ရဟန်းမင်းကြီးက တချို့သော ရဟန်းတော်များ၏ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုခြင်းအတွက် တောင်းပန်တော်မူပြီး ပြင်းထန်သော အရေးယူခြင်းများ ပြုလုပ်ရန် ကတိပေးတော်မူ

Pope-large

                        ” အရေအတွက်အရများပေမယ့် ကမ္ဘာပေါ်ရှိရဟန်းတော်များရဲ့ အရေအတွက် နဲ့နှိုင်းယှဉ်ရင် မပြောပလောက်သော တချို့ရဟန်းတော်များ အနေနဲ့ ကလေး သူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သော အပြစ်များအတွက် တောင်းပန်ဖို့ ကျွန်တော့်မှာ တာဝန်ရှိ တယ်လို့ ခံစားမိပါတယ်” ဟု ရဟန်းမင်းကြီးက မိန့်တော်မူသည်။ ” အသင်းတော်ဟာ ဒီပြစ်မှု ကျူးလွန်ခြင်းများကို သိရှိနားလည်ပြီး ကလေးသူငယ်များအား ကာကွယ်ဖို့နှင့် အပြစ်သားများအား အပြစ်ပေးဖို့ အဆင် သင့်ဖြစ်ကြောင်း”   နိုင်ငံတကာကက်သလစ် ကလေးသူငယ်များ စောင့်ရှောက်ရေး အဖွဲ့အား ဗာတီကန်၌ ဧပြီလ (၁၁) ရက်နေ့တွင် မိန့်တော်မူသည်။
ယခုလို မှတ်ချက်ပေးခြင်းသည် ရဟန်းမင်းကြီး အနေနဲ့ အသင်းတော်၏ ခေါင်းဆောင်များရဲ့ လိင်ပိုင်းဆိုင်ရာ မကောင်းသော ပုံသက်သေပေးခြင်း အပေါ် ပထမဦးဆုံး တောင်းပန်ခြင်းဖြစ်သည်။ ဤမှတ်ချက်မပေးမီ အရှင်သူမြတ်က ဗာတီကန် အနေနဲ့ စုံစမ်းခြင်းများပြုလုပ်ပြီး ဆရာတော်ကြီးများကိုလည်းဝေဒနာခံစားနေသော သူတွေကိုထောက်ပံ့ကူညီဖို့ လှုံ့ဆော်နေကြောင်း မိန့်တော်မူသည်။ အသင်းတော်သည်ဝေဒနာရှင်များ၏ လုံခြုံရေးနှင့်နေထိုင် စားသောက်ရေး အတွက် တွန်းအားပေးခြင်း ခံထိုက်ကြောင်း မိန့်တော်မူသည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် ရဟန်းမင်းကြီးက အသင်းတော် တစ်ခုလုံးအတွင်း ကလေး သူငယ်များအား စောင့်ရှောက်ရေးအတွက် ကော်မရှင်တစ်ခုကို ဖွဲ့စည်းတော်မူခဲ့သည်။

                      ပြင်သစ်နိုင်ငံအခြေစိုက်၊ ကလေးသူငယ်များ၏ အခွင့်အရေးအတွက် ဖွဲ့စည်းထားသော နိုင်ငံတကာကက်သလစ် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ ခေါင်းဆောင်များ နှင့် တွေ့ဆုံရာတွင် ရဟန်းမင်းကြီးက “ အသင်းတော်အား ကိုယ်စားပြုသောသူများ” အနေနဲ့ ဒီလိုလုပ်ရပ်တွေ လုပ် ရမယ်ဆိုတာ မယုံနိုင်စရာပဲ “ လို့ မိန့်တော်မူသည်။ “ ဒီပြဿနာတွေကို ကိုင်တွယ်ရာတွင်လည်းကောင်း၊ အပြစ်ပေးရာတွင်လည်းကောင်း ခေတ်နောက်ကျတဲ့ ကိုင်တွယ်နည်းကို အသုံးပြုမှာမဟုတ်ဘူး။ ကျွန်တော့်အနေနဲ့ ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့လိုအပ်မယ်လို့ ထင်တယ်။ ကလေးတွေရဲ့ ဘဝနဲ့မကစား သင့်ပါဘူး။” လို့ မိန့်တော်မူသည်။
ရဟန်းမင်းကြီးဖရန်စစ်ကလည်း ကလေးငယ်များ၏ အခွင့်အရေးနဲ့ ပတ်သက်၍ “ ကလေးတွေဟာ ကျန်းမာတဲ့ မိသားစုအသိုင်းအဝိုင်း ဖန်တီးနိုင်ရန်နှင့် သူတို့ရဲ့ ရင့်ကျက်မှုအတွက် မိဘနှစ်ပါးရဲ့ ဝိုင်းဝန်းကူညီမှုနဲ့ ကြီးထွားလာဖို့ အခွင့်အရေး ရှိကြောင်း၊ အခုလိုပြောရာတွင် မိဘနှစ်ပါးရဲ့ မတူညီတဲ့ပုံစံသွင်းခြင်းများနဲ့ ကြီးထွားလာဖို့ဖြစ်တယ်” လို့ မိန့်တော်မူသည်။
“ မိဘတွေမှာ သူတို့ရဲ့ကလေးများ အတွက်သင့်လျော်သော ကိုယ်ကျင့်တရားနှင့် ဘာသာရေးသွန်သင် ပိုင်ခွင့် ရှိတယ်။ ဒါကြောင့် အခြေအမြစ်မရှိ၊ အခိုင်အမာမရှိသော ကျောင်းသင်ခန်းစားများ အပေါ်အခြေခံခြင်း မပြုသင့်ဘူး” လို့ အရှင်သူမြတ်မိန့်တော်မူသည်။
ရဟန်းမင်းကြီးက သူ့အနေနဲ့  “ မိသားစုများဟာ သူတို့ရဲ့ကလေးများကို အာဏာရှင်များဖွင့်ထား တဲ့ကျောင်းများနှင့်  ပြန်လည်ထူထောင်ရေး စခန်းများတွင်ကျောင်းပို့နေကြသလိုခံစားမိတယ်” လို့မိန့်တော်မူသည်။ အရှင်သူမြတ်က ကလေးများအနေနဲ့ ခေတ်ရေစီးကြောင်းနှင့် မီဒီယာများမှ ခင်းပြထားသော စိန်ခေါ်မှုများကို ပြန်လည်တုံ့ပြန်နိုင်ရန်အတွက် ကူညီပေး ဖို့လိုတယ်ဆိုတာ သေချာပါတယ်။ လူငယ်များဟာ မှန်နဲ့လုပ်ထားတဲ့ ခရာအိုးထဲမှာ သိမ်းထားလို့မရဘူး။ သူတို့နှင့် အခြားသူတွေရဲ့ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို အရိုအသေပေးသောအရာက ဘာလဲဆိုတာ သုံးသပ်နိုင်တဲ့ တန်ဖိုးများ ကို သွန်သင်ပေးဖို့ လိုအပ်ကြောင်း မိန့်တော်မူသည်။
Ref: CNS, Peter

2414  Views
Previous: အာပိုလို (၁၄) က လကမ္ဘာသို့ ယူဆောင်သွားသော သမ္မာကျမ်းစာအုပ်ဓါတ်ပြားကို ဗာတီကန်စာကြည့်တိုက်က ထုတ်ဖော်လိုက်ခြင်း
Next: အိုဘားမား၏ ဒုတိယမြောက် မြန်မာခရီးစဉ်၌ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်