ရိုးသားစွာဖြင့် စစ်မှန်သောငြိမ်းချမ်းရေးကို ယူကရိန်းနိုင်ငံတွင် ရရှိရန်လုပ်ဆောင်သင့်ကြောင်း ရဟန်းမင်းကြီးဖရန်စစ်က ရုရှားနိုင်ငံသမ်္မတပူတင်အား တိုက်တွန်းတော်မူ

006s

ဗာတီကန်၊ ဇွန်လ ၁၂ CNS

ရဟန်းမင်းကြီးဖရန်စစ်က ရိုးသားစွာဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ကို ယူကရိန်းနိုင်ငံတွင် ရရှိရန် လုပ်ဆောင်သင့်ကြောင်း ရုရှားသမ်္မတ ပူတင်အား ဇွန်လ ၁၂ ရက်နေ့က တိုက်တွန်းတော်မူလိုက်သည်။ ပူတင်သည် ရဟန်းမင်းကြီးအား လာရောက် ဖူးမျှော် တွေ့ဆုံရာတွင် ၄၅ မီနစ် နောက်ကျပြီးမှ ရောက်ရှိလာပြီး၊ မိနစ် (၅၀) ခန့် ရဟန်းမင်းကြီးနှင့် သီးသန့် တွေဆုံခဲ့ကြပြီးမှ သူ၏နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေလာရိုဖ်အပါအဝင် တခြားဝန်ကြီးများအဖွဲ့ကို ရဟန်း မင်းကြီးအား မိတ်ဆက်ပေးလိုက် သည်။
ရဟန်းမင်းကြီး ဖရန်စစ်၏ ရုရှားသမ်္မတပူတင်နှင့် တွေ့ဆုံခြင်းသည် ယူကရိန်းနိုင်ငံနှင့် အရှေ့အလယ်ပိုင်း တွင် ငြိမ်းချမ်းရေးရရှိရေး အဓိက ဦးစားပေး ဆွေးနွေးသော တွေ့ဆုံပွဲ ဖြစ်သည်ဟု ဗာတီကန်ပြောခွင့်ရ ဘုန်းတော်ကြီး လွမ်ဘာဒီက သတင်း ထောက်များအား မိန့်ကြားတော်မူသည်။  ၎င်းဘုန်း တော်ကြီးက “အရှင်သူမြတ်ရဟန်းမင်းကြီးသည် ရိုးသားစစ်မှန်ပြီး အားထုတ်ကာ ငြိမ်းချမ်းရေးကို ရရှိအောင် တကယ်လုပ်ဆောင်ကြရန်လိုအပ် ကြောင်း နှင့် နှစ်ဖက်တွေ့ဆုံပြောဆို နိုင်သောဝန်းကျင်ကို ဖန်တီးထားသည့် သဘောတူ ညီချက်ကို နှစ်ဖက်စလုံး က အမှန်တကယ်လိုက်နာရန် လိုအပ် ပြီး အပစ်အခတ်များကို ရပ်စဲရန် လုပ်ဆောင်ရမည်ကြောင်း၊ ယူကရိန်း နိုင်ငံအရှေ့ပိုင်းတွင် အရေးတကြီး လိုအပ်နေသော လူသားချင်းစာနာမှု အကူအညီများကို မြန်မြန်ရောက်ရှိ နိုင်ရေးတို့ကို လုပ်ဆောင်ရန် လိုအပ် ကြောင်း” ဖြင့် ရုရှားသမ်္မတပူတင်အား မိန့်ကြားသည်ဟု ထုတ်ပြန်ထား ပါသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ရုရှားသမ်္မတပူတင်နှင့်တွေ့ဆုံပြီး နောက် မိမိရေးသားထုတ်ပြန်ထားသော စာချွန်တော် “ဧဝံဂေလိတရားတော်၏ ဝမ်းမြောက် ရွှင်လန်းခြင်း” ဟူသောစာချွန်တော်နှင့် ငြိမ်းချမ်းခြင်း သိကြားမင်းရုပ်ပုံပါသော ရွှေရောင် ဆွဲပြားတစ်ခုတို့ကို ပူတင်အား လက်ဆောင်ပေးကမ်းတော်မူသည်။ ရုရှားသမ်္မတပူတင်ကလည်း ရဟန်း မင်းကြီးအား ဆိုဗီယက်ယူနီယမ် ခေတ်က ဖျက်ဆီးခံရပြီး ပြန်လည် တည်ဆောက်ထားသော မော်စကို မြို့တော်ရှိ ခရစ်တော်ယေဇူးဘုရား၏ ကာဒီဒြယ်ဘုရားကျောင်းတော်ကြီး ပုံကားချပ်တစ်ခုကို ပေးကမ်းခဲ့သည်။ သို့သော်သူတို့နှစ်ဦးသည် မည်ကဲ့သို့ သောအကြောင်းအရာများကို ဆွေးနွေးခဲ့သည် ကိုမူ နှစ်ဖက်စလုံးက တရားထုတ်ပြန်ထားခြင်း မရှိပေ။
