“အပြစ်ရှိတယ်ဆိုတာကို လူသားတွေက လက်မခံဘူးဆိုရင် ခရစ်တော်ဘုရားရဲ့လူ့အဖြစ်ယူခြင်းဟာ အလကား ဖြစ်မယ်” ဟု ဆိုသော ပိုလန်နိုင်ငံမှ ဆရာတော်ကြီး စတာနီစလော်ဂါဒေကီနှင့် တွေ့ဆုံမေးမြန်းခြင်း

Archbishop_Stanislaw_Gadecki_2_president_of_the_Polish_Bishops_Conference_Credit_Andreas_Dueren_CNA_10_12_15

ရောမ၊ အောက်တိုဘာ ၁၃၊ ၂၀၁၅၊ (EWTN News)

ယခုတင်ဆက်ပေးသော တွေ့ဆုံမေးမြန်းခြင်းသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့က ကက်သလစ်သတင်းဌာနက ပိုလန်နိုင်ငံမှ ပိုစနန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး စတာနီစလော်ဂါဒေကီ အား တွေ့ဆုံမေးမြန်းခြင်းကို မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပြီး တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။
မေး။ ဆရာတော်ဘုရား.. ယနေ့ကမ္ဘာကြီးက နားလည်မှုမရှိတဲ့အခြေအနေထဲကို ရောက်နေပါတယ်။ ဒါကြောင့် တပည့်တော်တို့အနေနဲ့ စက်္ကရမင်တူးတစ်ပါးဖြစ်သော လက်ထပ်ထိမ်းမြား ခြင်းကို ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ သေချာနားလည်ဖို့ လိုအပ်လာ ပါတယ်။
ဖြေ။ မှန်ပါတယ်။ လူတစ်ယောက်က လက်ထပ်ထိမ်းမြားခြင်းစက်္ကရမင်တူး (မင်္ဂလာ) ကို ကာနွန် ဥပဒေရှုထောင့်ကနေ သုံးသပ်နိုင်သလို ဘာသာတရားသွန်သင်ချက် (Pastoral Teaching) ရှုထောင့်ကနေလည်း လေ့လာနိုင်ပါတယ်။ ဒုတိယဗာတီကန်ကောင်စီ အစည်း အဝေးမှ ထုတ် ပြန်ထားသော “မျှော်လင့်ခြင်းနှင့် ပျော်ရွှင်ခြင်းGaudium et spes” ဟူသော စာချွန်တော် အပိုဒ်-၄၈ အရ ကက်သလစ် လက်ထပ်ထိမ်းမြားခြင်းကို “တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ဖြည့်ဆီးပေးကြသော အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးတို့၏ ချစ်ခြင်းမေတ္တာနှင့် ဘ၀၏ အတွင်းဆုံးကျသော အဖော်မွန်ပြုခြင်း ဟု အနက်ဖွင့်ဆိုထားပါသည်။ ထို့အပြင် လက်ထပ် ထိမ်းမြားခြင်း ဆိုတာက ခရစ်တော်ယေဇူး ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းရှိခြင်း ဖြစ် သောကြောင့် ကက်သလစ်ခရစ်ယာန်လက်ထပ် ထိမ်းမြားခြင်းသည် လူမှုရေးဆိုင်ရာ အမျိုးသား နှင့်အမျိုးသမီးနှစ်ဦးတို့၏ မိတ်ဖွဲ့ခြင်းမဟုတ်ဘဲ ခရစ်တော် ဘုရားသခင်နှင့်  ကက်သလစ် သာသနာတော်အကြားတွင် တည်ရှိနေသော တစ်လုံးတစ်ဝတည်းဖြစ်ခြင်းနှင့် အဆက်အသွယ် ပြုခြင်း၏ လက်္ခဏာလည်းဖြစ်ပေသည်။ ဂျူးဘာသာမှ ဘာသာရေးဆရာတစ်ဦးက ကျွန်ုပ်တို့ သည် သာမန်လက်ထပ်ခြင်း၊ သဘာဝအရ လက်ထပ် ခြင်းနှင့်ဘာသာရေးအရ လက်ထပ်ခြင်းတို့၏ မတူကွဲပြားခြင်းကိုနားလည်ရန်လိုအပ်သည်ဟု မိန့်ကြားဖူးသည်။ သဘာဝအရလက်ထပ်ခြင်း သည် ယောင်္ကျားနှင့် မိန်းမတို့၏ လက်ထပ်ခြင်း ကိုဆိုလိုသော်လည်း ဘာသာရေးအရလက်ထပ်ခြင်းသည် ယောင်္ကျား၊ မိန်းမနှင့် ဘုရားသခင်တို့၏ သုံးဦး ဖလှယ် လက်ထပ်ခြင်းကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ ၄င်းအချက်သည် ကက်သလစ်သာသနာ တော်၏ လက်ထပ်ခြင်းအနက်ဖြစ်ပေ သည်။ အတိုချုပ်ပြောရသော် ကက်သလစ်သာသနာ တော်၏ လက်ထပ်ခြင်းမင်္ဂလာသည် ခရစ်တော်ယေဇူးဘုရားသခင် ၏ ကျေးဇူးတော်ဖြင့် အဆင့်မြင့်ပေးထားသော အမျိုးသားနှင့် အမျိုးသမီးတို့နှစ်ဦး၏ တစ်လုံးတစ်ဝတည်းရှိခြင်းကို ဆိုလိုသည်။
မေး။ ဆရာတော်ဘုရား.. တပည့်တော်တို့ ဂျာမနီနိုင်ငံမှာ ပြဿနာနှစ်ခုရှိနေပါတယ်။ ပထမ ပြဿနာကတော့ အိမ်ထောင်ရှိနေသော်လည်း တခြားတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံ နေထိုင်သူတွေကို ကိုယ်တော်မြတ်ပင့်ယူခွင့်ပြုခြင်းဖြစ်ပါတယ်။ ဒုတိယပြသာနာကတော့ လိင် တူခြင်း (ယောက်ျားနဲ့ ယောက်ျားအိမ်ထောင်ပြုခြင်း၊ မိန်းမနဲ့ မိန်းမချင်းအိမ်ထောင်ပြုခြင်း) ပြဿနာတွေဖြစ်ပါတယ်။ အဲဒါကို ဘယ်လို အမိန့်ရှိချင်ပါသလဲ။
ဖြေ။ လိင်တူခြင်း (ယောက်ျားနဲ့ ယောက်ျားအိမ်ထောင်ပြုခြင်း၊ မိန်းမနဲ့ မိန်းမချင်းအိမ်ထောင်ပြုခြင်း) အိမ်ထောင်ပြုတာကို လက်ထပ် ထိမ်းမြားခြင်းလို့ ခေါ်လို့မရဘူး။ သူတို့ဟာသူတို့ ဘယ်လိုပဲ ခေါ်ခေါ်၊ ကက်သလစ်သာသနာတော်အနေနဲ့က ယောင်္ကျားနဲ့ မိန်းမတို့နှစ်ဦး ၏ ပေါင်းသင်းဆက်ဆံမှုကိုသာ လက်ထပ်ထိမ်းမြားခြင်းလို့ခေါ်ရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ အခု ဗာတီကန်မှာကျင်းပတဲ့ မိသားစု ညီလာခံက မိသားစုပြဿနာတွေကိုဖြေရှင်းဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်တဲ့ ညီလာခံမဟုတ်ဘူး။ လူတွေက အဲဒါကို နားမလည်ကြ ဘူး။ ယောင်္ကျားနဲ့ မိန်းမ တို့နှစ်ဦး၏ ပေါင်းသင်းဆက်ဆံခြင်းကိုသာ လက်ထပ်ထိမ်းမြားခြင်းလို့ နှစ်ပေါင်း ၂၀၀၀ ကျော် ရှင်သန်လာခဲ့တဲ့ ယဉ်ကျေးမှုဓလေ့ကို အခုခေတ်ရောက်မှ နိုင်ငံရေးအတွက် နိုင်ငံတစ်နိုင်ငံ၊ အစိုးရတစ်ခုခုက ဆန့်ကျင်ပြီး လိင်တူခြင်းအတူတူနေထိုင်မှု အိမ်ထောင်ပြုခြင်းကို “လက်ထပ်ထိမ်းမြားခြင်း” လို့ ဥပဒေအရသတ်မှတ်ခြင်းသည် ယဉ်ကျေးမှုကိုဖျက်ဆီးခြင်းဖြစ်ပါတယ်။ အခု ကျွန်တော်တို့ဆရာတော်တွေ၊ ရဟန်းမင်းကြီးနဲ့ ဗာတီကန်မှာကျင်းပပြုလုပ်တဲ့ မိသားစုညီလာခံဟာ မိသားစုများ ၏  မြင့်မြတ်သော ခေါ်တော်မူခြင်းနှင့် အခက်အခဲများကို ၀ိုင်းဝန်း ဆွေးနွေးပြီး ရဟန်းမင်းကြီးအားအကြံပြုချက်များကို သာပေးဖို့ အတွက် ခေါ်ယူထားတဲ့ ဓမ္မညီလာခံဖြစ်ပါတယ်။ အိမ်ထောင်ကွဲပြီး တခြားတစ်ယောက်နဲ့ အိမ်ထောင်ကျသူတွေကို ကိုယ်တော်မြတ် ပင့်ယူခွင့် ပေးသင့်မပေးသင့်ဆိုတဲ့အကြောင်းအရာတွေကို ဒီညီလာခံမှာ ဆုံးဖြတ်ဖို့မဟုတ်ပါဘူး။ ဥပဒေအရပြောရလျှင် ကက်သလစ် သာသနာတော်အတွက်ကမူ အိမ် ထောင်ကွဲခြင်းနှင့် တခြားလူနှင့် ပြန်လည်အိမ်ထောင်ပြုခြင်းတို့ကို ဆန့်ကျင်သော ခရစ်တော် ဘုရားရှင်၏နှုတ်ထွက်စကားတော်များသည် သန့်ရှင်းဖြူစင်ခြင်းလမ်းစဉ်အတွက် ညွန်ကြားချက် များကိုပေးသည့်အပြင် စက်္ကရမင်းတူးကိုပါ ထူထောင်ပေးတော်မူပါသည်။
