သီတာဂူဆရာတော်ကြီးက ချင်းပြည်နယ်ရှိရေဘေးဒုက်္ခသည်များအတွက် ကျပ်သိန်းပေါင်း ငါးထောင် သွားရောက်လှူဒါန်း

014-b

စက်တင်ဘာ ၂၂ ရက်၊ ဟားခါး

ဗုဒ်္ဓဘာသာမှသီတာဂူဆရာတော်ကြီးသည် ချင်းပြည်နယ်ရှိရေဘေးဒုက်္ခသည်များအတွက် ကျပ်သိန်းပေါင်း ငါးထောင်ကို စက်တင် ဘာလ ၂၂ ရက်နေ့က ဟားခါးမြို့တွင် သွားရောက်လှူဒါန်းခဲ့သည်ဟု သတင်းရရှိပါသည်။ ၄င်းလှူဒါန်းပွဲသို့ နိုင်ငံတော်သမ်္မတ ဦးသိန်း စိန်နှင့်ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်အစိုးရအဖွဲ့များ၊ ဖိတ်ကြားထားသော ခရစ်ယာန်ဘာသာမှ ခေါင်းဆောင် များနှင့် ရေဘေး ဒုက်္ခသည်များလည်း တက်ရောက်ကြသည်။

ဆရာတော်ကြီး၏အလှူနှင့်ပတ်သက်ပြီး ပြည်သူများနှင့်ဘာသာရေးဆိုင်ရာမှကိုယ်စားလှယ်အဖြစ် ဟားခါးကက်သလစ်သာသနာမှ ဆက်သွယ်ရေးတာဝန်ခံဘုန်းတော်ကြီး ဖိလစ်ဇာဟေးလျန်က ““ဆရာတော်က ချင်းပြည်နယ်ရှိဗုဒ်္ဓဘာသာဘုန်းကြီးကျောင်း များနဲ့ စေတီပုထိုးများကို ပြင်ဖို့အတွက် ကျပ်သိန်း (၁၅၀၀)၊ ခရစ်ယာန်ဘုရားကျောင်းများကို ပြင်ဆင်ရန်အတွက် ကျပ်သိန်း (၁၅၀၀)၊ ဟားခါးဆေးရုံအတွက် အမေရိကန်ဒေါ်လာ (၈၀၀၀၀)၊ ခေါက်ဆွဲနှင့်စားစရာများကို လှူဒါန်းခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကျရင် ဘဲလ်ဂျီယမ် နိုင်ငံက ဆရာဝန်တွေကို ခေါ်လာပြီးတော့ ချင်းပြည်နယ်ရှိ နားနှာခေါင်းမျက်စိမကောင်းသူများကို အခမဲ့ကုသပေးမည့် အစီအစဉ် လည်း ရှိကြောင်း”” ဖြင့် သတင်းပေးပို့ပါသည်။

ဘုန်းဘုန်းဖိလစ်က ““အခုလိုမျိုးဘာသာမတူ၊ လူမျိုးမတူပေမယ့် ဒုကရောက်သူတွေကို လာရောက်ပြီး လှူဒါန်းတဲ့အတွက် အင်မတန် ဂုဏ်ယူပါတယ်။ နောက်ပြီး ကျွန်တော်တို့ခရစ်ယာန်တွေလည်း ခရစ်ယာန်မဟုတ်တဲ့သူတွေကိုပါ ကူညီသင့်ပါတယ်”” ဟု ဂလိုရီးယားသတင်းဂျာနယ်၏ မေးမြန်းချက်အပေါ် ရင်ထဲခံစားချက်ကို မိန့်ကြားပါသည်။ ၀၁၄ ကုန်ဇမှုန်း

772  Views
Previous: ကိုယ်ဝန်ဖျက်ချခဲ့ပြီး အမှန်တကယ်နောင်တရသောအမျိုးသမီးများအား အပြစ်ခွင့်လွှတ်ပေးပိုင်ခွင့်အာဏာကို ရဟန်းမင်းကြီးဖရန်စစ်က ကက်သလစ်ရဟန်းတော်များအား ပေးအပ်တော်မူ
Next: ရဟန်းမင်းအမတ် ကာဒီနယ်ချားလ်စ်ဘိုက အမျိုးစောင့်ဥပဒေအား ကျင့်သုံးစမြန်မာ့ ဒီမိုကရေစီကို ခြိမ်းခြောက်သောဥပဒေဟု ဝေဖန်လိုက်တော်မူ