အင်္ဂလန်နိုင်ငံရှိ အင်္ဂလီကန်အသင်းတော်ဌာနချုပ်က အမေရိကန်နိုင်ငံရှိ အင်္ဂလီကန်အသင်းတော်ခွဲကို အဖွဲ့ဝင်အဖြစ်မှရပ်ဆိုင်း

13

လန်ဒန်၊ ဇန်နဝါရီလ ၁၄ CNA

အင်္ဂလန်နိုင်ငံတွင် ဗဟိုတည်ထားသော အင်္ဂလီကန်အသင်းတော်က လိင်တူစုံတွဲများအား လက်ထပ်ထိမ်းမြားပေးသော အမေရိကန်နိုင်ငံရှိ အင်္ဂလီကန် အသင်းတော်ကို အင်္ဂလီကန် အသင်းတော်အဖွဲ့ဝင်အဖြစ်မှ သုံးနှစ်ရပ်ဆိုင်း လိုက်ကြောင်းဖြင့် ဇန်နဝါရီလ (၁၄) ရက် နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။ ၎င်းသုံးနှစ်တိတိ ရပ်ဆိုင်းခြင်းကို ၂၀၁၈ ခုနှစ်တွင် ပြန်လည် သုံးသပ်မည်ဟု ထည့်သွင်းထားသည်။

၂၀၁၆ ခုနှစ်၊  ဇန်နဝါရီလ  (၁၄) ရက်နေ့တွင် ပြုလုပ်သော  ၎င်းကြေညာချက်တွင်  အမေရိကန်နိုင်ငံရှိ အင်္ဂလီကန်   အသင်းတော်ခွဲသည်အများစုက လက်ခံထားသော လက်ထပ် ထိမ်းမြားခြင်း နှင့်စပ်လျဉ်းပြီး သွန်သင်ချက် အယူဝါဒနှင့် ယုံကြည်ခြင်းကို သွေဖီပြီး လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ  ဥပဒေကို ပြုပြင်ရန်  လုပ်ဆောင်သည့်လုပ်ရပ်များ” ဟု မီးမောင်း ထိုးပြထားသည်။ ထို့အပြင် အင်္ဂလီကန်    အသင်း တော်၏ စုစည်းခြင်းကိုအခြေခံလျက် အမေရိကန် အင်္ဂလီကန်  အသင်းတော်သည် ခရစ်ယာန် ဂိုဏ်းပေါင်းစုံနှင့် ဘာသာအချင်းချင်းပေါင်း စည်းလုပ်ခြင်းကို ကိုယ်စားပြုမှုကင်းမဲ့လျက် အင်္ဂလီကန်   အသင်းတော်၏ ဦးဆောင် ကော်မတီထဲတွင် အရွေးခံခွင့်မရှိတော့ခြင်း၊ ခန့်အပ် ခွင့်မရှိနိုင်တော့ခြင်းနှင့် အင်္ဂလီကန်အသင်းတော်၏ အတွင်းရေး အဖွဲ့ထဲတွင် ယုံကြည်ရာသွန်သင်ချက် (သို့မဟုတ်) အုပ်ချုပ်ခြင်းတို့တွင် ဆုံးဖြတ်ပိုင်ခွင့်ရရှိမည်မ ဟုတ်တော့ ကြောင်းဖြင့် ကြေညာ ထားသည်။

အင်္ဂလီကန်  အသင်းတော် ဌာနချုပ်ရှိရာ အင်္ဂလန်နိုင်ငံ၊ ကန်တာဘူရီမြို့တွင် တစ်ကမ္ဘာလုံးရှိ အင်္ဂလီကန်  အသင်းတော် (၃၇) ခု၏ ခေါင်း ဆောင်ဆရာတော်တို့သည် “အင်္ဂလီကန် အသင်းတော်အဖွဲ့၏ အနာဂါတ်  အရေးနှင့်စပ်လျဉ်းပြီး အတူတူ  ထောက်ရှုခြင်းနှင့် ဝတ်ပြုဆု  တောင်းခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဇန်နဝါရီလ (၁၁) ရက်မှ (၁၆) ရက်နေ့အထိ အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။

အင်္ဂလီကန် အသင်းတော်တွင် လိင်တူလက်ထပ် ထိမ်းမြားခြင်းအကြောင်းအရာနှင့် ပတ်သက်ပြီး လွန်ခဲ့သောနှစ်များ မှစတင်ပြီး ကွဲပြား  သောအမြင်များဖြင့် တင်းမာမှု စတင်ဖြစ်ပေါ်ခဲ့သည်။ ၂၀၀၃ ခုနှစ်မှစတင်ပြီး အမေရိကန် အင်္ဂလီကန် အသင်းတော်သည် လိင်တူလိင်  ဆက်ဆံခြင်းအပေါ် သဘောထားပျော့ပျောင်းလာခြင်း (ဝါ) လက်ခံခွင့်ပြုသည့်လှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့သည်။ ထိုကဲ့သို့သော    အမေရိကန် အင်္ဂလီကန် အသင်းတော်၏ လက်ခံလှုပ်ရှားမှုအပေါ် အင်္ဂလီကန် အသင်းတော်ဌာနချုပ် အထူးသဖြင့် အာဖရိကတိုက်ရှိ     အင်္ဂလီကန် အသင်းတော်က ဝေဖန်ထိုးနှက်မှုစတင် ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင်မူ အမေရိကန် အင်္ဂလီကန်  အသင်းတော်သည် လိင်တူများ၏ လက်ထပ်ခြင်းကိုခွင့်ပြုသည့် အထွေထွေညီလာခံကို ခေါ်ယူကျင်းပခဲ့ သည့်အပြင် ၎င်းလိင်တူများအား လက်ထပ်ပေးရာ   တွင်အသုံးပြုသည့် ဘုရားရှိခိုးဝတ်ပြုနည်းကိုပါ အတည်ပြုခဲ့သည်။