မေး။ အဲဒါက ဘာကိုဆိုလိုတာပါလဲဘုရား။ တချို့ဓမ်္မပညာရှင်တွေက ခရစ်တော်ရဲ့ သွန်သင်ချက် တွေကို တကယ့်လက်တွေ့ ကျင့်သုံးတဲ့နေရာမှာ ပြောင်းလို့ရတယ်လို့ပြောနေကြပါတယ်။ တကယ်လို့များ၊ ဘာသာရေးချဉ်းကပ်မှုကပြောင်းလာရင်၊ ကက်သလစ် သာသနာတော်ရဲ့ ယုံကြည်ရာသွန်သင်ချက်ကလဲ ပြောင်းလာမလား။
ဖြေ။ အရာအားလုံးက ပြောင်းလဲနေပါတယ်။ အတွေးအခေါ်ယူဆမှုက ပြောင်းလဲတယ်ဆိုရာ အလေ့ အကျင့်ယဉ်ကျေးမှု ကလည်း ပြောင်းလဲသွားပါတယ်။ ဒါကြောင့်မို့ လူတွေရဲ့ အလေ့အကျင့်က ပြောင်းလဲလာနိုင်တယ် (၀ါ) လူတွေရဲ့အလေ့အကျင့် က ပြောင်းလဲလာနိုင်မှာ မဟုတ်ဘူးဆိုပြီး ကြိုတင်ခန့်မှန်းချက်အပေါ်မူတည်ပြီး ကက်သလစ်သာသနာတော်ရဲ့ ယုံကြည်ရာ သွန်သင် ချက်ကို ပြောင်းလို့မရပါဘူး။
မေး။ လိင်တူနေထိုင်ခြင်းအကြောင်းကို ပြန်ပြီးဆွေးနွေးချင်ပါတယ်ဘုရား။ ဂျာမနီနိုင်ငံမှာ လိင်တူ အိမ်ထောင်ပြုသူတွေဟာ အချင်းချင်း သစ္စာရှိကြသလို တာဝန်လည်းယူကြတယ်လို့ လူမှုရေး သုတေသနက ဆိုထားပါတယ်။ အဲဒါဘယ်လိုမြင်ပါသလဲ။
ဖြေ။ စစ်တမ်းကောက်ယူမှုတွေနဲ့ သုတေသနစာတမ်းတွေက ဓမ္မသဂြိုလ်ပညာရပ်မှာ အထောက် အကူပေးနိုင်ပေမယ်လို့ ဆုံးဖြတ်ချက်ချ တဲ့နေရာမှာတော့ အကျိုးမရှိပါဘူး။ မြတ်စွာဘုရား ယေဇူးက မိန့်ကြားတော်မူခဲ့တဲ့အတိုင်း ဘုရားသခင်ဟာ ယောင်္ကျားနဲ့ မိန်းမတို့ကို ဖန်ဆင်း တော်မူပြီး အချင်းချင်း အပြန်အလှန်ကူညီဖေးမသော ပေါင်းသင်းဆက်ဆံမှုကိုသာ တည်ထောင် ခဲ့ပေးပါတယ်။ အဲဒါကို လက်ထပ်ထိမ်းမြားခြင်းလို့ သတ်မှတ်ပါတယ်။ ဒါကြောင့်မို့ အာဖရိက တိုက်ကဆရာတော်တွေက မိမိတို့နိုင်ငံမှာ မိန်းမလျာများအား လက်ထပ်ခြင်း Gay Marriage ကို ဥပဒေအရ ပြဋ္ဌာန်းနိုင်အောင်လုပ်ပေးမယ်ဆိုရင် ငွေကြေးအထောက်အပံ့အများကြီးရမယ်လို့ ဥရောပအဖွဲ့အစည်းတချို့ရဲ့ပြောဆိုမှုကို ရှုတ်ချခဲ့ကြတာဖြစ်ပါတယ်။
မေး။ ဘယ်အဖွဲ့အစည်းတွေကို ကိုယ်တော်က ပြောနေပါသလဲ။
ဖြေ။ ငွေကြေးထောက်ပံ့တဲ့အဖွဲ့တွေ အများဆုံးရှိတဲ့ ဥရောပနိုင်ငံ (၀ါ) နယူးယောက်မြို့လို၊ ၀ါရှင်တန်မြို့လိုမျိုးမှာ ရှိနေကြတဲ့အဖွဲ့တွေကို အများအားဖြင့် ထင်ကြေးပေးနေကြပါတယ်။
မေး။ ကက်သလစ်သာသနာတော်ထဲမှာရော “မိန်းမလျာစည်းရုံးမ I Gay Lobby” ဆိုတာ ရှိနေပါသလား။
ဖြေ။ အမြော်အမြင်ကြီးတဲ့ဆရာတော်တွေနဲ့ ရဟန်းတော်တွေက ကက်သလစ်သာသနာတော်ထဲမှာ ဒီလိုမျိုးမိန်းမလျာစည်းရုံးမှုကို လုပ်မယ်လို့မထင်သလို ကောင်းတဲ့ရလဒ်တွေလည်းအပြင် လောကမှာ လိုရမယ်မထင်ပါဘူး။ ဒါပေမယ့်ဖြစ်နိုင်ခြေရှိတာကတော့ တချို့မိန်းမလျာတွေက သူတို့ရဲ့မိန်းမလျာဖြစ်နေခြင်းကို အသင်းတော်ထဲမှာသည်းခံဖို့တော့ လုပ်ကောင်းလုပ်နိုင်ပါ တယ်။ ကက်သလစ် သာသနာတော်အနေနဲ့ကတော့ မိန်းမလျာတွေကို သည်းခံပေးနိုင်သလို ယုယမြတ်နိုးနိုင်ပေမယ့် သမ္မာကျမ်းစာ ရဲ့ ဘောင် ကို ကျော်ပြီးတော့ မိန်းမလျာတွေကို မြှင့်တင် ပေးမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကက်သလစ် သာသနာတော် ဟာ မြတ်စွာဘုရား သခင်ရဲ့ နှုတ်ထွက်စကားတော်အတိုင်း အသက်ရှင်နေလို့ပဲဖြစ်ပါတယ်။
မေး။ ဂျာမနီနိုင်ငံမှာရှိတဲ့ သြဇာရှိတဲ့သူတွေက၊ ဂျာမနီနိုင်ငံရှိကက်သလစ်သာသနာတော်အနေနဲ့ မိသားစုညီလာခံ၏ ဆုံးဖြတ်ချက်ကို မစောင့်ဘဲ၊ ပိုလန်နိုင်ငံ၊ အာဖရိကနိုင်ငံတွေမှာ ခွင့်မပြု နိုင်တဲ့အရာတွေကို ဂျာမနီနိုင်ငံရှိ ကက်သလစ်သာသနာတော်မှာ ဆုံးဖြတ်ပြီး ခွင့်ပြုမယ်လို့ ပြောနေကြပါတယ်။
ဖြေ။ မဖြစ်နိုင်ပါဘူး။ ကာနွန်ဥပဒေရဲ့ကျင့်ထုံးအရ နိုင်ငံတစ်ခုမှာရှိတဲ့ ကက်သလစ်ဆရာတော် တွေအနေနဲ့ အဲဒီနိုင်ငံရဲ့ အခြေအနေအပေါ်မူတည်ပြီး ဥပဒေတချို့ကို ပြဋ္ဌာန်းနိုင်အောင် ကာနွန်ဥပဒေပုဒ်မတချို့က ခွင့်ပြုပေးထားပါတယ်။ ကက်သလစ် အသင်းတော်ရဲ့အခြေအနေ မှန်ဟာ အာဖရိကတိုက်၊ ဥရောပတိုက်နဲ့ အာရှတိုက် စတဲ့ဒေသတွေမှာ မတူကွဲပြားမှုတွေ ရှိတာ တော့မှန်ပါတယ်။ ဒါပေမယ့်မတူညီသောဒေသ၏ အသင်းတော်အခြေအနေကို ဒုတိယအဆင့်တွင် စဉ်းစားရမှာဖြစ်ပြီး ပထမ အဆင့်မှာ စဉ်းစားရမှာက ကက်သလစ်သာသနာ တော်၏သွန်သင်ချက်တွေဟာ စည်းလုံးမှုရှိနေရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဆိုလိုတာ ကတော့ ကက်သလစ်သာသနာတော်ရဲ့သွန်သင်ချက်ဟာ တစ်ခုတည်းနဲ့ တူညီသောအချက် ဖြစ်နေရပါမယ်။ ကက်သလစ် သာသနာတော်ဟာ တစ်ခုတည်း၊ တကမ္ဘာလုံးနှင့် သက် ဆိုင်ခြင်းနှင့် တမန်တော်မှ ဆင်းသက်လာသော အသင်းတော်ဖြစ်ပါတယ်။
