ရဟန်းမင်းကြီးဖရန်စစ်က သစ္စာသုံးပါးခံသီလရှင်များအနေဖြင့် မိမိတို့အသင်းဂိုဏ်း၏တမန်တော်လုပ်ငန်းနှင့်မကိုက်ညီသော စေခိုင်းခြင်းမျိုးကို ငြင်းဆန်ရဲကြရမည်ဟု မိန့်ကြားတော်မူ

01

ဗာတီကန်၊ မေလ ၁၂၊ ၂၀၁၆

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကက်သလစ်သူတော်စင်သီလရှင်များအနေဖြင့် မိမိတို့အသင်းဂိုဏ်း၏ တမန်တော်လုပ်ငန်း နှင့် မကိုက်ညီသော အလုပ်များကို ဆရာတော်ရဟန်းတော်များက ခိုင်းလျှင် ငြင်းဆန်ရဲသောသတ်္တိ ရှိကြရမည်ဖြစ်ကြောင်းဖြင့် မေလ ၁၂ ရက်နေ့က တကမ်္ဘာလုံးဆိုင်ရာ ကက်သလစ်သီလရှင် (အမျိုးသမီးသူတော်စင်များ) အသင်းဂိုဏ်းအသီးသီးမှ အကြီးအကဲ (၈၀၀) များနှင့် တွေ့ဆုံရာတွင် ထည့်သွင်းမိန့်ကြားတော်မူလိုက်သည်။ ၎င်းအစည်းအဝေးသို့တက်ရောက်လာကြသော သီလရှင်များက အရှင်သူမြတ်အား အမျိုးသမီးများကို ဦးပဉ်္စင်းသိက်္ခာ ပေးနိုင်ရန် အတွက် သုတေသနာပြုလုပ်မည့် ကော်မရှင်တစ်ခုကို ဖွဲ့စည်းရန် အစီအစဉ် ရှိမရှိနှင့် မိမိတို့၏တမန်တော်လုပ်ငန်းများတွင် တချို့သော ဆရာတော်ရဟန်းတော်များ၏ လေးစားအားပေးမှု ကင်းမဲ့နေခြင်း ကို မည်သို့ ပြုလုပ်ရမည်နည်းဟူသော အချက်များကို မေးမြန်းရာတွင် ရဟန်းမင်းကြီးက ထိုကဲ့သို့ ပြန်လည်ဖြေကြားတော် မူလိုက်ခြင်း ဖြစ်ပေသည်။

