ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်နေခြင်းအား မမောမပန်း ဆက်လက်လုပ်ဆောင်ကြရန် ဆန့်ကျင်တက်ကြွသူများအား ရဟန်းမင်းကြီးဖရန်စစ်က တိုက်တွန်းတော်မူ

02

ဗာတီကန်၊ နိုဝင်ဘာလ ၇၊ ၂၀၁၅၊

ရဟန်းမင်းကြီးဖရန်စစ်က ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်နေခြင်းတွင် မမောမပန်း ဆက်လက်လုပ်ဆောင်ကြရန် မိမိအား လာရောက်ဖူးမျှော်ကြသော အီတလီနိုင်ငံအခြေစိုက် ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်သော နိုင်ငံရေးတက်ကြွသူများအား နိုဝင်ဘာလ ၇ ရက်နေ့က တိုက်တွန်းတော်မူလိုက်သည်။

ရဟန်းမင်းကြီးက ပိုင်ဆိုင်မှုအပြင် ဂုဏ်သိက်္ခာကိုပါ ခိုးယူကြသူများ၏ တိုက်ခိုက်မှုကို ခံနေကြရသော အကာအကွယ်မဲ့ သူများကို ကူညီပေးကြရာတွင် ကောင်းသောဆာမရီတန်၏ ပုံဥပမာကို အတုယူလိုက်ကျင့်ကြရန် ခရစ်ယာန်များအား တိုက်တွန်း တော်မူလိုက် သည်။ အရှင်သူမြတ်က ““ခရစ်တော်ဘုရား၏တပည့်များပီပီ၊ ဒါဏ်ရာရသောလူ့အသက်ကို ကာကွယ်ပေးခြင်းသည် သူတို့တတွေ ပြန်လည် ကျန်းမာလာနိုင်ရန်အတွက် အကူအညီလိုအပ်သူများနှင့် တွေ့ဆုံပြီး သူတို့ဖက်မှ ရပ်တည်ပေးခြင်း၊ သူတို့၏ပျက်စီးလွယ် မှုနှင့်နာကျင်မှုများကို ကြည့်ရှုပေးခြင်းပင် ဖြစ်သည်”” ဟု တိုက်တွန်းတော်မူသည်။

ရဟန်းမင်းကြီးက ““ ခန်္ဓာရောဝိညာဉ်ပါ ဒါဏ်ရာ ရရှိသူများသည် ဂျေရုစလင်မြို့မှ ဂျေရီကိုမြို့သို့ လျှောက်လာရာတွင် သူခိုးများ၏ ရိုက်နှိက်ခြင်းနှင့်လုယက်မှုကို ခံရသော အမျိုးသားတစ်ဦး၏ ပုံရိပ်ပင် ဖြစ်ကြသည်”” ဟု မီးမောင်းထိုးပြတော်မူသည်။ ရဟန်းမင်း ကြီးက ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်သူများနှင့် တွေ့ဆုံရာတွင် ““လူ့အသက်ကို ခြိမ်းခြောက်နေသော လမ်းမျိုးစုံကို ရင်ဆိုင် တိုက်ဖြေရှင်းရာတွင် သင်တို့အိမ်နီးနားချင်း၏ ကျိုးပဲ့လွယ်မှုကို ချဉ်းကပ်ခြင်း၊ သင်တို့ကိုယ်ကို ပေးဆပ်ခြင်း ဖြစ်ကြောင်း၊ သို့မှသာ မလုံခြုံသောအခြေအနေများတွင် နေထိုင်အသက်ရှင်နေသူများသည် လူ့အဖွဲ့အစည်း၏ ကျဉ်ဖယ်ခြင်းနှင့် ပထုတ်ခြင်းမှ လွတ် မြောက်နိုင်ကြမည် ဖြစ်သည်”” ဟု သုံးသပ်ပေးတော်မူသည်။

ရဟန်းမင်းကြီးက ““မမွေးဖွားလာသေးသော ရင်သွေးငယ်များကို ကာကွယ်ခြင်းသည် အမျိုးသမီးများ၏ဂုဏ်သိက်္ခာနှင့် မိသားစု များကို ကာကွယ်ခြင်း ဖြစ်သကဲ့သို့ ဆင်းရဲသားများကိုလည်း ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ဒွန်တွဲလုပ်ဆောင်ရသော လုပ်ငန်း ဖြစ်ကြောင်း၊ အိမ်မဲ့ရှိခြင်း (ဝါ) အလုပ်မဲ့ခြင်း (ဝါ) ဖျားနာခြင်းနှင့် ဆင်းရဲခြင်းတို့ကြောင့် မိသားစုများစွာတို့သည် ပျက်စီးရသော အခြေအနေများ တွင် ရောက်ရှိနေကြကြောင်း၊ မြောက်မြားစွာသော သက်ကြီးရွယ်အိုများသည်လည်း နာကျင်မှုနှင့် အထီးကျန်ဆန်မှု ဝန်ထုပ်များကို ခံစားနေကြရကြောင်း၊ လူငယ်များစွာသည်လည်း စွဲလမ်းခြင်းများနှင့်တခြားသော ကျွန်ပြုခံရမှုများ၏ ခြိမ်းခြောက်မှု ကြောင့် ဘဝပျက်စီးနေ ကြရကြောင်းနှင့် ၎င်းလူငယ်များသည် မိမိတို့၏ဘဝထဲတွင် ယုံကြည်မှုကို ပြန်လည်ရရှိ ရန်အတွက် မျှော်လင့်နေ ကြကြောင်း”” ဖြင့် ဟောကြားတော်မူသည်။ ၀၃ ကုန်ဇမှုန်း

1439  Views
Previous: Merry Christmas to you all our readers! ခရစ်စမတ်မှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ
Next: ညစာကို စမတ်ဖုန်းနှင့်မဟုတ်ဘဲ မိသားစုဝင်များနှင့်အတူတကွမြိန်မြိန်သုံးဆောင်ကြရန် မိသားစုများအား ရဟန်းမင်းကြီးဖရန်စစ်က တိုက်တွန်းတော်မူ