ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က အသက်တော် (၇၂) နှစ်ရှိ၊ ဆရာတော်ကြီး နီကော်လပ်စ်မန်းထန်အား မန္တလေးကက်သလစ်ဂိုဏ်းခုျပ်ဆရာတော်ကြီးအဖြစ်သို့ ခန့်အပ်တော်မူခြင်း

Bp-NicollusL
ဗာတီကန်၊ ဧပြီလ ၃။

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ပူးတွဲမန္တလေးကက်သလစ်ဂိုဏ်းခုျပ်ဆရာတော်ကြီး နီးကော်လပ်စ် မန်းထန်အား မန္တလေး ကက်သလစ်ဂိုဏ်းခုျပ်ဆရာတော်ကြီးအဖြစ်သို့ ဧပြီလ ၃၊ ၂ဝ၁၄ ခုနှစ် နေ့စွဲဖြင့် ခန့်အပ်တော် မူလိုက်ပြီ ဖြစ်သည်။ ၁၉၉၃ ခုနှစ်မှ စတင်ပြီး နှစ်ပေါင်း (၂ဝ) ကျော်အထိ ဟားခါးကက်သလစ်သာသနာပိုင်ဆရာတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သော ဆရာတော်ကြီး နီးကော်လပ်စ်မန်းထန်သည် (၂ဝ၁၃) ခုနှစ်မှစတင်ပြီး မန္တလေးကက်သလစ် ဂိုဏ်းခုျပ် ဆရာတော်ကြီး ပေါလ်ဇိန်ထုံးဂရောင်၏ အရိုက်အရာကို တရားဝင်ဆက်ခံခွင့်ရှိသော ဘွဲ့နာမဖြင့် ရဟန်းမင်းကြီး၏ ခန့်အပ်ခြင်းကို ခံရတော်မူခဲ့သည်။

မန္တလေးကက်သလစ်ဂိုဏ်းခုျပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုံးဂရောင်သည် အသက်တော် (၇၅) နှစ်ပြည့်ပြီဖြစ်ရာ ကက်သလစ်သာသနာ တော်၏ ကာနွန်ဥပဒေအရ ဆရာတော်ကြီး၏တာဝန်များမှ အနားယူရန် ရဟန်းမင်းကြီးထံတော် သို့ လျှောက်လွှာတင်ရာ ဆရာတော်ကြီး၏ လျှောက်လွှာကို ရဟန်းမင်းကြီးရုံးမှ တရားဝင် လက်ခံပြီး အနားယူခွင့် ကို ပြုလိုက်ခြင်း ဖြစ်ပေသည်။

မန္တလေးကက်သလစ်ဂိုဏ်းခုျပ်ဆရာတော်ကြီး နီးကော်လပ်စ်မန်းထန်၏ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ဝန်းကျင်က လုပ်ဆောင်ခဲ့သောလုပ်ငန်း များကို တစေ့တစောင်းသုံးသပ်ရသော်၊ ဆရာတော်ကြီးသည် ဟားခါးကက်သလစ်သာသနာအတွင်း

၁။ ဝတ်ပြုကိုးကွယ်ခြင်းကို ပိုပြီးကောင်းမွန်ရန် ပြုပြင်ခြင်း
၂။စိန်ထရေဇားရဟန်းသီလရှင်ဂိုဏ်းများကို ထူထောင်ပြီး ချင်းပြည်နယ်တစ်ဝှမ်းတွင် သီလရှင်ကျောင်းများကိုများစွာဖွင့်လှစ်ပေးခဲ့ခြင်း၊
၃။ ခေတ်မှီစိုက်ပိုျးရေးနည်းပညာများကို ချင်းပြည်နယ်ရှိတောင်သူများထံ ပညာပေးခြင်းနှင့် ဖြန့်ချီပေးခဲ့ခြင်း၊
၄။ ချောင်းခွကျွေးရွာတွင် စိုက်ပိုျးရေးဆိုင်ရာ သင်တန်းကျောင်းတစ်ခုကို ထူထောင်ထားခြင်း
၅။ ကျေးလက်ဒေသဖွံ့ဖြိုးရေးများကို အားသွန်ခွန်စိုက်လုပ်ကိုင်ခဲ့ခြင်း
၆။ သာသနာ့ဓမညီလာခံကို ကျင်းပခေါ်ယူခြင်း
၇။ ရဟန်းတော်များကို နိုင်ငံခြားသို့ ပညာတော်သင် များများစေလွှတ်ခဲ့ခြင်း စသောလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

အထက်ဖော်ပြပါ လုပ်ငန်းတခိုျ့ပေါ်တွင်မူတည်ပြီး ဆရာတော်ကြီး နီကော်လပ်စ်မန်းထန်သည် မန္တလေးကက်သလစ် သာသနာတော်တွင် လည်း ဝတ်ပြုကိုးကွယ်ခြင်းကို ပထမဦးဆုံး ပြုပြင်မည်ဟု ယူဆရပါသည်။

                                                                                                                                                                                    ကုန်ဇမှုန်း

1668  Views
Previous: ငြိမ်းချမ်းရေးမှာ မိမိကျွမ်းကျင်လို့ မဟုတ်ဘဲ၊ ကယားပြည်နယ် ရှိပြည်သူတွေ ရဲ့ စစ်ပွဲဒဏ်တွေ ခံစားနေရ မှုတွေကို လျှော့နည်း စေချင်တဲ့ ရည်ရွယ်ချက် ကြောင့် စစ်အစိုးရ လက်ထဲက စစ်ထောက် လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့လက်တွဲ ခဲ့ရခြင်း ဖြစ်ကြောင်း ဆရာတော်ကြီး ဆိုတေးရိုက မိန့်ကြား တော်မူ
Next: အာပိုလို (၁၄) က လကမ္ဘာသို့ ယူဆောင်သွားသော သမ္မာကျမ်းစာအုပ်ဓါတ်ပြားကို ဗာတီကန်စာကြည့်တိုက်က ထုတ်ဖော်လိုက်ခြင်း