သီလရှင်ထရေဇားက ““ကျွန်မတို့တကမ်္ဘာလုံးဆိုင်ရာသူတော်စင်သီလရှင်အကြီးအကဲများအနေနဲ့ ကက်သလစ်သာသနာ တော်ထဲမှာ ဘယ်လိုပါဝင်နိုင်မလဲ။ ဥပမာဆိုရင် ရဟန်းမင်းကြီးနှင့်ဆိုင်သော သူတော်စင်အသက်တာနှင့် တမန်တော်လုပ်ငန်းဆိုင်ရာအဖွဲ့ အစည်း၏ အထွေထွေညီလာခံ General Assembly of the Congregation for the Institutes of Consecrated Life and Societies of Apostolic Life [CICLAVA] မျိုးမှာဆိုရင် မိမိတို့အဖွဲ့ဟာ အဖိတ်မခံရဘူး ဖြစ်နေတယ်။ ကက်သလစ်သာသနာ တော်အနေနဲ့ ကျွန်မတို့နဲ့စကားပြောမယ့်အစား ကျွန်မတို့အကြောင်းကို ပိုပြီး ပြောနိုင်မလားဆိုတာ သိချင်ပါတယ်”” ဟု ရဟန်းမင်းကြီး အား မေးသည်။ ၎င်းမေးခွန်းအပေါ် ရဟန်းမင်းကြီး ဖရန်စစ်က ““ မှန်ပါတယ်။ တချို့နေရာတွေမှာ ဆိုရင် သီလရှင်တွေဟာ အစေခံ လုပ်ငန်းမျိုး မဟုတ်ဘဲ ကျွန်ပြုခံရတဲ့လုပ်ငန်းလိုမျိုးကို လုပ်နေကြရကြောင်း၊ ကျောင်းထိုင်ရဟန်းတချို့သည် သီလရှင်များကို မိမိတို့၏ ထမင်းစားခန်းလို မီးဖိုချောင်လိုမျိုးမှာ ခိုင်းနေကြရကြောင်း၊ ဒီလိုမျိုးအဖြစ်အပျက်မျိုးတွင် သီလရှင်အကြီးအကဲများက ဆရာတော်၊ ရဟန်းတော်များ အား ငြင်းဆန်ပြောဆိုရဲကြရမှာ ဖြစ်ကြောင်း၊ မိမိတို့သီလရှင်များသည် မိမိတို့အသင်းဂိုဏ်း၏ကျင့်ဝတ် အတိုင်း အစေခံလုပ်ငန်းကိုသာ လုပ်ဆောင်ကြရမှာ ဖြစ်ပြီး ကျွန်ပြုခံအလုပ်မျိုးကို ငြင်းဆန်ရဲရန် အရေးကြီးကြောင်း၊ သီလရှင်တစ်ပါးအား ကျွန်ပြုခံသောအလုပ်ကို လုပ်ခိုင်းစေခြင်းသည် အမျိုးသမီးတို့၏ ဂုဏ်သိက်္ခာနှင့်ဘဝကို နိမ့်ကျစေခြင်း ဖြစ်ကြောင်း၊ မယ်တော် သခင်မ မရှိလျှင် ဝိညာဉ်တော် ဆင်းသက်သောနေ့လည်း မရှိနိုင်ကြောင်း၊ မယ်တော်သခင်မ မရှိလျှင် အသင်းတော် မရှိနိုင်ကြောင်း၊ မယ်တော်သခင်မ မရှိလျှင်လည်း အသင်းတော်ဆိုတာ မရှိနိုင်ကြောင့်၊ သီလရှင်အမျိုးသမီးများ မရှိလျှင် အသင်းတော်လည်း မရှိနိုင်ကြောင်း၊ ရဟန်းများသည် အသင်းတော် ၏ ပြယုဒ်များ မဟုတ်သလို မယ်တော်သခင်မ၏ ပြယုဒ်များလည်း မဟုတ်ဘဲ တမန်တော်ကြီးများ၏ ပြယုပ်များဖြစ်ကြကြောင်း၊ သီလရှင် များသာလျှင် အသင်းတော်၏ပြယုဒ်များ ဖြစ်ကြကြောင်း၊ အသင်း တော်သည် ခရစ်တော်ဘုရားနှင့်လက်ထပ်ထားသော အမျိုးသမီးြ ဖစ်ကြောင်း၊ အမျိုးသမီးဖြစ်သော အသင်းတော်တွင် သတို့သား ဖြစ်တော်မူသော ခရစ်တော်ယေဇူးပင် ဖြစ်ကြောင်း၊ အသင်းတော်သည် အမျိုးသားမဟုတ်ကြောင်းကို ကွက်ကွက်ပြားပြား သိစေချင် ကြောင်း၊ ကက်သလစ်သာသနာတော်အနေနဲ့ ခင်ဗျားတို့အမျိုးသမီးများနဲ့ စကားပြောရမှာ ဖြစ်သလို ခင်ဗျားတို့ အကြောင်းကိုလည်း ပြော ဖို့ရန်အတွက် လိုအပ်သည့်အပြင် နောင်လာမည့်အစည်းအဝေး ညီလာခံများတွင်လည်း ခင်ဗျားတို့ အဖွဲ့ဝင်များကို ဖိတ်ကြားရန် သက်ဆိုင်ရာဌာနများကို ပြောထားမည်ဖြစ်ကြောင်း”” ဖြင့် တိုက်တွန်းတော်မူသည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးက ““ကျွန်တော် သိသလောက်ကတော့၊ ဓမ်္မသစ်ကျမ်းစာထဲက အမျိုးသမီးဦးပဉ်္စင်းကြီးတွေဟာ ယခုခေတ် ဦးပဉ်္စင်းသိက်္ခာတင်ပေးခြင်းမျိုးကို မရရှိခဲ့ကြဘဲ ဆေးကြောခြင်းပေးခြင်းနှင့် ဖျားနာသောအမျိုးသမီးများအား ပရိတော်ဆီ လူးပေးခြင်း များနှင့် အမျိုးသမီးများ ရန်ဖြစ်လျှင် ဖျန်ဖြေပေးရာတို့တွင် တမန်တော်ကြီးကို ကူညီပေးခဲ့ကြခြင်း ဖြစ်ကြောင်း၊ ဒါကြောင့်မို့ဒီမေးခွန်းက မိမိအတွက် ရှင်းရှင်းလင်း လင်းဖြစ်အောင် သုတေသနာတစ်ခုကို လုပ်ဖို့ ဗာတီကန်ရှိယုံကြည်ခြင်းဆိုင်ရာ သွန်သင်ချက်ဝန်ကြီးဌာနအား တာဝန်ပေး လုပ်ဆောင်ခိုင်းမည် ဖြစ်ကြောင်း”” ဖြင့် ၎င်းသီလရှင်များအား အကျယ်တဝင့် ရှင်းပြပေးတော်မူခဲ့သည်။ ဗာတီကန်ရှိယုံကြည်ခြင်း ဆိုင်ရာသွန်သင်ချက်ဝန်ကြီးဌာနက ၎င်းမေးခွန်းနှင့်စပ်လျဉ်းပြီး ၂၀၀၁ ခုနှစ်က ထုတ်ပြန်ခဲ့သောအစီရင် ခံစာတစ်ခုတွင်မူ ဓမ္မသစ်ကျမ်း စာထဲတွင် ဖော်ပြထားသော အမျိုးသမီးဦးပဉ်္စင်းများသည် ယခုခေတ်ဦးပဉ်္စင်းကြီးများကဲ့သို့သော ရာသက် ပန်ဦးပဉ္စင်းသိက္ခာကို ရရှိခဲ့ကြခြင်း မဟုတ်ဘဲ၊ ဘာသာရေးဆိုင်ရာအခမ်းအနားများတွင်သာ ကူညီပေးကြသော သာမန် အမျိုးသမီးဦး ပဉ္စင်းများ သာ ဖြစ်ကြောင်း၊ ရာသက်ပန်ဦးပဉ္စင်းကြီးများသည် ဆေးကြောခြင်း ပေးနိုင်ခြင်း၊ လက်ထပ်ထိမ်းမြားပေးခြင်း ပေးနိုင်ခြင်းနှင့် တစ်ခါတရံ တွင်မူ မစ်္ဆားပူဇော်ခြင်းတွင် တရားဟောနိုင်ခြင်းစသော လုပ်ပိုင်ခွင့်များကို ရရှိထားသည်”” ဟု မီးမောင်း ထိုးပြထားသည်။ ဆက်လက်ပြီး ၎င်းအစီရင်ခံစာက ““ဦးပဉ်္စင်းသိက်္ခာသည် ရဟန်းသိက်္ခာနှင့် မတူညီကြောင်း၊ ရဟန်းသိက်္ခာနှင့်ဆရာတော်သိက်္ခာတို့ သည်လည်း သာသနာတော်နှင့်စပ်လျဉ်းသည့်လုပ်ငန်းဆောင်ရွက်ချက်တို့တွင် တန်းတူမဟုတ်ကြောင်း၊ အထူးသဖြင့် ယုံကြည်ရာ အချက်များကို သွန်သင်ခြင်းတွင် အဆင့်အတန်းကွဲပြားမှု ရှိသည်”” ဟု ဖော်ပြထားသည်။

