းပေါင်း ၁၂၃၀ (တစ်ထောင့်နှစ်ရာ သုံးဆယ်) ရောက်ရှိနေ ပြီဟု ဗာတီကန်စာရင်းအင်းဌာနက ဇန်နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက် သည်။ ၎င်းထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်ဘာသာ ဝင်ဦးရေတိုးတက်နှုန်းသည် တနှစ်လျှင် သိန်းတစ်ထောင့်ငါးရာကျော်ရှိ သည်ဟု လည်း ဆက်လက် ဖော်ပြထားသည်။ ကက်သလစ်ဘာသာဝင်ဦးရေ တိုးတက်မှု ကို တိုက်ကြီးလေးခုကိုအခြေခံပြီး ဖော်ပြရာ တွင် အမေရိကနှင့်အာဖရိကတိုက် တွင် တိုးတက်မှုအမြင့်ဆုံး ဖြစ်သော်လည်း အာရှတိုက်၊ ဥရောပတိုက်နှင့်ပင် လယ်ကျွန်းနိုင်ငံ များတွင်လည်း တိုးတက်လာကြောင်း သိရှိရသည်။

ယခုကဲ့သို့သော တိုးတက်နေသည့် ၂၀၁၂ ခုနှစ်၏ကက်သလစ်ခရစ်ယာန် ဘာသာဝင်ဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၁၇.၄၉% ကို ကိုယ်စားပြုနေပြီး ဖြစ် သည်။ ၂၀၁၁ ခုနှစ်၏ ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် ကမ္ဘာ့လူဦးရေ၏ ဝ.၀၁% ကိုသာ ကိုယ်စားပြုခဲ့သည်။ တကမ္ဘာလုံးရှိ ကက်သလစ်ရဟန်းစာရင်းသည် ၄၁၄၃၁၃ ရှိသော်လည်း ဥရောပတိုက်တွင်မူ ရဟန်းဦးရေသည် ၁၃၇၅ ကျဆင်းခဲ့သည်။ တကမ္ဘာလုံးရှိကက်သလစ်အမျိုး သမီးသူတော်စင် (သီလရှင်) များ၏စာရင်းသည် ၇၀၂၅၂၉ ပါး ရှိသည်။

တကမ္ဘာလုံးတွင် ကက်သလစ်သာသနာတော်က ဖွင့်လှစ်ထားသော မူကြိုကျောင်းမှာ ၇၁၁၈၈ ခု၊ မူလတန်းကျောင်းမှာ ၉၅၂၄၆၊ အထက် တန်းနှင့်ကောလိပ်ကျောင်းပေါင်းမှာ၄၃၇၈၃ နှင့်လူမှုရေးကူညီထောက်ပံ့ပေးနေသည့်ဌာနနှင့်ကျန်းမာရေးဆေးရုံး ဆေးခန်းပေါင်းမှာ ၁၁၅၃၅၂ ရှိသည်ဟု ၎င်းဗာတီကန်စာရင်းအင်းဌာနမှ သိရှိရသည်။၀၀၂ ဝင်းလှိုင်ဦး

1380  Views
Previous: အမှန်တရား၏ဖက်တော်သားများ ဖြစ်ကြရန် ကာဒီနယ်ဆရာတော်သစ်များကို ရဟန်းမင်းကြီးက မိန့်ကြားတော်မူ
Next: ဗာတီကန်၏ဗဟိုချုပ်ကိုင်ခြင်းစနစ်မှ နိုင်ငံအခြေစိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ လုပ်ပိုင်ခွင့်ပိုမိုပေးရန် ပြင်ဆင်နေ