သားသမီးများအား မေတ္တာဆိုဆုတောင်းနည်းကို သင်ကြားပေးရန် ရဟန်းမင်းကြီးက မိဘများအား ဆော်သြတော်မူ

004

သြဂုတ်လ၊ ၂၆၊ ဗာတီကန်

ရဟန်းမင်းကြီးဖရန်စစ်က မိမိတို့၏ သားသမီးအား မည်ကဲ့သို့ ဆုတောင်းမေတ္တာဆိုရမည်ကို သွန်သင်ပေးရန် မိဘများ၌တာဝန်ရှိသည်ဟု သြဂုတ်လ (၂၅) ရက်နေ့က ဆော်သြတော် မူလိုက်သည်။ ရဟန်းမင်းကြီးသည် ဗာတီကန်သို့ ဘုရားဖူးလာရောက်ကြသူများအား လက်ခံတွေ့ ဆုံပြီး ဘုရား စကားကို သင်ကြားပေးရာ၌ သားသမီးများက အဖဘုရားရှင်အားချစ်ကြောင်းကို ဆု တောင်းမေတ်္တာပြုခြင်း အားပြသရန်အတွက် မိဘများ၏ သွန်သင်ပေးမှုသည် လွန်စွာပင်အရေးကြီး သည်ဟု မီးမောင်းထိုးပြတော်လိုက်သည်။

ရဟန်းမင်းကြီးက “ မိဘတွေက မိမိတို့ရဲ့သားသမီးတွေကို ခရစ်တော်ယေဇူးအား၊ မယ်တော်သခင်မအား အနမ်းလေး တစ်ချက်မျှပေးဖို့ သင်ပေးခြင်း ဟာ အင်မတန်မှ သိမ်မွေ့ပြီး နူးညံ့တဲ့ အပြုအမှုဖြစ်ပါတယ်။ အဲဒီနမ်းတဲ့အချိန်လေးမှာ ကလေးငယ်ရဲ့နှလုံးသားဟာ ဆုတောင်း မေတ္တာပြု တဲ့နေရာ အဖြစ်ပြောင်းလဲသွားပြီး ဒီပြောင်းလဲခြင်းဟာ ဝိညာဉ်တော်ဘုရားရဲ့ ဆုကျေးဇူး ဖြစ်လာပါတယ် ” ဟု မှတ်ချက်ပြုတော်မူသည်။

တဖက်တွင်လည်း ရဟန်းမင်းကြီးက “ ဘယ်လိုမေတ်္တာဆိုရမလဲဆိုတဲ့ ဟာလေးတောင် မိဘတွေဆီကနေ သင်ကြားခွင့်မရတဲ့ ကလေး ငယ်တွေဟာ အင်မတန်မှသနားစရာကောင်းပါတယ်။ တချို့ကလေးတွေက ခမည်းတော်သားတော်ဆိုတဲ့ ကရူးစူးအမှတ်အသားတောင် မလုပ်တတ်ကြဘူး။ ဒီလိုမျိုး အမှတ်အသားကို ကလေးတွေကမလုပ်တတ်တာဟာ မိဘနှစ်ပါးကတာဝန်မဲ့နေလို့ပဲ ဖြစ်ပါတယ်။ ကလေးတွေဟာ ပါးပါး၊ မိုးမိုး၊ ဖေဖေ၊ မေမေဟု စပြောတတ်ချိန်ကစပြီး လက်ဝါး ကားတိုင်အမှတ်အသားပြုလုပ်နည်းကို မိဘများက သင်ကြားပေးသင့်ပါပြီ၊ အဲဒီပညာက ကလေးငယ် ၏ ဘဝတစ်ခု လုံးတွင် ကျန်ရစ်ခဲ့မယ် ”ဟု မိဘများအား ဆုံးမတော်မူလိုက်သည်။

ရဟန်းမင်းကြီးက “ ခရစ်ယာန်ဘာသာဝင် ဘယ်နှစ်ဦးက သူတို့မှာ ဆုတောင်းမေတ္တာ လိုအပ်တယ် ဆိုတာကိုသိကြသလဲ၊ ဆုတောင်းဖို့ အချိန်တွေ လည်း မရှိကြဘူး။ တကယ်တော့ လူ့နှလုံးသားက ဆုတောင်းခြင်းကို မသိရင်တောင်မှ ၎င်းဆုတောင်းခြင်းကို လိုအပ်နေပါတယ်၊ ဆုတောင်းခြင်းကို လိုအပ်နေတယ် ဆိုတာကို မမြင်တတ်တဲ့နှလုံးသားထဲမှာ မငြိမ်းချမ်းနိုင်ဘူး။ ဒါကြောင့်မို့ ခရစ်ယာန် ဘာသာဝင်များဟာ ဘုရားသခင်ကိုချစ်သော စိတ်ဖြင့် ဆုတောင်းတတ် ခြင်းပညာကို အစဉ်မွေးမြူထားရန် လိုအပ်နေပါတယ် ” ဟု သွန်သင်ပေးတော်မူသည်။

အရှင်သူမြတ်က “ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်နေကြခြင်းသည် ကောင်းမွန် သော်လည်း မိမိတို့ အခက်အခဲရှိ သည့်အချိန်တွင် အကူအညီရရန်အတွက် ယုံကြည်ရန်နှင့် ကျေးဇူးတင်တတ်ရန် လိုအပ်ကြောင်း ” ဖြင့် တိုက်တွန်းတော်မူလိုက်သည်။ ဂျိုးဇက်

1494  Views
Previous: ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး စင်ကာပူသို့ ရောက်ရှိ
Next: ဗာတီကန်နိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့ သံတမန်ဆက်ဆံရေး ပဋိဉာဉ်စာချုပ် ချုပ်ဆို