ထို့ကြောင့် ယူကရိန်းနိုင်ငံမှ ကက်သလစ်သာသနာပိုင်ချုပ် ဆရာ တော်ကြီး ရှဲဖ်ချွတ်က၊ မိမိအနေဖြင့် ယူကရိန်းပြည်သူများအားလုံး ငြိမ်းချမ်းစွာနေထိုင် နိုင်ရေးအတွက် ယခုစစ်ပွဲကို ရပ်ဆိုင်းရန် ရုရှားသမ်္မတပူတင်အား တိုက်တွန်းပေးရန် ရဟန်းမင်းကြီးကို တောင်းဆိုထားသည့်စာတစ်စောင် ကို ဇွန်လ ၉ ရက်နေ့က ပေးပို့ထားပြီး ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီး တစ်ပါးကသာလျှင် ရုရှားသမ်္မတပူတင်ကို စစ်ရပ်ဆိုင်းရန် စည်းရုံးနိုင်မည်ဟု ယုံကြည်ကြောင်း ဖြင့် မိန့်ကြားတော်မူလိုက်သည်။
ဗာတီကန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ကဲင်းဟက်ကက်ကလည်း ယခုကံသို့ ရုရှားသမ်္မတပူတင်ကို သီးသန့်တွေ့ဆုံ နိုင် ခြင်းအားဖြင့် ရဟန်းမင်းကြီးက မိမိ၏ယူကရိန်းနိုင်ငံအပေါ် စိုးရိမ်မှုကို မိန့်ကြားနိုင်မည်ဟု ယုံကြည်ကြောင်း ဖြင့် သတင်းထုတ်ပြန် ထားသည်။
ရုရှားသမ်္မတပူတင်သည် ၂၀၁၄ ခုနှစ် မတ်လမှစတင်ပြီး ယူကရိန်းနိုင်ငံ၏အစိတ်အပိုင်း တစ်ခု ဖြစ်သော ခရိုင်မီယာဒေသကို ရုရှား နိုင်ငံထဲသို့ ထည့်သွင်းလိုက်ပြီး ခရိုင်မီးယားခွဲထွက်ရေးသူပုန်များအား လက်နက်ကူညီတပ်ဆင်ပေးသည့်အပြင် ရုရှားနိုင်ငံမှ စစ်တပ်များကိုလည်း စေလွှတ်ပြီး ယူကရိန်းစစ်တပ်အား တိုက်ခိုက်စေခဲ့သည်ဟု အမေရိကန် အစိုးရနှင့်အနောက်နိုင်ငံအစိုးရများက စွပ်စွဲပြောဆိုကြသည်။ ၎င်းင်းစွပ်စွဲချက် ရုရှားသမ်္မတပူတင်က အမြဲတမ်း ငြင်းဆိုနေသည်။
ယူကရိန်းနိုင်ငံ၏ လက်ရှိ စစ်ပွဲတွင် ပြည်သူပေါင်း ၆၄၁၇ သေဆုံးခဲ့ကြပြီး လူဦးရေပေါင်း ၁၅၉၆၂ သည် ထိခိုက်ဒါဏ်ရာရရှိ သူများ ဖြစ်ကြသည်ဟု သိရှိရသည်။ ရုရှားသမ်္မတပူတင်၏ ယူကရိန်းနိုင်ငံ ထဲတွင် အကြမ်းဖက်တိုက်ခိုက်မှု အပေါ် ၁၉၉၈ ခုနှစ်က စတင် ထူထောင်ခဲ့သော ဂျီ၊ ၇ ဟု နာမည်တွင် သော စက်မှုနိုင်ငံ (အမေရိကန်၊ အီတလီ၊ ဂျာမနီ၊ ကာနေဒါ၊ ပြင်သစ်၊ ဂျပန်၊ အင်္ဂလန်နိုင်ငံ) များက ရုရှားသမ်္မတ ပူတင်အား ၎င်းတို့အဖွဲ့မှ ဖယ်ထုတ် လိုက်သည်။

ဝင်းလှိုင်ဦး

1121  Views
Previous: စိန်ပေါလ်သာသနာပြုအသင်းဂိုဏ်းမှ ရဟန်းများနှင့်ကိုရင်များက အသင်းဂိုဏ်း၏ (၂၅) နှစ်မြောက် ဂျူဗလီပွဲတော် ကျင်းပ သာသနာပြုရာတွင် ယုံကြည်ခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်ဟု ဆရာတော်မန်းဆိန်းဟှီ မိန့်ကြား
Next: ဗာတီကန်က ဘောစ်နီယားနှင့် ဟာဇေကိုဗီနီယားနိုင်ငံက မယ်တော်သခင်မ၏ တန်ခိုးတော်ကို အသိအမှတ် မပြုကြောင်း ထုတ်ပြန်