လိင်တူလက်ထပ်ခြင်းကို ဥပဒေပြုသောအင်္ဂလန်နိုင်ငံသည် ဘုရားမဲ့သော နိုင်ငံဖြစ်သည်ဟု ကာဒီနယ်ဆရာတော်ကြီး ဂျော့ပဲလ်က ဝေဖန်တော်မူ

23

ဗာတီကန် ဖေဖော်ဝါရီလ ၁၀၊ ၂၀၁၆

ကာဒီနယ်ဆရာတော်ကြီး ဂျော့ပဲလ်က လိင်တူလက်ထပ်ခြင်းကို ၂၀၁၄ ခုနှစ်တွင် တရားဝင်ပြဌာန်းလိုက်သော အင်္ဂလန်နိုင်ငံအား ဘုရားမဲ့သောနိုင်ငံ ဖြစ်သည်ဟု အင်္ဂလန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကာမရွန်းကို ဝေဖန်တော်မူလိုက်သည်။ ဆရာတော်ကြီးက လိင်တူလက် ထပ်ခြင်းကို တရားဝင်ဖြစ်စေခြင်းသည် အစွန်းရောက်သော ကိုယ်ကျင့်တရားဆိုင်ရာလွတ်လပ်မှုဝါဒ၏ အဆိပ်ဖြစ် သည်ဟု ရှုတ်ချတော် မူလိုက်သည်။

၎င်းကာဒီနယ်က ““ဒီကာမရွန်းကတော့ မိသားစုကိုဖျက်ဆီးစေသော၊ အနရာယ်ပြုသော အစွန်းရောက်ကိုယ်ကျင့်တရားဆိုင်ရာလွတ် လပ်မှုဝါဒ၏ အဆိပ်ကို ကျင့်သုံးလိုက်ခြင်းအားဖြင့် မြောက်မြားစွာသော ခရစ်ယာန်အသိုင်းအဝိုင်းများ၏ ဘာသာရေးရှင်သန်မှုကို ဖျက်ဆီးပစ်ကြောင်း၊ ဝန်ကြီးချုပ်က ထိုသို့လုပ်ဆောင်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု မယုံကြည်ကြောင်း၊ လိင်တူလက် ထပ်ခြင်းကို တရားဝင်ခွင့်ပြုခြင်းသည် နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်သက်သက်မဟုတ်ဘဲ ဘုရားသခင်၏စီမံကိန်း တော်ကို ဖျက်ဆီးရန်ကြိုးစားလုပ်ဆောင်ခြင်း ဖြစ်သည်”” ဟု မီးမောင်းထိုးပြတော်မူသည်။

ကာဒီနယ်ဆရာတော်ကြီး ဂျော့ပဲလ်သည် သြစကြေးလျားနိုင်ငံမှ ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး လက်ရှိတွင်မူ ရဟန်းမင်းကြီးက သူ့ကို ကက်သလစ်သာသနာတော်၏ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၎င်းဝန်ကြီးဌာနကို ဦးဆောင်နေသူ ဖြစ်တော်မူသည်။၀၀၆ ဝင်းလှိုင်ဦး

1390  Views
Previous: ပြည်သူများ၏မဲများကို အလှူဒါနပြုခြင်းဖြင့် ရယူခြင်းမပြုလုပ်ကြရန် မနီလာကာဒီနယ်တာကလေးက ဖိလစ်ပိုင်နိုင်ငံရေးသမားများကို သတိပေးတော်မူ
Next: သမ္မာကျမ်းစာအဘိဓါန် (၂)