သီလရှင်တစ်ပါးက ““ကက်သလစ်သာသနာတော်ရဲ့အမြင့်ဆုံးအပိုင်းမှာ ဆုံးဖြတ်ချက်ပြုလုပ်တဲ့နေရာမှာ အမျိုးသမီးတွေဟာ အပယ်ခံရတယ်။ ဒီလိုအပယ်ခံရတာဟာ အမျိုးသမီးများမှာ ရဟန်းသိက်္ခာကို မရလို့လား”” ဟု ရဟန်းမင်းကြီးအား မေးသည်။ ရဟန်းမင်းကြီးက ၎င်းသီလရှင်အား ““အမျိုးသမီးများဟာ ထိပ်ဆုံးပိုင်း ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ အပယ်ခံရတယ်ဆိုတာ မိမိအနေဖြင့် လက်မခံပါကြောင်း၊ ရဟန်းမင်းကြီးဆိုင်ရာတရားမျှတခြင်းနှင့်ငြိမ်းချမ်းခြင်းဝန်ကြီးဌာနဆိုရင် အမျိုးသမီးသီလရှင်တစ် ပါးက ဦးဆောင်မှုပြုနေပါကြောင်း၊ နောက်ထပ်သီလရှင်အမျိုးသမီးတစ်ပါးအား ဗာတီကန်တွင် တာဝန်ပေးရန် ကမ်းလှမ်းသော် လည်း သူမက သူမ၏အသင်းဂိုဏ်းတွင် လုပ်ဆောင်ရမည့်တာဝန်များရှိနေ၍ မဖြစ်နိုင်ဟု ငြင်းဆန်လာကြောင်း၊ ဒါကြောင့်မို့ ဆုံးဖြတ်ချက်ချ မှတ်ခြင်းတာဝန်သည် သိက်္ခာတင်ခြင်းနှင့်လုံးဝမပတ်သက်ကြောင်း”” ဖြင့် မီးမောင်းထိုးပြတော်မူသည်။ ဆက်လက်ပြီးရဟန်းမင်းကြီးက ““ကက်သလစ်သာသနာတော်ထဲတွင် အမျိုးသမီးများ၏ ဦးဆောင်ပါဝင်မှု အရေးကြီးနေခြင်းသည် အမျိုးသမီးဝါဒကြောင့်မဟုတ် ဘဲ ဆေးကြောခြင်းမင်္ဂလာခံယူခြင်းမှ ရရှိလာသော အခွင့်အရေးတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးသီလရှင်များအနေဖြင့် အမျိုးသမီးဝါဒရှုထောင့်မှ တောင်းဆိုလာလျှင် အမျိုးသမီးတို့၏အရေးကြီးခြင်းကို ကျဆင်းသွား စေကြောင်း၊ တဖက်တွင်လည်း ရဟန်းတော်တွေက ““ငါတော့ဘုန်းကြီးကွ”” ဟူသော အတွေးအခေါ်ဖြင့် ““ရဟန်းပြီးမှ ပြီးတယ်”” ဟူသော အယူအဆရှိနေခြင်း သည်လည်း ကက်သလစ်သာသနာတော်၏ တိုးတက်ခြင်းကို အဟန့်အတားဖြစ်စေသည့် အပြင် ကက်သလစ်ဘာသာဝင်များကိုလည်း စိတ်ဖိစီးမှု ဖြစ်စေသည်”” ဟု သီလရှင်များအဖွဲ့အား ရှင်းပြတော်မူသည်။