မေး။ ဆရာတော်ဘုရားက အသင်းတော်ကိုခုခံတဲ့ပုဂ်္ဂိုလ် an exgete  ဖြစ်ပါတယ်။ သမ္မာကျမ်း စာထဲမှာတော့ ဘုရားသခင် က ပေါင်းစပ်ထားသောအရာကို လူသားက မခွဲမခွာစေရလို့ မိန့် ကြားထားပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့မှာ  အီတလီနိုင်ငံ သားတွေ အပါအ၀င် ကွဲပြားတဲ့အသင်းတော်ကိုခုခံသူတွေက ခရစ်တော်ရဲ့ နှုတ်ကပတ်တော်ဟာ မပျက်ပြယ်နိုင်မှု ကို ပျက်ပြယ်စေနိုင် တယ်လို့ ပြောဆိုကြပါတယ်။ ဒီအယူအဆကို ဆရာတော်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ကျွန်တော့်အနေနဲ့ ဒီအဆိုပြုချက်ဟာ ခရစ်တော်ဘုရားရဲ့ နှုတ်ထွက်စကားတော်များနှင့် ဆက်နွယ်ပြီး ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပါတယ်။ ဒီအထောက်အပံ့ဟာ ဂျူးဘာသာ၊ အစ်္စလာမ်ဘာသာတွေကိုပြန်ကြည့်ရင် ပိုပြီးတော့နားလည်နိုင်ပါတယ်။ တကယ်တော့ လက်ထပ်ထိမ်းမြားခြင်းသည် လူနှစ်ဦးအကြားတွင်ပြုလုပ်သော သဘောတူညီချက်ဖြစ်ပါ တယ်။ ဒီသဘောတူညီချက်ကို အချိန်မရွေး ပယ်ဖျက်နိုင်ပါတယ်။ ဥပမာ-ကျွန်တော့်နိုင်ငံ ပိုလန်မှာဆိုရင် အမျိုးသမီးအများကြီးကခံစားချက်ကို ဦးစားပေးကြပြီး မွတ်ဆလင်တွေနဲ့ ပေါင်းသင်းနေထိုင်ကြခြင်းဖြင့် စက်္ကရမင်းတူးလို့ မှားယွင်းစွာနားလည်ပြီး အိမ်ထောင်ပြု နေကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်္စလမ်ဘာသာမှာက အိမ်ထောင်ပြုခြင်းကို သဘောတူညီချက်လို့ ပြဋ္ဌာန်းထားပြီး ဒီသဘောတူညီချက်ကို အချိန်မရွေး ပယ်ဖျက်လို့ရတယ်။ ကျွန်တော့်အမြင်အရပြောရသော် ဂျာမနီ၊ အီတလီနိုင်ငံတွေမှာက အိမ်ထောင်ကွဲခြင်းကို ဥပဒေ အရတရားဝင်ဖြစ်အောင်လုပ်နေကြပြီး ခရစ်တော်ဘုရားဟာ မိမိ မိန့်ကြားခဲ့သော တရားတော် ကို မိန့်ကြားခဲ့ခြင်း မရှိ ဟု ပြောဆိုလို သူတွေရှိနေကြပါတယ်။ လက်တွေ့ကျပြောရရင် ကျွန်တော်တို့ဟာ လက်ထပ်ထိမ်းမြားခြင်း၏ ပယ်ဖျက်မရသောသွန်သင်ချက်ကို စိုးရိမ်စေတဲ့ပြဿနာ တွေကို ဖြေရှင်းနေကြပါတယ်။ ဒီအဆိုဟာ ကျွန်တော့်အတွက်တော့ ပညာသားပါသော စွန့်လွှတ်ခြင်း ၏ ပြောဆိုမှုလို့ ခေါ်ချင်ပါတယ်။
မေး။ ရဟန်းမင်းကြီး ယောဟန်ပေါလူး (၂) က “မိသားစုများကို  စောင့်ရှောက်တော်မူသော  ရဟန်္တာ” တင်မကဘူး၊ ကရုဏာရှင်ယေဇူး ဘုရား၏ ကြီးမားသောသာသနာပြုပုဂ်္ဂိုလ်လည်း ဖြစ် တော်မူပါတယ်။ ဒီခေတ်ကြီးကလူတွေက “သနားခြင်း” အကြောင်းကိုပဲပြောကြပြီး “တရား မျှတခြင်း၊ အပြစ်၊ အမှန်တရား” အကြောင်းကို ပြောဖို့မေ့နေကြပါတယ်။
ဖြေ။ တကယ်တော့ တရားမျှတခြင်းနှင့် သနားခြင်းတို့နှစ်ခုက သီးသန့်ခွဲထုတ်မရဘူး။ ဘာဖြစ် လို့လဲဆိုတော့ သူတို့ ဟာ နှစ်ခုစလုံးရဲ့အခြေအနေကို ရောင်ပြန်ဟပ်နေပါတယ်။ တရား       မျှတခြင်းက လူတစ်ယောက်ရဲ့ရပိုင်ခွင့်ကိုပေးခြင်းဖြစ်ပြီး သနားခြင်းကတော့ လူတစ်ယောက် အပေါ်မှာ မှန်ကန်စွာနဲ့ မျှတမှုမရှိဘဲပေးကမ်းခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ဒီနှစ်ခုကို ကက်သလစ်သာသနာတော်ရဲ့ သွန်သင်ချက်ရှုထောင့်ကနေကြည့်ရင် ခွဲထုတ်လို့ မရဘူး။ အကန့်အသတ်မဲ့သော ဘုရားသခင်ရဲ့ သနားခြင်းဟာ ကျမ်းစာထဲက ပြန်လာသော သားမိုက်က အဖေဖြစ်သူက နွေးထွေးစွာကြိုဆိုတဲ့ ပုံပြင်အတိုင်းပဲဖြစ်ပါတယ်။ ပြန်လာတဲ့ သားမိုက်ကိုကြိုဆိုတဲ့အဖေရဲ့ကြိုဆိုခြင်းဟာ ဘုရားသခင်ရဲ့တည်ကြည်ခြင်းကိုဖော်ပြတာဖြစ်ပြီး  လူသားတွေရဲ့အပြုအမှုက ဘုရားသခင် ကိုမထိန်းချုပ်ထားဘူး။ အပြစ်သားတွေရဲ့ လုပ် ရပ်က ဘုရားသခင်ရဲ့တည်ကြည်ခိုင်မြဲသောစိတ်ကို မပြောင်းလဲစေနိုင်ဘူး။
မေး။ မိသားစုနဲ့ပတ်သက်ပြီး သနားခြင်းဆိုတဲ့ဝေါဟာရက ဘယ်လိုအဓိပ်္ပါယ်ရှိမလဲ။
ဖြေ။ မြတ်စွာဘုရားသခင်က မိမိ၏သနားကြင်နာခြင်းမေတ်္တာတော်ကို လူတစ်ဦးဆီကို ဖော် ထုတ်ပါတယ်။ အထူးသဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ်္တာတော်ကို မိသားစုတွေနဲ့ လက်ထပ်ထိမ်းမြားခြင်းတွေအပေါ်မှာ ပိုပြီးဖော်ထုတ်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်းက ဘယ်လိုမျိုးအခြေအနေထဲမှာပဲရှိနေပါစေ၊ ပုံမှန် (၀ါ) ပုံမှန်မဟုတ်ရင်လည်း၊ ဘုရားသခင်၏ သနားခြင်းဂရုဏာတော်သည် လက်ထပ် ထိမ်းမြားခြင်းတည်တံ့သော ကာလတစ်ခုလုံးတွင် အမြဲလိုက်ပါတည်ရှိနေပါတယ်။ အဲဒီလိုအမြဲလိုက်ပါတည်ရှိနေမှသာလျှင် အဲဒီလက်ထပ် ထိမ်းမြားခြင်းသည် ကိလေသထဲမကျရောက်ကြဘဲ အပြစ်ထဲကနေရုန်းထွက် လာပြီး ကျေးဇူး တော်ဆီ ကို ပြန်လာနိုင်ကြ မှာဖြစ်ပါတယ်။
မေး။ ဒီခေတ်ကြီးမှာ လူတွေရဲ့အသိစိတ်မှာက “အပြစ်ဖြစ်တယ်” ဆိုတဲ့ အသိတရားက ပျောက် ကွယ်နေပြီ။ တဖက်မှာလည်း ကက်သလစ်သာသနာတော်အနေနဲ့ ခေတ်အခြေအနေကို လိုက်ပြီး ပြောင်းလဲသင့်တယ်လို့လည်း ပြောနေကြပြန်တော့ ဘုရားသခင် ရဲ့အဆင့်အတန်း     ကို လူမှုရေးအဆင့်ထိ လျှော့ချရမယ့်အခြေအနေကို ရောက်နေတယ်။ ဒီအတွေးအခေါ်က တကယ်အောင်မြင်မလား။
ဖြေ။ ဒီအတွေးအခေါ်ကအနာဂါတ်မရှိဘူး။ မအောင်မြင်နိုင်ဘူး။ တစ်ခါတလေကျတော့ ကျွန်တော် တို့က ဘာသာရေး အခြေအနေ ကိုဖော်ပြဖို့အတွက် လူမှုရေးဘာသာရပ်ကို အသုံးပြုကြရပါတယ်။ ဆန့်ကျင်ဖက်ပြောရရင် လူတစ်ယောက်ရဲ့အသိတရားထဲမှာ အပြစ်ဖြစ်တယ် ဆိုတဲ့အသိတရားက မရှိတော့ဘူးဆိုရင် လက်တွေ့မှာတော့ စိတ်သဘောထားတိုင်းဟာ ကောင်းတယ်လို့ ယူဆလို့ရပါ တယ်။ လူတစ်ယောက်ဟာ ခရစ်တော်ဘုရားရဲ့ နှုတ်ထွက် စကားတော်ကနေစတင်ရုံကလွဲပြီး အပြောင်းအလဲလုပ်ဖို့ စတင်စရာမရှိပါဘူး။ ခရစ်တော် ဘုရားကိုယ်တော်တိုင်ကလည်း အပြစ်သားတွေအတွက် ဒီလောကထဲကို ဆင်းကြွလာတော် မူတယ်ဆိုတာကို တိတိလင်းလင်းမိန့်ကြားခဲ့ပါပြီ။ အဲဒီတော့ ကျွန်တော်တို့လူသားတွေက အပြစ်ဖြစ်ခြင်းကို အသိအမှတ်မပြုဘူးဆိုရင်၊ ခရစ်တော်ဘုရားရဲ့ ဒီလောကထဲကို ဆင်းကြွ လာခြင်းဟာ အဓိပ်္ပါယ်မရှိတော့ဘူး။ ကျွန်တော်တို့အနေနဲ့ ခရစ်တော် ဘုရားရဲ့ လူ့အဖြစ်ကို ယူတော်မူခြင်း တစ်ခုလုံးကို အဓိပ်္ပါယ်ကင်းမဲ့စေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်တော် ဘုရားဟာ လူသားတွေအတွက် မဆင်းကြွားလာဘူး လို့ယူဆရင် ခရစ်တော်ဘုရားရဲ့ အပြင် ဖက်မှာ ကယ်တင်ခြင်းဆိုတာလည်း မရှိနိုင်ဘူး။
