အုပ်စုကွဲနေကြသောအောက်သဒေါ့အသင်းတော်မှ ဘာသာရေး ခေါင်းဆောင်ကြီးများက နှစ်ပေါင်း (၁၀၀၀) ကျော်အကြာတွင် ပထမဆုံးအကြိမ် ထိပ်သီးညီလာခံကျင်းပ

20

ဂရိနိုင်ငံ၊ ဇွန် ၁၇၊ ၂၀၁၆

ရုရှားနိုင်ငံ၏ အောက်သဒေါ့အသင်းတော်ခေါင်းဆောင်၏ ကန့်ကွက်မှုအကြားထဲက တခြားနိုင်ငံများတွင် ရှိနေကြသော အောက်သဒေါ့ အသင်းတော်ခေါင်းဆောင်များသည် ၇၈၇ ခုနှစ် (နှစ်ပေါင်း (၁၀၀၀) ကျော် ) နောက်ပိုင်း၊ ပထမဆုံးအကြိမ်တွေ့ ဆုံဆွေးနွေးပွဲကို ဂရိနိုင်ငံရှိ ကရေးတေကျွန်းတွင် ဇွန်လ (၁၉) ရက်နေ့၌ ကျင်းပလိုက်ပြီ ဖြစ်သည်။ ၎င်းတွေ့ဆုံပွဲသို့ ရုရှား၊ အန်တီအုတ်၊ ဘူဂေးရီးယားနှင့် ဂျောဂျီယားနိုင်ငံများမှ အောက်သဒေါ့အသင်းတော်ခေါင်းဆောင်များသည် မတက်ရောက်ခဲ့ကြပေ။

ဤတွေ့ဆုံပွဲသည် နှစ်ပေါင်း (၅၅) နှစ်ကြာ ပြင်ဆင်ခဲ့ကြပြီးမှသာ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ဇွန်လ (၂၇) ရက်နေ့ အထိ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။ ကမ်္ဘာပေါ်တွင် အောက်သဒေါ့အသင်းတော်အုပ်စုသည် (၁၄) ခုရှိပြီး ၎င်းအုပ်စုထဲ ရှိ အောက်သဒေါ့ အသင်းတော်ဘာသာဝင်ဦးရေသည်ကား သန်း (၃၀၀) ကျော် ရှိနေသည်။ ရုရှားနိုင်ငံရှိ အောက်သဒေါ့ အသင်းတော်ထဲတွင် ဘာသာဝင်ဦးရေပေါင်း သန်း (၁၀၀) ရှိရာ ကမ်္ဘာပေါ်တွင် ရုရှားနိုင်ငံရှိ အောက်သဒေါ့အသင်းတော်သည် အင်အား အကြီးဆုံးသော အသင်းတော် ဖြစ်လေသည်။

ရုရှားနိုင်ငံမှ အောက်သဒေါ့အသင်းတော်ခေါင်းဆောင်က ဤညီလာခံသို့ မတက်ရောက်ခြင်းအကြောင်းရင်းမှာ အာဏာလွန် ဆွဲ ခြင်းကြောင့် ဖြစ်သည်။ တူရကီနိုင်ငံအခြေစိုက် အောက်သဒေါ့အသင်းတော်၏ခေါင်းဆောင် ဘာသိုလိုမေးအို (၁) က မိမိသည် ကမ်္ဘာပေါ်ရှိ အောက်သဒေါ့အသင်းတော်၏ ဦးသျှောင်ဖြစ်သည်ဟု ကြွေးကြော်ထားပြီး ယခုပြုလုပ်သော ညီလာခံကိုလည်း သူက စတင်ဦးဆောင်ခဲ့ခြင်း ဖြစ်သည့်အပြင် ရဟန်းမင်းကြီးများနှင့်လည်း ဆက်ဆံရေးကောင်းမွန်သူ ဖြစ်လေသည်။

