ဗီယက်နမ်နိုင်ငံတွင် ပြဌာန်းမည့် ဘာသာရေးဆိုင်ရာဥပဒေကြမ်းအပေါ် ဗာတီကန်နိုင်ငံက ဗီယက်နမ်အစိုးရနှင့် ဆွေးနွေးနေ

Vietnamese Catholic dignitaries march in a procession for a mass on the occasion of a pastoral visit by Cardinal Fernando Filoni (not pictured), prefect of the Congregation for the Evangelization of Peoples, in Hanoi on January 20, 2015. The cardinal is on a five-day pastoral visit to Vietnam. AFP PHOTO / HOANG DINH NAM / AFP / HOANG DINH NAM

Vietnamese Catholic dignitaries march in a procession for a mass on the occasion of a pastoral visit by Cardinal Fernando Filoni (not pictured), prefect of the Congregation for the Evangelization of Peoples, in Hanoi on January 20, 2015. The cardinal is on a five-day pastoral visit to Vietnam. AFP PHOTO / HOANG DINH NAM / AFP / HOANG DINH NAM

ဗာတီကန်နိုင်ငံမှ ရဟန်းမင်းကြီး၏သံတမန်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ပြဌာန်းမည့် ဘာသာရေးဆိုင်ရာဥပဒေကြမ်းတွင် ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်ကို အသိအမှတ်ပြုထားသည့်ပုဒ်မများ ပါဝင်ပြဌာန်းနိုင်ရန်အတွက် ဗီယက်နမ်အစိုးရအား ဆွေးနွေး နေ သည်ဟု နိုဝင်ဘာလ ၃ ရက်နေ့က သတင်းထွက်ပေါ်လာသည်။

၎င်းဥပဒေကြမ်းကို နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၇ ဖွဲ့က ရှုတ်ချထားပြီး ဗီယက်နမ်အစိုးရသည် ဘာသာရေးကို ပိုမိုနှိပ်ကွပ်ရန် အတွက် ပြင်ဆင်နေသည်ဟု ဝေဖန်ထောက်ပြလိုက်ကြသည်။ ၎င်းတို့အဖွဲ့က ““ဥပဒေကြမ်းတွင် ဘာသာရေးကို လွတ်လပ်စွာ ခံယူကျင့်သုံးခွင့် ရှိသည်ဟု ပြဌာန်းထားသော်လည်း တဖက်တွင်မူ အစိုးရက ဘာသာရေးလွတ်လပ်ခွင့်များကို ချုပ်ကိုင်လိုသော ပုဒ်မများ ပါဝင်နေသည်ဟု ထောက်ပြထားကြသည်။

ဗာတီကန်နိုင်ငံ၏ ဗီယက်နမ်နိုင်ငံဆိုင်ရာ အခြေမစိုက်သော သံအမတ်ကြီး ဆရာတော်ကြီး လီအိုပေါလ်ဒို ဂီရဲလီက ““ရဟန်းမင်း ကြီးရုံးအနေနဲ့ ဒီဥပဒေကြမ်းအပေါ် ဗီယက်နမ်ရှိကက်သလစ်ဆရာတော်ကြီးများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်”” ဟု ယူကန်သတင်းဌာနသို့ ဖြေကြားပေးတော်မူသည်။ ၎င်းဆရာတော်ကြီးက ““ဗီယက်နမ်ဆရာတော်တချို့ကတော့ အခုဥပဒေကြမ်း နံပါတ် ၅ သည် ဥပဒေကြမ်း နံပါတ် ၄ ထက် ပိုပြီး ကောင်းကြောင်း၊ ဥပဒေကြမ်း ၅ တွင် ကက်သလစ်သာသနာတော်သည် မိမိ၏ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် အစိုးရထံမှ ခွင့်ပြုချက် ရယူရမည်ဟု ပြဌာန်းထားချက်ကို လျှော့ချလိုက်ပြီ ဖြစ်သော်လည်း လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၈ အတိုင်းကိုမူ ပြဌာန်းထားခြင်း မရှိသေးကြောင်းဖြင့် အီးမေးလ်ဖြင့် ပြန်လည် ဖြေကြားပေးတော်မူ သည်။ ဥပဒေကြမ်းအပေါ် စိုးရိမ်ချက်များကမူ၊ ဘာသာရေးအဖွဲ့အစည်းများသည် အစိုးရထံတွင် မှတ်ပုံတင်ရန်လိုအပ်ခြင်း၊ အစိုးရ၏ အလွန်အကျူးထိန်းချုပ်ခြင်းနှင့် ရာသက်ပန်ခွဲခြားဆက်ဆံမှုကို အနက်သက်ရောက်စေသည့် အသုံးအနှုန်းများကို သုံးစွဲထားခြင်း”” တို့ ဖြစ်ကြပေသည်။

ဗာတီကန်နိုင်ငံအပါအဝင် အဖွဲ့အစည်းများစွာတို့သည် ၎င်းဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ရန်အတွက် အချက် (၁၀) ချက်ပါဝင် သော အကြံပြုချက်များကို ဗီယက်နမ်အစိုးရအား ပေးပို့ထားကြောင်းဖြင့် သိရှိရသည်။

ဗီယက်နမ်နိုင်ငံတွင် ဗုဒ်္ဓဘာသာ၊ ကက်သလစ်ခရစ်ယာန်ဘာသာနှင့် ပရိုတက်စတန့်ခရစ်ယာန်ဘာသာများသည် ဘာသာရေးလွတ် လပ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ပြီးခဲ့သောအချိန်တွင် ရရှိခဲ့ကြသော်လည်း၊ အစိုးရသည် ဘာသာရေးပွဲလမ်းသဘင်များကို အနီးကပ်စောင့်ကြည့်လေ့လာနေဆဲ ဖြစ်ပေသည်။ ၀၀၅ ဂျိုးဇက်

1472  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်က ကာဒီနယ်ချားလ်စ်ဘိုအား ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် တကမ်္ဘာလုံးဆိုင်ရာ ကိုယ်တော်မြတ်ညီလာခံ၏ မိမိ၏အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်
Next: တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီဖြစ်သော တရုတ်နိုင်ငံကွန်မြူနစ်အစိုးရနှင့် ဗာတီကန်နိုင်ငံ