မေး။ ဒီခေတ်ကြီးမှာ ကျားမတန်းတူရှိခြင်းဆိုတဲ့အတွေးအခေါ်ကကြီးစိုးနေတယ်။ ကိုယ်တော် လည်းပဲ ကွန်မြူနစ်စနစ်မှာ ကြီးထွားလာ ခဲ့တယ်။ အဲဒီတန်းတူရှိခြင်းဆိုတဲ့ဝါဒနဲ့ အတိတ်က ကြီးထွားခဲ့တဲ့ ကွန်မြူနစ်စနစ်တွေဟာ မိသားစုနှင့်လက်ထပ် ထိမ်းမြားခြင်းတို့ အကြား တွင် ဆန့်ကျင်ဖက်များ တွေ့မိပါသလား။
ဖြေ။ မှန်ပါတယ်။ အရာရာတိုင်းလိုမှာ တစ်ခုခုတော့ရှိစမြဲပါ။ ကွန်မြူနစ်ဝါဒနဲ့ ကွန်မြူနစ်စနစ် အလွန်မှာ ရှိနေကြတဲ့လှုပ်ရှားမှုတွေဟာ ပုထုဇဉ်လူသားကို လေးစားတန်ဖိုးမထားကြတာက တော့အတူတူပါပဲ။ တနည်းပြောရရင်တော့ ဒီစနစ်တွေဟာ လူသားတွေကို ခရစ်ယာန်ဘာသာ တရားကဲ့သို့ပင်မလေးစားကြဘူး။ ဒီဝါဒလှုပ်ရှားမှုတွေဟာ လူသားတစ်ဦး၏ အတွင်းပိုင်း   ဆိုင်ရာ နက်ရှိုင်းမှုကို အလုံးစုံဖျက်ဆီးပစ်ချင်ကြပါတယ်။ ကွန်မြူနစ်ဝါဒဟာ လူ့အဖွဲ့အစည်း ကို အလွှာလိုက်၊ လူတန်းစားလွှာများ၏ တစ်လုံးတ၀တည်းရှိခြင်းကို ခွဲပစ်ချင်ပါတယ်။ ဒီလို ခွဲပစ်ခြင်းမျိုးကို နူးညံ့သောအတွင်းပိုင်းဖြစ်သော ကျားမတန်းတူဟူသော ကဏ္ဍကနေ ၀င် ရောက်လာပါတယ်။
မေး။ နူံးညံ့သောသီအိုရီက ပိုပြီးတော့အန်္တရာယ်ရှိတယ်လို့ မိန့်ကြားလိုတာလား။
ဖြေ။ သိပ်မှန်တာပေါ့။ လူသားသည် ယခုခေတ်သီအိုရီလို မြန်မြန်ဆန်ဆန် သူ့ကိုယ်သူ ဦးတည် ခြင်းမပြုပါဘူး။ မက်စ်ဝါဒထဲမှာ မတရားသောသီအိုရီများ ရှိနေတာကို လူသားကသိပါတယ်။ အဲဒီတော့ ကျားမ (လိင်) ကိစ်္စကိုပြောကြမယ်ဆိုရင် လူသားသည် ကွဲပြားနေပြီး ယဉ်ကျေးမှု တွေဟာလည်း မတူညီကြတာကိုကြည့်ပြီးတော့ လူတစ်ဦးက အကျိုးရှိတယ်လို့ပေါ်လွင်နေ တဲ့အရာတစ်ခုကို ဖမ်းဖို့ကြိုးစားနေမှာဖြစ်တယ်။ တဖက်ကပြောရင် လူတစ်ဦးအား သူ့ကို အခြေခံပြီး ဆက်ဆံမယ်ဆိုရင် ဒါက လူတစ်ဦးချင်းကို အရေးပေးသောအုတ်မြစ်ဖြစ်သွားမယ်။ တနည်းပြောရရင် ကျားမတန်းတူဝါဒက အခန်းထဲကိုဝင်လာပြီဆိုရင် အဲဒီအတွေးအခေါ်     က အယူအဆသက်သက်ဖြစ်ပြီး အဲဒီအယူအဆဟာ ခင်ပွန်းနှင့် အိမ်ထောင်မှုဆိုင်ရာ ဆက်ဆံ မှုကို ဖျက်ဆီးရန်ကြိုးစားနေခြင်းဖြစ်ပါတယ်။
မေး။ ကက်သလစ်သာသနာတော်က ကျားမတန်းတူဝါဒနှင့် မက်စ်ဝါဒတို့အပေါ် ဘယ်လိုတန်ပြန် လုပ်ဆောင်နိုင်မလဲ။
ဖြေ။ ကျွန်တော့်အမြင်ပြောရရင်တော့ ဒီဝါဒနှစ်ကို လူသားတို့၏တန်ဖိုးကို လူသားတို့အား သတိ မူစေသော လက်ထပ်ထိမ်းမြားခြင်းနှင့် မိသားစုတို့၏တောက်ပမှု၊ ချစ်ခြင်းနှင့် တာဝန်ယူခြင်း တို့ကိုသင်ကြားပေးသော ကက်သလစ်သာသနာတော်ရဲ့ မှန်ကန်သော သွန်သင်ချက်နဲ့ပဲ တန်ပြန်ရမှာဖြစ်ပါတယ်။ ကက်သလစ်သာသနာတော်က လက်ထပ်ခြင်းနှင့်မိသားစုအပေါ် ပေးကမ်းနိုင်သော အကူအညီနှင့်ပြန်လည်တုံ့ပြန်ခြင်းတို့က ကက်သလစ်သာသနာတော်    တွင် ပုထုဇဉ်လူသားကိုတုံ့ပြန်သော မနုဿဗေဒရှိတယ်ဆိုတာ တည်ဆောက်ပေးထားပါတယ်။ ဒီအချက်ကိုသင်ကြားပေးခြင်းနှင့် အမှတ်ရစေခြင်းအားဖြင့် ကက်သလစ်သာသနာတော်သည် ရဟန်းမင်းကြီးဖရန်စစ် တင်စားတော်မူသော “ကွင်းပြင်ဆေးရုံ” ဟု ခေါ်သော အခြေအနေသို့ ရောက်စေသော ဧရာမခြေလှမ်းကိုပြီး ဆုံးစေပါတယ်။ အသင်းတော်ဟာ ကွင်းပြင် ဆေးရုံ အခန်းကဏ္ဍကိုလုပ်ဆောင်ရင်း ကျိုးပဲ့နေသူများကို ကုသပေးနေပါတယ်။ ဒီကုသမှုက တစ်ခါ တလေမှာတော့ မအောင်မြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်လူသားဟာ ပုဂ်္ဂလဆန် သောအတွေးအခေါ်ထဲတွင်ပိတ်မိနေပြီး တခြားအတွေးအခေါ်များကို လက်မခံတော့ဘူး။ တခြားအခက်အခဲများကို သတိမူရမှာကတော့ လက်ထပ်ခြင်းနှင့် မိသားစု အတွက် ကောင်းမွန် သောပြင်ဆင်မှုကို ပြုလုပ်ပေးခြင်းအားဖြင့် လက်ထပ်မယ့်သူများဟာ လက်ထပ်ခြင်းက ပန်းကျဲခြင်း၊ လှပသော အ၀တ်အစားများကိုဝတ်ဆင်ခြင်းမဟုတ်ဘဲ ရာသက်ပန်ဖျက်ဆီး မရသော စက်္ကရမင်းတူးဖြစ်တယ်ဆိုတာကို သူတို့တတွေသိလာကြ မှာဖြစ်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်းအတွက် ကောင်းမွန်သောပြင်ဆင်ခြင်းဆိုတာက လက်ထပ်ကြမယ့် ဇနီးမောင်နှံ တို့ရဲ့ ယုံကြည်ခြင်းကိုဖော်ထုတ်ခြင်း၊ သူတို့ဇနီးမောင်နှံမှာ ယုံကြည်ခြင်း ရှိမရှိကို စမ်းသပ်ခြင်း လည်းပါဝင်ပါတယ်။ လက်ထပ်ကြမယ့် ဇနီးမောင်နှံမှာ ယုံကြည်ခြင်းမရှိဘူးဆိုရင် သူတို့ရဲ့ လက်ထပ်ခြင်းကပျက်စီးမှာဖြစ်သလို သူတို့နှစ်ဦးအား ခရစ်တော်ဘုရားက အရှင်မြတ် ၏ ကျေးဇူးတော်နှင့်အတူ အမြဲတမ်းလျှောက်လှမ်းနေသော်လည်း စက်္ကရမင်းတူးသည် ပြည့်စုံခြင်းသို့ မရောက်နိုင်ဘူး။ လက်ထပ်ခြင်းနှင့် မိသားစုများကို ကူညီနိုင်မယ့်နည်းလမ်းတွေလည်း ရှိကြ ပါသေးတယ်။ ကက်သလစ်သာသနာတော်ရဲ့ အရင်နဲ့ လက်ရှိသွန်သင်ချက်မှာ ကွဲပြားမှုက တော့ လူတွေက လက်ထပ်မထပ်ခင် စောစော၊ အနီးကပ်နှင့် ခဏခဏပြင်ဆင်ခဲ့ကြပေမယ့် ဒီခေတ်မှာတော့ လက်ထပ်ခြင်း အတွက် ပြင်ဆင်မှုဟာ သက်ဆုံးတိုင်ပြင်ဆင်ခြင်း၊ သေသည့် အထိ အမြဲတမ်းအတူတူလက်တွဲခြင်းဆိုတဲ့ အတွေးအခေါ် ဖြစ်သွားပါတယ်။
မေး။ ယနေ့ခေတ်မှာ ကျွန်တော်တို့အားလုံးက ကျားမ၀ါဒနှင့် ရုပ်ဝတ်္တုဝဒါတို့ကို ရင်ဆိုင်နေကြ ပါတယ်။ နောက်ထပ်စိန်ခေါ်ချက်ကတော့ လက်ထပ်ထိမ်းမြားခြင်းကို စီးပွားရေးတစ်ခုအဖြစ် ပြုလုပ်ခြင်း၊ တခြားနည်းဖြင့်ပြောရရင် လက်ထပ်သူစုံတွဲအကြားထဲမှာရော အပြင်မှာပါ စီးပွားရေးအဖြစ် တွက်ချက်ခြင်းဖြစ်ပါတယ်။ ဒီလိုအခြေအနေအပေါ်မှာ သာသနာတော် အနေ နဲ့ လက်ထပ်သူတွေကို ဘယ်လိုပံ့ပိုးနိုင် မလဲဆိုတာသိချင်ပါတယ်။
