ရဟန်းမင်းကြီး ဖရန်စစ်၏ ဦးနှောက်ကင်ဆာဝေဒနာခံစားနေရဟူသော သတင်းကို ဗာတီကန်နိုင်ငံက ပယ်ချ

pope francis-inteview photo

အောက်တိုဘာ ၂၊ ၂၀၁၅၊ ရောမ၊ CNA

ရဟန်းမင်းကြီး ဖရန်စစ်သည် ဦးနှောက် ကင်ဆာဝေဒနာကို ခံစားနေရသည်ဟူသော အီတလီ သတင်းဌာန တစ်ခု၏  ထုတ်လွှင့်ချက်    သတင်းကို ဗာတီကန်နိုင်ငံက အောက်တိုဘာလ (၂၁) ရက်နေ့က ပယ်ချလိုက်သည်။ ဗာတီကန် ပြန်ကြားရေးဌာနမှ ညွန်ကြားရေးမှူး   ဖြစ်သော ဘုန်းတော်ကြီး လွမ်ဘားဒီက “ ဂွာတီဒီယာနို နာဇီအိုနားလယ် သတင်းဌာနက ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဦးနှောက် ကင်ဆာရောဂါကို ခံစားနေရတယ် ” ဟူသော ထုတ်လွှင့်ချက်သည် တာဝန်မဲ့ပြီး ငွေကြေးအတွက် လုပ်ကြံသောသတင်း” ဟု ဝေဖန်ငြင်းဆိုလိုက်သည်။

ဘုန်းတော်ကြီးက ရဟန်းမင်းကြီးသည် ကျန်းမာရေး ကောင်းမွန်ပြီး နေ့စဉ်အလုပ်များနေကြောင်း၊ ယခုရက်အတွင်းတွင်လည်း မိသားစုညီလာခံကို နေ့စဉ်တက်ရောက် ဆွေးနွေးနေပါကြောင်း၊ အရှင်သူမြတ်သည် လမ်းလျှောက် ရာတွင်သာ ခြေထောက်၏ ဒါဏ်ရာကြောင့် အခက်အခဲတွေ့ပြီး အရှင်မြတ်၏ ဦးနှောက်သည် ထက်မြက်နေပါကြောင်းဖြင့် ဖြေရှင်းပေးတော် မူလိုက်သည်။    ဂျိုးဇက်

1696  Views
Previous: မိသားစုက မိမိတို့အား အထီးကျန်ဆန်ခြင်းဘဝမှ ကယ်တင်သည်ဟု ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူ
Next: တရုတ်အစိုးရနှိပ်စက်မှုကြောင့် တရုတ်နိုင်ငံတွင် ကျဆင်းနေသောသီလရှင်များ၏ ခေါ်တော်မူခြင်း