အမေရိကန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုနှုန်း ကျဆင်းလာသည်ဟု လူ့အသက်ကိုကာကွယ်သည့် အဖွဲ့အစည်းတစ်ခုက ပြောဆို

ဝါရှင်တန်၊ ဇွန်လ ၁၁ CNA/WETN News
အမေရိကန်နိုင်ငံတွင် ၂၀၁၀ ခုနှစ်ကစတင်ပြီး ကိုယ်ဝန် ဖျက်ချမှု နှုန်း (၁၂%) အထိ ကျဆင်း လာသည်ဟု လူ့အသက်ကိုကာကွယ် သည့်အဖွဲ့အစည်းတစ်ခုက ဇွန်လ ၁၁ ရက်နေ့က ပြောဆိုလိုက်သည်။ ထိုကဲ့သို့သော ကိုယ်ဝန်ဖျက်ချမှုနှုန်း ကျဆင်းလာခြင်းသည် မျိုးဆက်သစ် လူငယ်များ၏ စိတ်သဘောထားများ ပြောင်းလဲမှုကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။
လူ့အသက်ကိုကာကွယ် သည့်အဖွဲ့အစည်းဥက်္ကဌဖြစ်သူ ခရစ်စတင်းနား ဟော်ကင်းက ““စစ်တမ်းကောက်ယူချက်အရ ပြောရရင်တော့ လူတွေရဲ့စိတ် သဘောထားတွေက ပြောင်းလဲ နေတာကို တွေ့နေရတယ်။ ကိုယ်ဝန် ဖျက်ချတာကို လူတွေက မျိုးစုံ ဆွေးနွေး ပြောဆိုနေကြပါတယ်။ ဒီလိုမျိုးကိုယ်ဝန်ဖျက်ချမှု ကျဆင်း တာဟာ လူငယ်တွေအကြားထဲမှာ အပျော်အပါးလိင်ဆက်ဆံမှုကို ရှောင် ကြည်လာကြခြင်း၊ သနေ်္ဓတားဆေး များကို ပိုမိုသုံးစွဲလာခြင်း၊ လူတွေက ကလေးတွေကို ပိုပြီးမွေးလိုတဲ့စိတ် ဆန်္ဒတွေ ပြင်းပြလာခြင်းကြောင့် ဖြစ်ပါတယ်”” ဟု သူမက မှတ်ချက် ပြုသည်။
အမေရိက၏လူ့အသက် အတွက်ကျောင်းသားများဟူသော အဖွဲ့သည် ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သောလှုပ်ရှားမှု၊ ပညာပေးမှု များကို အမေရိကန်နိုင်ငံတစ်ခုလုံးတွင် တက်္ကသိုလ် (၂၇) ခုတွင် လိုက်လံပြုလုပ် ရာတွင် မိခင်လောင်း၏ဝမ်းဗိုက် ထဲတွင် ရှိနေသော သနေ်္ဓတားသည် လူ့အခွင့်အရေးကို မရသင့်ဘူးလား ဟူသော ပညာပေးမှုကို တက်္ကသိုလ် ကျောင်းသူ/သားများအကြားတွင် ပြုလုပ်ခဲ့သည်။ ထိုသို့ပညာပေး လုပ်ငန်းများကိုပြုလုပ်ရာတွင် ကျောင်းသားများသည် ခေတ်မီ ကွန်ပျူတာ မှန်ပြောင်းနည်းပညာ များကိုအသုံးပြုပြီး မိခင်၏ဝမ်းဗိုက် ထဲတွင် လှုပ်ရှားနေသော ရင်သွေး ငယ်၏ပုံများကို ကွန်ပြုတာမှန်ပြောင်း (အလ်ထရာဆောင်း)ဖြင့် လက်တွေ့ စမ်းသပ်ခဲ့ကြပြီး လူ့အသက်သည် မိခင်၏ဝမ်းဗိုက်ထဲတွင်ပင် စတင် နေပြီဟူသော မှန်ကန်သောအတွေး ကို တက်္ကသိုလ် ကျောင်းသူ/သား များက ရရှိနိုင်ခဲ့ကြသည်ဟု ဟော်ကင်းက ပြောသည်။
ခရစ်စတင်းနာဟော်ကင်း က ယခုခေတ်အမေရိကန်အမျိုးသမီး များသည် မိခင်ဖြစ်ချင်သော စိတ်ဆန်္ဒများ ပြင်းထန်နေကြသည်ကို လေ့လာတွေ့ရှိရသောကြောင့် ကိုယ်ဝန်ဖျက်ချခြင်းသည် လျှော့နည်း လာခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆို လိုက်သည်။

ကုန်ဇမှုန်း

1492  Views
Previous: မိဘများသည် ကက်သလစ်သာသနာတော်၏ လက်ထပ်ခြင်းဆိုင်ရာသွန်သင်ချက်ကို လက်တွေ့ကျင့်ကြံခြင်းဖြင့် သားသမီးများထံ လက်ဆင့်ကမ်းသူများ ဖြစ်ကြ
Next: ဗာတီကန်နိုင်ငံ (ကက်သလစ်သာသနာတော်၏ ဗဟိုဌာနချုပ်) ၏ ၂၀၁၄ ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ရှိလာ