ဖြေ။ ကျွန်တော့်အထင်ပြောရရင်တော့ အခြေခံကျတဲ့ပံ့ပိုးမှုကတော့ လူကို တခြားသောစီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့်အရာ အားလုံးထက်ပိုပြီး ဦးစားပေးဂရုစိုက်ရမှာဖြစ်ပါတယ်။ လူသားဟာ ကက်သလစ်သာသနာတော်ရဲ့ အဓိကဦးတည်ချက်ဖြစ်ပါတယ်။ ဒီအတွေးအခေါ် သာ တကယ်အောင်မြင်တယ်ဆိုရင် လူသားဟာ စီးပွားရေးအသုံးခံမဟုတ်တော့ဘဲ စီးပွားရေး ကသာလျှင် လူသား ရဲ့အသုံးခံဖြစ်လာမှာဖြစ်ပါတယ်။
မေး။ လက်ထပ်ထိမ်းမြားခြင်းက ကုန်ပစ်္စည်းမဟုတ်ဘူးလို့ ပြောချင်တာလား။
ဖြေ။ မှန်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်းက ထုတ်ကုန်ပစ်္စည်းမဟုတ်ပါဘူး။ တကယ်လို့ ကျွန် တော်တို့က လက်ထပ်ထိမ်းမြားခြင်းနှင့် မိသားစုကို စီးပွားရေးထက် ပိုပြီးအထင်သေးမယ်ဆိုရင် စီးပွားရေးက သူတို့နှစ်ခုကို အနိုင်ကျင့်လာမယ်။
မေး။ ဒီအချက်ကို ကက်သလစ်သာသနာတော်အနေနဲ့ လူတွေသတိမူလာအောင် ဘယ်လိုလုပ် သင့်ပါသလဲ။
ဖြေ။ ကက်သလစ်သာသနာတော်ရဲ့ လူမှုရေးဆိုင်ရာသွန်သင်ချက်က အကောင်းဆုံးပါပဲ။ လူတစ်ဦးမှာ ဘာရှိသလဲဆိုတာထက် လူဖြစ်နေခြင်းက ပိုပြီးတော့တန်ဖိုးရှိတယ်ဆိုတာကို      လူတွေအားလုံးက သိထားရမှာဖြစ်ပါတယ်။ တကယ်လို့များ လက်ထပ်ခြင်းနဲ့ မိသားစုတွေ က မြန်ဆန်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုနောက်ကိုလိုက်နေရင် ကြီးမားတဲ့ထိခိုက်မှုက မိသားစုအပေါ် ကျရောက်လာတယ်။ သာဓကတချို့ကိုပြောရရင် လူငယ်တွေ၊ လူတော်တွေဖြစ်ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ မိမိတို့ကျွမ်းကျင်တဲ့ပညာနဲ့ လုပ်ငန်းခွင်ကိုရောက်လာကြတဲ့အခါမှာ အလုပ်ရှင်တွေရဲ့ ခြယ်လှယ်မှုကိုခံစားကြပြီး တစ်ရက်မှာ (၁၂) နာရီကနေ (၁၄) နာရီအထိ ည့ဉ်သန်းခေါင်အထိ အလုပ်လုပ်လာကြတယ်။ လုပ်ငန်းတွေမှာ လစာကောင်းကောင်းရ လာကြတော့ အလုပ်ပင်ပန်းမှုအပေါ် မူးယစ်ဆေးဝါးတွေကို သုံးစွဲလာကြတော့တယ်။ ဒီလူငယ် တွေဟာ ဘ၀ပျက်စီးတဲ့အခါမှာ အမှိုက်လိုသဘောထားခံကြရတယ်။ အခု နောက်ပိုင်းမှာ ကြားရတာကတော့ အလုပ်ရှင်တွေဟာ အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေကို အပျို မိန်းကလေး တွေထက် ပိုပြီးနှစ်သက်လာကြတယ်။ တနည်းပြောရရင် အလုပ်ရှင်တွေက အိမ်ထောင်ရှိတဲ့ ကလေးရှိတဲ့မိခင်တွေဟာ အပျိုမိန်းကလေးများထက် ပိုကောင်းအောင် အလုပ်လုပ်ကြတယ် လို့ ရိပ်မိလာကြတော့ အိမ်ထောင်ရှိတဲ့ ကလေးရှိတဲ့မိခင်တွေဟာ ပိုပြီးတာဝန် ယူစိတ်တွေ ပိုရှိလာကြတယ်၊ ပိုကောင်းတဲ့အစီအမံတွေလုပ်တတ်ကြသလို သူတို့ရဲ့ အစွမ်းအစတွေကို   အကောင်းဆုံးအသုံးချနိုင်ကြတယ်။ အဲဒီတော့ အလုပ်ရှင်တွေရဲ့ အလုပ်သမား တွေအပေါ် ထားရှိတဲ့စံနှုန်းတွေဟာ ပြောင်းလဲလာတယ်၊ အခြေအနေတွေက လည်း ပြောင်းလဲလာတယ်။ ဒါပေမယ့် ကက်သလစ်သာသနာတော်အနေနဲ့ စိတ်ပူစရာအကြောင်းအရာများနောက်ကို လိုက်မသွား သင့်ပါဘူး။
မေး။ နောက်ထပ်စိန်ခေါ်မှုကတော့ သတင်းမီဒီယာကနေ အင်တာနက်နဲ့ ရုပ်မြင်သံကြားတွေမှာ မိသားစုနှင့် လက်ထပ်ခြင်းတို့ရဲ့ ဆက်ဆံမှုပုံရိပ်တွေဖြစ်ပါတယ်။ ကက်သလစ်သာသနာတော် အနေနဲ့ ဒီစိန်ခေါ်မှုတွေကို ဘယ်လိုပြန်တုံ့ပြန်သင့်သလဲ။
ဖြေ။ မှန်ပါတယ်။ သတင်းမီဒီယာထဲမှာဖော်ပြနေတဲ့ လက်ထပ်ခြင်းနဲ့ မိသားစုပုံရိပ်ဟာ ၀မ်းနည်း စရာကောင်းပါတယ်။ ပိုဆိုးတာကတော့ သတင်းမီဒီယာမှာဖွင့်ဆိုထားတဲ့ လက်ထပ်ထိမ်းမြား ခြင်းအကြောင်းဟာ ခရစ်ယာန်ဘာသာတရားနှင့် လုံးဝဆန့်ကျင်နေပါတယ်။ လူတွေကတော့ ရုပ်မြင်သံကြားကနေ အဲဒီအစီအစဉ်တွေကိုရရှိကြတာဟာ ဘာမှတာဝန်မရှိကြပါဘူး။ ခဏ နေမှာတော့ သူတို့ဟာ ရုပ်မြင်သံကြားမှာမြင်ရတဲ့ လိင်ဖောက်ပြန်ခြင်း၊ အပျော်လိင်ဆက်ဆံ ခြင်း၊ သစ်္စာမဲ့ခြင်း၊ ကြင်ဖော်ဖလှယ်ခြင်း ၊ အောင်မြင်လိုသော စိတ်ဆန်္ဒ၊ ကိလေသတပ်မက် ခြင်း၊ မက်မောခြင်းစတဲ့ အကျင့်တွေကိုအတုခိုးလာကြတော့တယ်။ နောက်ဆုံးမှာတော့ သတင်း မီဒီယာဟာ လက်ထပ်ထိမ်းမြားခြင်းကို ဖျက်ဆီးပါတယ်။
မေး။ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေဟာ ကောင်းသောစံပြနမူနာများကို ဘယ်မှာတွေ့ ရှိနိုင်ကြမလဲ။
ဖြေ။ ကျွန်တော့်အမြင်ပြောရရင်တော့ အခုချိန်မှာတော့ ဒီလောကကြီးမှာ အားကောင်းသော ကက်သလစ် သတင်းမီဒီယာ မရှိဘူးဆိုရင် ပြည်သူလူထုကတော့ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေမှာနေထိုင်နေကြပြီလို့ သူတို့ကိုယ်ကိုမြင်ကြတော့မယ်။ ယနေ့ခေတ်ကာလ ကိုကြည့်ရင် မြောက်များစွာသောစာအုပ်တွေ၊ အလွန်ကောင်းသောစာအုပ်တွေကို ထုတ်ဝေ ကြပေမယ့် ဖတ်မယ့် သူတွေမရှိကြတော့ဘူး။ ဒီစာအုပ်တွေဟာ ကလေးငယ်တွေ၊ မိသားစု နှင့် လက်ထပ်ထိမ်းမြားခြင်းအကြောင်းတို့ကို ဦးတည်တဲ့ စာအုပ်တွေဖြစ်ကြပေမယ့် ဘယ်သူမှ မဖတ်ချင်ကြတော့ဘူး။ ဒီလိုမျိုးအခြေအနေကို ကျွန်တော်တို့ဟာ ရောက်ရှိကြပြီဆိုရင် ၀ိညာဉ်တော်ဘုရားဆီကို ကောင်းကင်ဘုံမှာရှိတဲ့အရာတွေဆီကို ပြန်လာစေနိုင်မယ့် ကက်သလစ်သတင်းမီဒီယာဟာ အင်မတန် လိုအပ်ပါတော့တယ်။
