““ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်း၏ မြန်မာနိုင်ငံတွင်သာသနာပြုနေခြင်း နှစ် ၁၅၀ ပြည့် ဂျူဗလီပွဲတော်ကို ကျင်းပ””

2-a

ရန်ကုန်၊ ဇန်နဝါရီလ ၁၇

ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်းသည် မြန်မာနိုင်ငံ၌ သာသနာပြုနေခြင်း၏ နှစ် ၁၅၀ ပြည့် ဂျူဗလီပွဲတော်ကို ရန်ကုန် မြို့လယ်ရှိ၊ စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ညနေတွင် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ သည်။ ၎င်းဂျူဗလီပွဲတော်၏ ဝတ်ပြုဆုတောင်းခြင်းမစ်္ဆားတော်မြတ်ကို ကာဒီနယ်ချားလ်စ်ဘိုက ဦးဆောင်ပြီး လက်ထောက် ဆရာ တော်စောယောဟန်၊ လွိုင်ကော်ဆရာတော် စတီဗင်းတျေးဖေ၊ ဆရာတော်ဆိုတေရိုဖားမော (ငြိမ်း)၊ ထိုင်းနိုင်ငံမှ ဆရာတော် တစ်ပါး၊ ကျိုင်းတုံဆရာတော်ပီတာလွီဝစ်တို့နှင့်အတူ ရဟန်းအပါးပေါင်း (၁၀၀) ကျော်၊ သူတော်စင်ပေါင်း (၂၀၀) ကျော်နှင့်ဘာသာ တူပေါင်း ၁၀၀၀ ကျော် တက်ရောက်ဆုတောင်းခဲ့ကြပါသည်။

ကာဒီနယ်ချားလ်စ်ဘိုက ဂျုဗလီတရားတော်ကို မိန့်ကြားရာတွင် ““ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်းသည် ၁၈၆၅ ခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်း၏ တာဝန်ခံကက်သလစ်ဆရာတော်ကြီး ပေါလ်အီဂန်ဒက်၏ ဖိတ်ကြားချက်ကြောင့် ဂိုဏ်းတည် ထောင် သူက မာသာရ်ယူဖရာဆီးယားက သီလရှင် (၅) ပါးကို ပြင်သစ်နိုင်ငံကနေ  မြန်မာပြည်သို့စတင်စေလွှတ်ခဲ့ ကြောင်း၊ ဆူးအက်တူးမြောင်း ကို ဖြတ်ပြီး (၅၁)ရက်အကြာတွင် ရန်ကုန်ကို ရောက်လာခဲ့ကြောင့်၊ သူတို့တတွေဟာ ရန်ကုန်ကို ရောက်ရောက် ချင်းပဲ မဆိုင်းမတွဘဲ ဘာသာရေး၊ ပညာရေးများကို ရန်ကုန်၊ သန်လျင်၊ ကလော၊ မိုးကုတ်၊ သရက်စသောမြို့များတွင် ဖွင့်လှစ်လုပ် ဆောင်ခဲ့ကြကြောင်း၊ ဇိမ်ခံလို့ရတဲ့နိုင်ငံခြားတိုင်းပြည်ကနေ ဝေဒနာကို ခံလိုတဲ့ဆက်ကပ်ခြင်းဖြင့် ယုံကြည်ခြင်းမျိုးစေ့ ကို ကြဲခဲ့ကြရကြောင်း၊ ကောင်းသောသိုး ထိန်းသီလရှင်များဟာ ကျေးဇူးသိတတ်ပြီး တရားနဲ့သိမ်မွေ့တည်ကြည်ခြင်းကို သူတို့ရဲ့ အသက် တာမှာ ထင်ပေါ်တဲ့ပါရမီလို့ ဆရာတော့်အနေနဲ့မြင်မိကြောင်း”” ဖြင့် မိန့်ကြားတော်မူသည်။