နောက်ဆုံးတွင်မူ ရဟန်းမင်းကြီးဖရန်စစ်က ၎င်းသီလရှင်အကြီးအကဲများအား ““မစ်္ဆားပူဇော်ချိန်တွင်မူ ခရစ်တော်ဘုရား၏ ကိုယ်ပွားကို ယူထားသော ရဟန်းသည်သာ တရားဟောခွင့် ရှိပြီး သီလရှင်များသည် တရားဟောခွင့် မရှိကြောင်း၊ ဘာကြောင့် သီလရှင်များက မစ်္ဆားပူဇော်ချိန်တွင် သြဝါဒပေးခွင့် မရှိကြောင်းကို ဗာတီကန်ရှိယုံကြည်ခြင်းဆိုင်ရာသွန်သင်ချက်ဝန်ကြီးဌာနက ရှင်းပြသောစာတစ်စောင် ကို ပေးပို့လာမည် ဖြစ်ကြောင်း”” ဖြင့် မိန့်ကြားတော်မူခဲ့သည်။ ၀၀၁ ကုန်ဇမှုန်း

1235  Views
Previous: လူဦးရေခုနှစ်သိန်းရှိသော ကက်သလစ်ခရစ်ယာန်များက မြန်မာနိုင်ငံကို ပြုပြင်တည်ဆောက်ရာတွင် ပါဝင်ကြပါစို့။
Next: ကြေးစားဆွီဇလန်နိုင်ငံသားများက ထမ်းဆောင်နေသောဗာတီကန်လုံခြုံရေးရဲတပ်ဖွဲ့များအား ခရစ်တော်ဘုရား၏ သက်သေခံများဟု အမွမ်းတင်တော်မူ