မေး။ သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေဟာ ဂျာမနီနိုင်ငံနဲ့ ပိုလန်နိုင်ငံများစွာတွေ မိသားစု၊ လက်ထပ်ထိမ်းမြားခြင်းနှင့် ၄င်းတို့နှစ်ခုအပေါ်တွင် ကြီးမားတဲ့အသိတရားကင်းမဲ့ ခြင်းကြောင့် ကြီးမားတဲ့အကျိုးရလဒ်များစွာကို ဖြစ်ပေါ်စေပါတယ်။ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေက သူတို့ယုံကြည်သင့်တဲ့အရာတွေကို သိရှိလာနိုင်ဖို့အတွက် ကက်သလစ် သာသနာတော်က ဘာတွေ လုပ်နိုင်မလဲ။
ဖြေ။ မှန်ပါတယ်။ ဒါပေမယ့်ပထမဆုံးပြောချင်တာကတော့ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက် ပြီး ကက်သလစ်သာသနာတော်ရဲ့ သွန်သင်ချက်တွေကို မသိခြင်းသည် ယနေ့ခေတ်ကာလ ရဲ့အကြောင်းအရာတွေကို မသိခြင်းထက် ပိုမကြီးပါဘူး။ ဥပမာပြောရရင် ကလေးလူငယ် တွေ ပညာသင်နှစ်စပြီဆိုရင် ကျောင်းတက်တာ လုံလောက်ပါတယ်။ ဒါပေမယ့် ကလေးတွေ ဟာ နောက် တစ်နှစ်ရောက် တဲ့အခါမှာ အရင်နှစ်ကသင်ကြားခဲ့တာတွေကို မေ့ကုန်ကြပါတယ်။ ကလေးတွေကို ကျောင်းတက်ခိုင်းတာဟာ ရှုပ်ထွေးပြီးခက်ခဲတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ တချို့ကလေးတွေဟာ ကောလိပ်တွေပြီးဆုံးသွားကြပြီး ကျဉ်းမြောင်းတဲ့ ဘာသာ ရပ်တစ်ခုမှာ ပညာရှင်တွေဖြစ်လာကြပေမယ့် တခြားအကြောင်းအရာတွေဟာလည်း အနည်း နဲ့အများဆိုသလို သူတို့လုပ်ငန်းခွင်မှာ အရေးကြီးတယ် ဆိုတာကို ပေါ်လာတတ်ပါတယ်။  ဒီလိုပဲ ကက်သလစ်သာသနာတော်ရဲ့သွန်သင်ချက်ဟာလည်း ဖြစ်နေပါတယ်။ လူငယ်တွေ ဟာ ကလေးဘ၀ကနေ ကောလိပ်ရောက်တဲ့အထိ ဘုရားစကားကိုသင်ကြားကြပါတယ်။ လူ တစ်ချို့က တစ်စုံတစ်ခုကို တစ်နေရာမှာကြား လိုက်ပေမယ့် သူကြားတဲ့အရာကို သေချာမသိ လိုက်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ဘုန်းကြီးတွေက တရားဟောတဲ့အခါမှာ သေချာဂရု တစိုက်ပြင်ဆင်ပြီး ဟောပြောသင့်ပါတယ်။ ကျွန်တော်တို့ဟာ ရုပ်မြင်သံကြားမှာ ခဏဟော  တာနဲ့ အပြင်မှာအကြာကြီးဟောပြောတာကို ချိန်ကြည့်မယ်ဆိုရင် အခြေအနေက စိတ်ပျက် ဖို့ကောင်းပါတယ်။ ဒီခေတ်ကြီးမှာ အင်တာနက်ဟာ အလွန်နက်ရှိုင်း တဲ့ ကျောက်ကပါးကြီး ဖြစ်ပေမယ့် တဖက်မှာတော့ အင်တာနက်ဟာ အသိတရားရဲ့စွယ်စုံကျမ်းလည်း ဖြစ်တာမို့ အဲဒီအင်တာနက်ထဲမှာ ကက်သလစ်သာသနာတော်ရဲ့သွန်သင်ချက်တွေကို အသုံးချရမှာ ဖြစ် ပါတယ်။ ပိုလန်နိုင်ငံမှာဆိုရင် ကက်သလစ်သာသနာတော်ရဲ့ အင်တာနက် စာမျက်နှာများ နဲ့ ကက်သလစ်သာသနာအောက်ရှိ အဖွဲ့အစည်းများရဲ့ အင်တာနက်စာမျက်နှာတွေဟာ အင်မတန်မှ အားကောင်းနေပါတယ်။
မေး။ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီးတော့လည်း ကြားချင်ပါတယ်။
ဖြေ။ ပိုလန်နိုင်ငံမှာဆိုရင် ကက်သလစ်သာသနာတော်ရဲ့သွန်သင်ချက်အားလုံးကို ပိုလန်ဘာသာ စကားနဲ့ ဘာသာပြန် ဆိုထားပြီး နိုင်ငံသားတွေအားလုံးကအသုံးပြုနိုင်ကြပါပြီ။ ရဟန်းမင်းကြီး ပေါလူး (၆) ကနေ လက်ရှိရဟန်းမင်းကြီးများရဲ့ စာချွန်တော်တွေ အပြင် လူဘလင် ကက်သလစ် တက်္ကသိုလ်ကနေထုတ်ဝေတဲ့ စာစောင်တွေအားလုံးကို ပိုလန်နိုင်ငံသားတွေ ဖတ်ရှုနိုင်ကြပါပြီ။ ဖတ်ရှုချင် တဲ့သူတိုင်းအတွက် အရင်းအမြစ်တွေဟာ အဆင်သင့်ရှိနေကြပါပြီ။
မေး။ ကက်သလစ်သာသနာတော်အနေနဲ့ လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်ပြီး ပြင်ဆင်ပေးတဲ့ သင်တန်းတွေကို လက်ထပ်ပြီး သားသူတွေအတွက်ရော၊ လက်ထပ်မယ့်သူတွေအတွက်ရော ပေးသင့်တယ်ထင်ပါသလား။
ဖြေ။ ပေးသင့်ပါတယ်။ တစ်ခါတလေကျတော့လည်း လက်ထပ်ခြင်းအတွက်ပြင်ဆင်မှုများသည် ရုံးလုပ်ငန်းပြီးဆုံးမှု လက်္ခဏာမရှိဘဲ လက်ထပ်ခြင်းအတွက်ပြင်ဆင်မှုများဟာ လက်ထပ်ခြင်းနဲ့ မိသားစုအတွက် ခိုင်မာကျစ်လစ်တဲ့ အခြေခံအုတ်မြစ် ကို ပေးနေခြင်းဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ တခြားပုံစံကို စဉ်းစားနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ လူငယ်လူရွယ်တွေ ကို ဘုရားစကားသင်ကြားဖို့ စဉ်းစားနေပါတယ်။ ကလေးငယ်တွေနဲ့ လူငယ်တွေကို ဘုရား စကားသင်ပေးပေမယ့် မိဘတွေရဲ့အပြောအဆိုနဲ့ ခံစားချက်တွေက သူတို့သင်ကြားထား တာတွေနဲ့မကိုက်ညီဘူးဆိုရင် ကလေးငယ်တွေနဲ့လူငယ်တွေဟာ ပျက်စီးရလွယ်ကူလာတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က အရွယ်ရောက်ပြီးသောလူငယ်တွေကို စက်္ကရမင်းတူးနဲ့ဆိုင်သော ဘုရားစကားသင်ကြားပေးမှုကို ပိုပြီးအာရုံစိုက်လုပ်ဆောင်သင့်ပါပြီ။ ကလေးငယ်တွေက ဆေးကြောခြင်းကို ခံယူတဲ့အခါမှာဖြစ်စေ၊ ပထမကိုယ်တော်မြတ်နဲ့ ခရစ်္စမား အားပေးခြင်းတို့ကို လက်ခံကြတဲ့အခါမှာဖြစ်စေ၊ မိဘများက ခရစ်တော်ဘုရားနဲ့ပိုပြီး နီးစပ်လာအောင် ဘယ်လို လုပ်ဆောင်ကြသလဲဆိုတဲ့ အချက်အပေါ် မူတည်ပါတယ်။
မေး။ အနာဂါတ်ကိုမျှော်ကြည့်တဲ့အခါမှာ ကက်သလစ်သာသနာတော်အနေနဲ့ မိသားစုနဲ့ လက်ထပ် ထိမ်းမြားခြင်းတို့ကို ကူညီပေးနိုင်ရန် အတွက် ဘယ်လိုမျိုးအနေအထားမှာ ရှိနေသင့်တယ်လို့ ဆရာတော့်အနေနဲ့ ထင်ပါသလဲ။
ဖြေ။ ကျွန်တော့အမြင်ပြောရရင်တော့ လက်ရှိရှိနေကြတဲ့ သတင်းမီဒီတွေ၊ ဘုရားစကားသင်ကြား ပေးမှုတွေ၊ သာမန်သင်ကြားပေးမှုတွေ၊ စာပေထုတ်ဝေမှုတွေ၊ ကက်သလစ်သာသနာတော် ရဲ့စာပေတွေနဲ့ ပုံနှိပ်လုပ်ငန်းတွေဟာ ကောင်းမွန်နေကြပါတယ်။ ဒါတွေအားလုံးဟာ ကက် သလစ်အသင်းတော်ရဲ့ သတင်းဖြန့်ဖြူးတဲ့နည်းလမ်းတွေဖြစ်ကြပါတယ်။ စစ်ပွဲတွေ မတိုင် ခင်တုန်းကတော့ ဒီနည်းလမ်းတွေ ဟာ တော်တော်နည်းပါတယ်။ စစ်ပွဲတွေတုန်းကဆိုရင် ကက်သလစ်ပုံနှိပ်လုပ်ငန်းတွေဟာ တော်တော်ကိုအားကောင်းခဲ့ပေမယ့် ယနေ့ ခေတ် ကက် သလစ်ပုံနှိပ်လုပ်ငန်းတွေကတော့ အရည်အသွေးပိုင်းမှာ တဟုန်ထိုး တိုးတက်လာပါတယ်။