ဆက်လက်ပြီး ကာဒီနယ်ချားလ်စ်ဘိုက ကောင်းသောသိုးထိန်းသီလရှင်များ သာသနာပြုလုပ်ငန်းကို ပြန်ပြောင်းမိန့်ကြားရာတွင် ““ကောင်းသောသိုးထိန်းသီလရှင်များ၏ သာသနာပြုလုပ်ငန်းသည် မြန်မာ့သမိုင်းတွင် အထင်ကရ လူသိများခဲ့ကြောင်း၊ ရန်ကုန် မြို့ထဲတွင် ဟိုးလေးတကျောင် ဖြစ်ခဲ့သော စာသင်ကျောင်းများသည် ပြိုင်ဖက်မရှိရလောက်အောင် အကောင်းဆုံးစာသင်ကျောင်း တွေ၊ အကောင်းဆုံးကျန်းမာရေးဌာနတွေအဖြစ် ရပ်တည်ခဲ့ကြောင်း၊ သို့သော် ၁၉၆၆ ခုနှစ်တွင် အိမ်စောင့်အစိုးရတက်လာပြီးနောက် ဘာသာရေးကျောင်းများကို ပြည်သူပိုင်အဖြစ် သိမ်းပြီးနောက် နိုင်ငံခြားမှ သီလရှင်များသည် ပြည်နှင်ဒါဏ်ခံခဲ့ရတာကြောင့် သမိုင်းရဲ့ အနာအဆာတွေကြောင့် ကြောက်စိတ်များ လွမ်းမိုးပေမယ့် စိတ်ဓါတ်မကျဘဲ ကြံကြံခိုင်နေနိုင်ခဲ့ကြပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ အနီးအနားရှိနိုင်ငံများတွင် အင်အားစုခဲ့ကြရပြီး မြန်မာနိုင်ငံတွင် သီလရှင်တစ်ပါးမျှ မရှိခဲ့ကြောင်းကို မီးမောင်း ထိုးပြသည်။

ဘုရားရှင်မြတ်အား ကျေးဇူးတင်ချီးမွမ်းသော မစ်္ဆားတရားတော်မြတ်ကို ပူဇော်ပြီးနောက် ၎င်းအသင်းဂိုဏ်း၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သော စစ်္စတာရ်ရေဂျီနားက ကျေးဇူးတင်စကား ပြောကြားရာတွင် ““မိမိတို့အသင်းဂိုဏ်း၏ သာသနာပြုလုပ်ငန်း များတွင် ပါဝင်ကူညီပေးခဲ့ကြသော ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သီလရှင်များ၊ ဘာသဝင်များနှင့် ကျေးဇူးရှင်များအားလုံး ကို အထူးကျေးဇူးတင်ရင်း၊ မိမိတို့အသင်းဂိုဏ်း၏လုပ်ငန်းများကို ဆထက်ထမ်းပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ထည့်သွင်း မိန့်ကြားသွားပါသည်။

ဆရာတော်ကြီးက ဤသီလရှင်အသင်းဂိုဏ်း၏ သာသနာပြုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး မိန့်ကြားရာတွင် ““အစေခံဘို့ရွေးချယ်ထား တဲ့နေ ရာတွေဟာ။အံ့သြစရာချီးမွမ်းထိုက်ပေတယ်။ ရန်ကုန်မက မန်္တလေး၊  မြစ်ကြီးနား၊ ကျိုင်းတုံ၊ လွိုင်ကော် စသဖြင့်နေရာ များ ဝေးလံခေါပါးတဲ့နေရာများ စွန့်စားရတဲ့နေရာများမှာ၊ သီလရှင်ကျောင်းများကို စိုက်ထူပြီး အမျိုးသမီးငယ်များရဲ့ လူကုန်ကူးခြင်း ခံရတာကို ကာကွယ်ပေးတယ်”” ဟု အမွန်းတင် ဂုဏ်ပြုတော်မူသည်။