ထိုကဲ့သို့ တူရကီနိုင်ငံအခြေစိုက် အောက်သဒေါ့အသင်းတော်၏ခေါင်းဆောင် ဘာသိုလိုမေးအို (၁) က ဗာတီကန်နိုင်ငံရှိ ရဟန်းမင်း ကြီးများနှင့် ဆက်ဆံရေးကောင်းမွန်နေခြင်းအပေါ် ရုရှားနိုင်ငံမှ အောက်သဒေါ့ အသင်းတော်ခေါင်းဆောင် ကီရီလ်က မကျေ မနပ် ဖြစ်နေခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံက တူရကီနိုင်ငံအခြေစိုက် အောက်သဒေါ့အသင်းတော်၏ခေါင်းဆောင် ဘာသိုလိုမေးအို (၁) သည် ယူကရိန်းနိုင်ငံရှိ အောက်သဒေါ့အသင်းတော်ကို အားပေးထောက်ခံလာလျှင် ဘာသာရေးစစ်ပွဲဖြစ်လာမည်ကို စိုးရိမ်နေသည်။

ကက်သလစ်အသင်းတော်က ဗာတီကန်နိုင်ငံရှိ ရဟန်းမင်းကြီး၏ သြဇာအာဏာ ရှိခြင်းနှင့်ပတ်သက်ပြီး ၁၀၅၄ ခုနှစ်ဝန်းကျင်တွင် စတင်ငြင်းခုံမှုဖြစ်ပွားပြီးနောက်  အောက်သဒေါ့အသင်းတော်များသည် ကက်သလစ်သာသနာတော်မှ ခွဲထွက်သွားကြသည်။ သို့သော် အောက်သဒေါ့အသင်းတော်များတွင် ကက်သလစ်အသင်းတော်ကဲ့သို့ ဦးဆောင်သူ မထားရှိဘဲ မိမိနယ်မြေနိုင်ငံတွင် ရှိသော ဘာသာရေးခေါင်းဆောင်ကိုသာ လွတ်လပ်စွာ နာခံကြလေသည်။ အောက်သဒေါ့အသင်းတော်များမှ ဘာသာရေးခေါင်း ဆောင်များ သည် ဓမ်္မဟောင်းကျမ်းစာထဲက မိုးဇက်က နှုတ်ခမ်းမွှေးရိတ်ခြင်းကို ဟန့်တားသည့် ကျမ်းချက်များကို ကျင့်ကြံသောအား ဖြင့် မိမိတို့ ၏နှုတ်ခမ်းမွှေးများကို မရိပ်ဘဲ အရှည်ထားကြလေသည်။

တူရကီနိုင်ငံအခြေစိုက် အောက်သဒေါ့အသင်းတော်၏ခေါင်းဆောင် ဘာသိုလိုမေးအို (၁) က ဤညီလာခံကို ကျင်းပချိန်၌ ညီလာခံကို တက်ရောက်ဆွေးနွေးသူများအနေဖြင့် ယနေ့ကမ္ဘာကြီးတွင် ရင်ဆိုင်နေကြ ရသော ပြဿနာများ၊ အောက်သဒေါ့ အသင်း တော်များ အကြားတွင် စည်းလုံးမှုရှိနိုင်ရန်နှင့် တခြားသော ဘာသာများနှင့် မည်သို့ဆက်ဆံသင့်ကြောင်းများကို ဆွေးနွေးကြရန် တိုက်တွန်းတော် မူလိုက်သည်။

1385  Views
Previous: “ကက်သလစ်သာသနာတော်တွင် Dogma ယုံကြည်ရာအချက်ပေါင်း ၂၅၅ ခုရှိသည်” နောက်ဆုံးအပိုင်း (၃)
Next: ကက်သလစ်ရဟန်းလောင်းများကို ““ရန်ကုန်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ်သို့ ဝင်ခွင့်ရမှသာ ဝတ်ရုံသင်္ကန်းဖြူကို အပ်နှင်းဝတ်ဆင်ခွင့် ပြုတော့မည်””ဟု ဆုံးဖြတ်ချမှတ်