မေး။ လက်ထပ်တဲ့ဇနီးမောင်နှံတွေ တကယ်တွေ့ဆုံနိုင်တဲ့ အဖွဲ့တွေက ဘယ်လိုပါလိမ့်။
ဖြေ။ လက်ထပ်တဲ့ဇနီးမောင်နှံတွေကို ကူညီပေးနေတဲ့အဖွဲ့တွေ (ပိုလန်မှာတော့ မိသားစုအသင်း တော်ဟာ အရမ်းကိုတိုးတက်နေပါပြီ) တကယ်ရှိကြပါတယ်။ တနည်းပြောရရင် ဘုန်းတော်ကြီး ဘလက်နီဂီရဲ့အိုအေစစ်လှုပ်ရှားမှုရဲ့ ဦးဆောင်မှုဖြင့် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ဘာသာရေး ဆိုင်ရာပြင်ဆင်မှုကို ခံယူနေကြတဲ့လူတွေရှိနေကြပါတယ်။ နောက်တစ်ခုကတော့ လက်ထပ် ပြီးခါစစုံတွဲတွေက မိသားစုတွေထဲမှာ ဘာသာရေးအုပ်စုတွေဖွဲ့နေကြပါပြီ။ ဂျာမနီနိုင်ငံမှာ လည်း ဒီလိုဆင်တူတဲ့အဖွဲ့တွေရှိနေကြပြီး ဒီအဖွဲ့တွေထဲမှာပဲ မိသားစုတွေဟာ တွေ့ဆုံကြ တယ်၊ အချင်းချင်းကူညီကြသလို သူတို့ရဲ့သားသမီးတွေနဲ့ ခရီးအတူတူသွားနေကြပါပြီ။ ဒီ မှာလည်းပဲ ကက်သလစ်သာသနာတော်ရဲ့သွန်သင်ချက်တွေကို ဦးစားပေး သင်ကြားပေးတဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေကြပါတယ်။
မေး။ ကျွန်တော့်အနေနဲ့ ပုံမှန်အခြေအနေမှာမရှိဘဲ ကက်သလစ်သာသနာတော်ရဲ့ သွန်သင်ချက် အတိုင်းနေထိုင်ကြသူများနဲ့ ပတ်သက်ပြီးမေးချင်ပါတယ်။ ကက်သလစ်သာသနာတော်နဲ့ ဆက်ဆံတဲ့နေရာမှာ ခြေတုန်ချတုန်ဖြစ်နေကြပြီး အသင်းတော်ထဲမှာ လက်ရှိ ရှိနေကြတဲ့ ဒီလို မျိုးလူတွေကို ကက်သလစ်သာသနာတော်အနေနဲ့ ဘယ်လိုစောင့်ရှောက်သင့်ပါသလဲ။
ဖြေ။ တကမ်္ဘာလုံးဆိုင်ရာမိသားစုညီလာခံက အသစ်သောဆက်ဆံမှုကိုရှာဖွေကြတဲ့ ခွဲကြတဲ့ လင် မယားတွေ၊ ကွဲသွားကြတဲ့ လင်မယားတွေ၊ ကွဲသွားကြပြီးနောက် လူမှုရေးဥပဒေအရ အိမ် ထောင်ပြုလိုသူများအပေါ်မှာ အခြေခံပြီးအာရုံစိုက်နေပါတယ်။ ဒီအခြေအနေတွေအားလုံး ဟာ အခြေခံအားဖြင့်ကွဲပြားခြားနားကြပြီး ကက်သလစ်အသင်းတော်အနေနဲ့ မတူညီသော နည်းလမ်းများကို အသုံးပြုပြီး ချဉ်းကပ်သင့်ပါတယ်။ အိမ်ထောင်ခွဲပြီး နေထိုင်တဲ့သူတွေဟာ ကိုယ်တော်မြတ်ကိုပင့်ယူခြင်းအားဖြင့် ခွန်အားတွေ ပြန်လည် ရရှိနိုင်ပါတယ်။ ဒီလို အိမ်ထောင် ခွဲတဲ့သူတွေဟာ စက်္ကရမင်းတူးဆိုင်ရာဆက်ဆံမှုကို မထိခိုက်စေတဲ့ အခြေအနေမှာ နေထိုင်ကြပါတယ်။ အိမ်ထောင်ကွဲပြီးနောက် တခြားသူနဲ့ အိမ်ထောင်မပြုတော့တဲ့သူတွေ ဟာလည်း ကိုယ်တော်မြတ်ကို ပင့်ယူခွင့်ရှိကြပါတယ်။ ဒီအချက်ကို ဘာသာတူ တော်တော် များများက မသိကြဘူး။ နောက်တစ်ချက်က အိမ်ထောင်ကွဲပြီးနောက် တခြားလူနဲ့ အိမ်ထောင် ပြုတဲ့သူတွေ ကလည်း ကိုယ်တော်မြတ်ကို ပင့်ယူခွင့်မရှိကြတော့ပေမယ့် ကက်သလစ် သာသနာတော်က သူတို့ကို မပစ်ပယ်ထားဘူးဆိုတာကို နားလည်ကြရမယ်။ သူတို့အနေနဲ့ ဘုရားကျောင်းကို လာပြီးဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ကိုကြားနာခြင်း၊ မစ္ဆား ပူဇော်ခြင်း ကိုပါဝင်ခွင့်ရှိကြသလို လူမှုရေးလုပ်ငန်းတွေနဲ့ တခြားမိသားစုရေးရာဆိုင်ရာ သာသနာ တော်ရဲ့လုပ်ငန်းတွေမှာ ပါဝင်လို့ရတယ်ဆိုတာ ကို သိထားကြရမှာဖြစ်ပါတယ်။ ကက်သလစ် သာသနာတော်ထဲမှာ အိမ်ထောင်ကွဲတဲ့သူတွေအနေနဲ့ တခြားသူများအတွက် တန်ဖိုး ရှိတဲ့သူ တွေဖြစ်နေကြတာ သာဓကတွေအများကြီးရှိပါတယ်။
မေး။ အိမ်ထောင်ကွဲသူတွေနဲ့ အိမ်ထောင်ကွဲပြီးနောက် တခြားသူနဲ့ အိမ်ထောင်ထပ်ပြုတဲ့ သူတွေ အနေနဲ့ ရဟန်းပိုင်သာသနာ (စီရင်စု) ထဲမှာ ဘာသာဝင်တွေနဲ့ ဘယ်လိုပါဝင်လို့ရမလဲ။ ဆိုလို တာကတော့ ကျမ်းစာဖတ်ခြင်း၊ ကလေးငယ်များကို ဘုရားစကား သင်ကြားပေးခြင်း စတဲ့လုပ်ငန်းတွေကို ပါဝင်လုပ်ဆောင်လို့ရမလားဆိုတာ သိချင်ပါတယ်။ လက်ရှိ အခြေအနေ အရဆိုရင်တော့ ကက်သလစ်သာသနာတော်ထဲမှာ ဒါတွေကိုခွင့်မပြုထားဘူး။
ဖြေ။ ဒီအချက်က တော်တော်ခက်တဲ့အချက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ကိုယ်တော်မြတ်ကို ပင့်ယူခွင့်မရှိဘူး ဆိုတဲ့ အမေးတစ်ခုထဲမဟုတ်ဘဲ အသင်းတော်ကို ကိုယ်စား ပြုတဲ့တာဝန်တွေကိစ်္စလည်း ပါဝင်လာလို့ဖြစ်ပါတယ်။ ဥပမာပြောရရင် ကိုယ်တော်မြတ် ကိုဝေပေးသူသည် အိမ်ထောင်ကွဲသူမဖြစ်ရသလို နောက်ထပ်အိမ်ထောင်ပြုသူလည်း မဖြစ် ရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်ထောင်ကွဲတဲ့သူက ကိုယ်တော်မြတ်ကို တခြားဘာသာ ၀င်များအားဝေပေးလျှင် တခြားသူတွေအတွက် စံပြပုဂ်္ဂိုလ်မဖြစ်နိုင် ဘူးလို့ ပြောရပေမယ့် တခြားဖက်မှာကျတော့ အိမ်ထောင်ကွဲတဲ့သူတွေနဲ့ နောက်ထပ်အိမ်ထောင်ပြုတဲ့သူတွေဟာ လူမှုရေးလုပ်ငန်းတွေ မှာ အားကိုးရတဲ့သူတွေဖြစ်ကြပြန်တယ်။ အိမ်ထောင်ကွဲတဲ့သူတွေနဲ့ နောက်ထပ်အိမ်ထောင်ပြုတဲ့သူတွေကို တခြားကလေးလူငယ်များ အား ဘုရားစကား သင်ကြားပေးနိုင်ပါတယ်။ ပိုလန်နိုင်ငံမှာတော့ အိမ်ထောင်ကွဲတဲ့သူတွေနဲ့ နောက်ထပ် အိမ် ထောင်ပြုတဲ့သူတွေကို တခြားကလေးလူငယ်များအား ဘုရားစကား သင်ကြားပေးခွင့်မပြု ထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးကိစ်္စက စစ်မှန်သော ယုံကြည်ခြင်းကို သက်သေ ခံခြင်းဆိုတာကို စိန်ခေါ်နေလို့ပဲ ဖြစ်ပါတယ်။
မေး။ ပြန်ပြီးလျှောက်ချင်တာက မိဘတွေကွဲသွားကြတဲ့အခါမှာ ပထမဆုံးခံရတဲ့သူတွေက သားသမီး တွေဖြစ်ကြပါတယ်။ ဒီလိုမျိုးမှာ သာသနာတော်အနေနဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ပိုပြီးဂရုမစိုက်သင့် မပြောဆိုသင့်ဘူးလားဆိုတာသိချင်ပါတယ်။