အင်္ဂလီကန် အသင်းတော်၏ ခေါင်းဆောင်ဆရာတော်ကြီးများ၏ ကြေညာချက်တွင် “မိမိတို့၏ လက်ထပ်ထိမ်းမြားခြင်းအပေါ် နားလည် မှုနှင့်စပ်လျဉ်းပြီး နက်ရှိုင်းစွာ ကွဲပြားနေခြင်းတို့အပေါ် မိမိတို့သည် အင်္ဂလီကန်အသင်းတော်၏ ဆရာတော်များအဖြစ် မိမိတို့၏ ယေဇူး       ခရစ်တော်ဘုရားထဲတွင် စည်းလုံးခြင်း ရှိနေခြင်းနှင့် ၎င်းစည်းလုံးခြင်းကို ဆက်လက် ထိန်းသိမ်းရန်အတွက် ဆုတောင်းရန် နှင့် သုံးသပ် ရန် စည်းရုံးတွေ့ဆုံနေကြခြင်းဖြစ်ကြောင်း၊ သမ္မာကျမ်းစာတော်၏ သွန်သင်ချက်အပေါ် အခြေခံထားသော အင်္ဂလီကန် အသင်းတော် ၏ ရှေ့ထုံးအစဉ်အလာ သွန်သင်ချက်က လက်ထပ်ထိမ်းမြားခြင်းသည် အမျိုးသားနှင့် အမျိုးသမီး တို့နှစ်ဦးအကြားတွင် ရာသက်ပန်သစ္စာရှိ စွာနေထိုင်သော ပေါင်းသင်း ဆက်ဆံခြင်းဖြစ်သည်ဟု ကိုင်စွဲထားပါကြောင်း၊ အစည်းအဝေး တက်ရောက်သူအများစုက ဤသွန်သင်ချက် ကို ဆက်လက် လက်ကိုင်ထားသည်” ဟု ဖော်ပြထားသည်။

၎င်းကြေညာချက်က အမေရိကန်အင်္ဂလီကန် အသင်းတော်၏ ဆုံးဖြတ်ချက်သည် တဖက်သတ်ဆန်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ စည်းလုံးမှုကင်းမဲ့နေကြောင်း၊ အင်္ဂလီကန် အသင်းတော်အဖွဲ့ထဲတွင် အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်ခြင်းအားဖြင့် အကောင်အ ထည်ဖော်ရသော အပြန်အလှန် မှီခိုပြုနေခြင်းနှင့် တာဝန်ခံယူခြင်းမှ ထွက်ခွာသွားခြင်းဟု မိမိတို့အဖွဲ့ဝင် အများစုက ရှုမြင်ထားသည်ဟု ဆက်လက် ဖော်ပြထားသည်။

ဆက်လက်ပြီး ၎င်းကြေညာချက်တွင် အမေရိကန် အင်္ဂလီကန်အသင်းတော်၏ ဆုံးဖြတ်ချက်သည် မိမိတို့အားလုံး၏ တစ်လုံးတဝတည်း   ရှိခြင်းကို ဖျက်ဆီးနေသည့်အပြင် အဖွဲ့ဝင်အကြားထဲတွင် ကြီးမားသော အယုံအကြည် ကင်းမဲ့ခြင်းကိုဖန်တီးပေးသောကြောင့် ၎င်း       ဆုံးဖြတ်ချက်သည် အဖွဲ့ဝင်ကြားထဲတွင် ဝေးကွာမှုကိုသာ ရစေသည်ဟု မီးမောင်းထိုးပြထားသည်။            ကုန်ဇမှုန်း

1282  Views
Previous: ““ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်း၏ မြန်မာနိုင်ငံတွင်သာသနာပြုနေခြင်း နှစ် ၁၅၀ ပြည့် ဂျူဗလီပွဲတော်ကို ကျင်းပ””
Next: ရဟန်းမင်းကြီးသာ အခွင့်လွှတ်ရသောအပြစ်များကို အခွင့်လွှတ်ခွင့်ပေးနိုင်မည့် ရဟန်း (၆) ပါးကို ဗာတီကန်သို့ စေလွှတ်မည်ဟု ကာဒီနယ်ချားလ်စ်ဘို မိန့်ကြား