၎င်းအသင်းဂိုဏ်းမှ ထိုင်းနိုင်ငံတွင်အခြေစိုက်ပြီး သာသနာပြုနေသော အိုင်ယာလန်နိုင်ငံမှ စစ်္စတာရ်လွီဝိစ်အား ကောင်းသောသိုး ထိန်းသီလရှင်အသင်းဂိုဏ်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိသာသနာပြုနေခြင်း၏ နှစ် ၁၅၀ ပြည့် ဂျူဗလီပွဲတော်အပေါ် မည်ကဲ့သို့ ခံစားသနည်းဟု မေးမြန်းရာ ““စစ်္စတာရ်က သိပ်အံ့သြဖွယ်ကောင်းပါတယ်။ မြန်မာပြည်က အလားအလာ အများကြီး ရှိပါတယ်”” ဟု သူမ၏ခံစားချက်ကို ပြောပြသည်။

ဆက်လက်ပြီး ၎င်းအသင်းဂိုဏ်းမှ မြန်မာနိုင်ငံသူဖြစ်သော စစ်္စတာရ်ရေဂျီနာအား ကောင်းသောသိုး ထိန်းသီလရှင်အသင်းဂိုဏ်း သည် မြန်မာနိုင်ငံသို့ ရောက်ရှိသာသနာပြုနေခြင်း၏ နှစ် ၁၅၀ ပြည့် ဂျူဗလီပွဲတော်အပေါ် မည်ကဲ့သို့ ခံစားသနည်းဟု မေးမြန်းရာ ““စစ်္စတာရ်က သိပ်အားမရသေးဘူး။ ဒီထက် ပိုလုပ်ရအုံးမယ်လို့ ခံစားမိပါတယ်””ဟု သူမ၏ခံစားချက်ကို ပြောပြသည်။

ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်းကို ရဟန်္တာမ မေရီ ယူဖရာဆီယား ပယ်လဲတီယာက ထူထောင်တော်မူခဲ့ပြီး ၁၈၃၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၁၆) က တရားဝင်အတည်ပြုတော်မူခဲ့သည်။ ၎င်းအသင်းဂိုဏ်း၏ ရင်းမြစ်သည် ၁၆၄၁ ခုနှစ်တွင် ရဟန်္တာ ဂျွန်ယူဒဲ့စ် တည်ထောင်တော်မူခဲ့သော မယ်တော်သခင်မ၏ဂရုဏာအသင်းဂိုဏ်းပေါ်တွင် အမြစ်တွယ်ခဲ့သည်ဟု အင်တနက်ထဲတွင် ဖတ်ရှုရသည်။

ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်းသည် မြန်မာနိုင်ငံတွင် သာသနာပြုရန်အတွက် ၁၈၈၆ ခုနှစ်တွင် စတင်ရောက်ရှိလာ ခဲ့သည်ဟု သိရှိရသည်။ ဤအသင်းဂိုဏ်းကို ရဟန်္တာမ မေရီ ယူဖရာဆီယား ပယ်လဲတီယာသည် ၁၈၆၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပျံလွန်တော်မူပြီးနောက် ၁၉၄၀ ခုနှစ် မေလ ၂ ရက်နေ့တွင် ရဟန်္တာအဖြစ် တင်မြှောက်ခြင်းကို ခံရတော်မူသည်။ လက်ရှိတ ကမ်္ဘာလုံးတွင်မူ ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်းဝင်သီလရှင်ပေါင်းမှာ (၅၀၀၀) ကျော် ရှိပြီး မြန်မာနိုင်ငံတွင်မူ (၄၂) ပါး ရှိနေပြီဟု သိရှိရသည်။ ၀၀၂ အယ်ဒီတာ

1514  Views
Previous: ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့တွင် ကျင်းပသော နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်သို့ ရဟန်းမင်းကြီးဖရန်စစ်၏ အထူးကိုယ်စားလှယ်အဖြစ် ကာဒီနယ်ဆရာတော်ကြီးချားလ်စ်ဘို ချီးမြင့်တော်မူ
Next: အင်္ဂလန်နိုင်ငံရှိ အင်္ဂလီကန်အသင်းတော်ဌာနချုပ်က အမေရိကန်နိုင်ငံရှိ အင်္ဂလီကန်အသင်းတော်ခွဲကို အဖွဲ့ဝင်အဖြစ်မှရပ်ဆိုင်း