ဖြေ။ မှန်ပါတယ်။ တကယ့်အိမ်ထောင်ကွဲတဲ့အခြေအနေထဲမှာရှိနေသူတွေဟာ လူပျိုအပျိုတွေ ရဲ့ အတ္တကြီးမှုတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်ကွဲတဲ့သူတွေဟာ သူတို့ကို သူတို့ကြည့်ပြီးတော့ မဖြစ် နိုင်တဲ့လူနှစ်ယောက်က အတူတူနေထိုင်ခြင်း၊ ဘာအကျိုးမှမရှိတဲ့ ကြိုးစားအားထုတ်မှုလို့ မြင်နေကြပေမယ့် သူတို့ရဲ့သားသမီးတွေအပေါ် နည်းနည်းမှမကြည့်ကြတဲ့သူတွေဖြစ်     ကြပါ တယ်။ ပြီးဆုံးခဲ့တဲ့ မိသားစုညီလာခံမှာဆိုရင် လိင်တူချင်းလိင်ဆက်ဆံခြင်း (အမျိုးသားချင်း လိင်ဆက်ဆံခြင်း၊ အမျိုးသမီးချင်း လိင်ဆက်ဆံခြင်း) အကြောင်း ကို ပြောဆိုကြပါတယ်။ လိင်တူ ချင်းအိမ်ထောင်ပြုခြင်းဟာ ကလေးငယ်တွေကို မွေးစားရခြင်းဖြစ်တော့ ကလေးငယ်တွေရဲ့ အခွင့်အရေး တစ်ခုလို့ မြင်ကြပါတယ်။ လူကြီးမကဘဲ ကလေးငယ်တွေမှာလည်း အခွင့်အရေး ရှိကြပါတယ်။ ကလေးငယ်တွေ ဟာ ဖေဖေနဲ့ မေမေ ဆိုတဲ့ မိဘနှစ်ပါးတို့ရဲ့ မိသားစု ပံ့ပိုးမှု အောက်မှာ ကြီးထွားပိုင်ခွင့်ရှိကြပါတယ်။ ကလေးငယ်တွေဟာ လူကြီးတွေလိုသလို (ပျော်ရွှင်မှု အတွက်အသုံးချပြီး မလိုတော့ရင် စွန့်ပစ်တာမျိုး) ဆော့ကစားရတဲ့ အရုပ်မဟုတ်ကြဘူးဆိုတာ သိထားကြရမယ်။
မေး။ ဒါက မိဘနှစ်ပါးတို့ရဲ့တာဝန်ကို ဆိုလိုတာလား။
ဖြေ။ ဟုတ်ပါတယ်။ မိဘတွေက မဖြစ်နိုင်တဲ့အဆုံးမှာ ကွဲကြတဲ့အခါမှာ သားသမီးတွေကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း တဖက်ကို လိုက်သွားကြရပေမယ့် ကလေးတွေဘ၀မှာ ကောင်းမွန်ပြီး ကျန်းမာသော လူမှုရေးစံမရှိကြတော့ ဘူး။ နောက်ထပ်ဖြစ်နိုင်ခြေ များတာက သူတို့ရဲ့ကိုယ်ပိုင်ဘ၀ကို တည်ဆောက်တဲ့နေရာမှာမလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရဲ့ သေးငယ်တဲ့အခက် အခဲတွေက ကိုယ်အနိုင်ကျင့်နိုင်မယ့်လူမှုရေးကို ရှာဖွေစေတဲ့ အခြေ အနေကို ရောက်သွားနိုင်ပါတယ်။
မေး။ ပိုလန်နိုင်ငံရဲ့ကက်သလစ်အသင်းတော်က ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) နှင့် ဘေနေဒီ (၁၆) တို့ရဲ့သွန်သင်ချက်ကို သစ်္စာရှိနေပါ သလား။ ရဟန်းမင်းကြီးဖရန်စစ်က ပိုလန်ကက်သလစ် အသင်းတော်ရဲ့ ရပ်တည်ချက်ကို စေ့စပ်စွာသိပါရဲလား။
ဖြေ။ ကျွန်တော့်အထင်တော့ ရဟန်းမင်းကြီးဖရန်စစ်က ပိုလန်ကက်သလစ်အသင်းတော်ရဲ့ ရပ်တည်ချက်ကို စေ့စပ်စွာ သိတယ်လို့ယူဆ ပါတယ်။ ပိုလန်အသင်းတော်ကတော့ အသင်း တော်ရဲ့သွန်သင်ချက်အပေါ်မှာ သစ်္စာရှိရှိရပ်တည်နေပါတယ်။ အငြိမ်းစားရဟန်း မင်းကြီး ဘေနေဒစ် (၁၆) က ၂၀၀၇ မှ ၂၀၁၃ ခုနှစ်အထိအတွင်း မိန့်ကြားခဲ့တာကိုကြည့်ရင် အသင်း တော်ရဲ့ သွန်သင်ချက် ဟာ သွေဖီလို့မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း မိန့်ကြားခဲ့ပြီးပါပြီ။ လူ တစ်ယောက်အနေနဲ့ ခေတ်ရေစီးကြောင်းကိုလိုက်ပြီး သွန်သင်ချက် ကို ပြောင်းလဲနေလို့မရဘူး။ ဒီနေ့အခြေအနေက နောက်တစ်နေ့ကျရင် ပြောင်းလဲနေလို့ပါပဲ။ ကက်သလစ် သာသနာတော် ဟာလည်း ကမ်္ဘာကြီးနောက်ကို အမှီလိုက်ဖို့မဟုတ်ဘဲ ကမ်္ဘာကြီးကိုသာ ပဲ့ထိန်းလမ်းညွန်ပေးပြီး လမ်းမှန်ကို သင်ပေးပြပေးရမှာဖြစ်ပါတယ်။ အသင်းတော်ရဲ့တာဝန်က ဂြိုလ်တုလမ်းပြမှု တာဝန်ကို ယူပေးရတယ်။ ဆိုလိုတာကတော့ လူသားက ဘယ်လို လမ်းလျှောက်နေလို့ လမ်းမှားပြီ၊ ချော်လဲပြီဆိုရင် အသင်းတော်က သူ့ကို လမ်းမှန်နဲ့ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။ လူသား က ဘယ်နေရာမှ ဘယ်လိုမျိုးပဲနေ ထိုင်နေပါစေ၊ အသင်းတော်ကတော့ လူသားရဲ့ပန်းတိုင်ကို ပြပေးနေရမယ့် တာဝန်ရှိပါတယ်။
မေး။ ဆရာတော်ဘုရားအနေနဲ့ ကက်သလစ်သာသနာတော်ဟာ ဘာသာဝင်တွေနဲ့ ယုံကြည်ရာ အချက်တွေမှာ အပေးအယူ မလုပ်ဘူးလို့ဆိုလိုတာလား။
ဖြေ။ ကျွန်တော့်ကတော့ အမှန်တရားနဲ့ အမှားတရားအကြားမှာ အပေးအယူလုပ်စရာမမြင်ဘူး။ မှန်တဲ့အရာနဲ့ မှားတဲ့အရာတို့အကြားမှာ ဘာအပေးအယူကိုလုပ်လို့ရမလဲ။
မေး။ နောက်ဆုံးမေးခွန်းအနေနဲ့ မိသားစုညီလာခံကနေ ဘာကိုမျှော်လင့်ထားပါသလဲ။
ဖြေ။ ဒီဘက်ကကြည့်ရင် ဒီညီလာခံက ကက်သလစ်သာသနာတော်ရဲ့သွန်သင်ချက်ကို ဆက်လက် ခိုင်မာစေမယ်ထင်ပါတယ်။ အသင်းတော်ရဲ့သွန်သင်ချက်ဟာ ရဟန်းမင်းကြီးတစ်ပါးပါးရဲ့ တီထွင်ချက်မဟုတ်ဘဲ အသင်းတော်ရဲ့သွန်သင်ချက်တွေဖြစ်ပါတယ်။ အသင်းတော်ရဲ့ ယုံကြည်ခြင်းနဲ့ အသင်းတော်ရဲ့ ဉဏ်ပညာပိုင်းဆိုင်ရာ အားထုတ်မှုတွေရဲ့ ကြီးမားသော စီးဆင်းမှုဖြစ်ပါတယ်။ တဖက်ကကြည့်ရင်တော့ ဒီညီလာခံက ခရစ်တော်ဘုရားအပေါ် သစ်္စာ ရှိရင်း လက်ထပ်ခြင်းနဲ့ မိသားစုတို့ရဲ့ သစ်လွင်တဲ့ခေါ်တော်မူခြင်း ကို သတိထားမိကြမှာဖြစ် ပြီး တစ်လုံးတ၀တည်းရှိခြင်းဖြင့် အသင်းတော်ထဲက လူပေါင်းစုံရဲ့ ကွဲပြားသောခေါ်တော်မူ ခြင်းများကို ကူညီပေးနိုင်ကြမှာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ပုထုဇဉ်လူသားဟာ အရင်ကထက် သူ့ကိုယ်သူ လောကီဆန်တဲ့ဝန်းကျင်မှာ ပိုပြီးတော့လုံးပန်းနေရပြီး ဖိအားမျိုးစုံကိုခံနေရတယ်။ ဒီလိုကူညီပေးတဲ့နေရာမှာ အသင်းတော်အနေနဲ့ သူ့ကိုယ်သူ မပျောက်ဆုံးအဖို့ အတွက် လူသားတွေကို ကူညီပေးနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ်္စက ထာဝရအသက်နဲ့ ဆိုင်တဲ့ မေးခွန်း ဖြစ်နေလို့ဖြစ်ပါတယ်။            ဂျိုးဇက်ကုန်ဇမှုန်း

2467  Views
Previous: တောင်ကြီးဂိုဏ်းချုပ်သာသနာ စီမံအုပ်ချုပ်ဆရာတော်ကြီး ဘာစီလီအိုအားသိုက် အား တွေ့ဆုံမေးမြန်းခြင်း
Next: Give Peace a Chance in Kachin Lands by Cardinal Charles Bo