ကက်သလစ်ရဟန်းလောင်းများကို ““ရန်ကုန်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ်သို့ ဝင်ခွင့်ရမှသာ ဝတ်ရုံသင်္ကန်းဖြူကို အပ်နှင်းဝတ်ဆင်ခွင့် ပြုတော့မည်””ဟု ဆုံးဖြတ်ချမှတ်

n

ရန်ကုန်၊ ဇွန် ၁၅၊ ၂၀၁၆

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ရဟန်းလောင်းများကို ရန်ကုန်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ်သို့ ဝင်ခွင့်ရမှ သာ ဝတ်ရုံသင်္ကန်းဖြူကို အပ်နှင်းဝတ်ဆင်ခွင့် ပြုတော့မည်ဟု ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အမှုဆောင်အတွင်းရေးမှူးဖြစ်သော ဘုန်းတော်ကြီးမောရစ်ညွန့်ဝေအား ဇွန်လ ၆ – ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်သော ““မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ (၆)လပတ် မျက်နှာစုံ အစည်းအဝေး တွင် ထူးခြားသော ဆုံးဖြတ်ချက်များ ရှိပါသလား”” ဟု သွားရောက်လျှောက်ထားရာ၊ ဘုန်းဘုန်းညွန့်ဝေက ““အခုအစည်းအဝေးမှာ ဆရာတော်ကြီးတွေက ကက်သလစ်ရဟန်းလောင်းကိုရင်များကို သီအော်လော်ဂျီပညာရပ်ကို သင်ကြားမည့် အဆင့်ရောက်မှသာ လျှင် ဝတ်ရုံသင်္ကန်းဖြူကို အပ်နှင်းဝတ်ဆင်ပေးရန် ဆုံးဖြတ်ကြတာက ထူးခြားသော ဆုံးဖြတ်ချက် ဖြစ်သည်”” ဟု ဂလိုရီယာ သတင်းဂျာနယ်၏အယ်ဒီတာချုပ် ဂျိုးဇက်ကုန်ဇမှုန်းအား ဇွန်လ ၁၅ ရက်နေ့က အမိန့်ရှိတော် မူသည်။

မြန်မာနိုင်ငံကက်သလစ်အသင်းတော်ကြီးသည် ၂၀၁၆ ခုနှစ်အထိ၊ ပြင်ဦးလွင်မြို့ရှိ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ် (ဒဿ နိကဗေဒ) သို့ ဝင်ရောက်ခွင့် ရှိကြသော ရဟန်းဖြစ်သင်ကျောင်းသားများကိုသာ ဝတ်ရုံသင်္ကန်းဖြူကို အပ်နှင်းဝတ်ဆင်ခွင့် ပြုခဲ့ကြသည်။ ထိုသို့ ပြင်ဦးလွင်မြို့ရှိ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ် (ဒဿနိကဗေဒ) သို့ ဝင်ရောက်ရန်အတွက် ရဟန်းလောင်းများ သည် အထက်တန်းပညာရေးဖြစ်သော ဒဿမတန်း (ယခုအခါ တက်္ကသိုလ်ဝင်စာမေးပွဲ) ကို အောင်မြင်ရမည့် အပြင် အစိုးရတက်္ကသိုလ် များတွင် ဘွဲ့ရပြီး (ဆရာတော်တစ်ပါးစီ၏ မူဝါဒအပေါ် မူတည်သည်။ တချို့ဆရာတော်များသည် IELTS (International English Language Testing System စာမေးပွဲကိုသာ ဖြေဆိုစေသည်) နောက် တကမ်္ဘာလုံးတွင် ကျင်းပသော အင်္ဂလိပ်စာတတ်မြောက်ခြင်း အရည်အချင်း စစ်စာမေးပွဲဖြစ်သော IELTS စာမေးပွဲကို ဦးစွာအောင်မြင်ရမည် ဖြစ်သည်။

၎င်း ှုနူွှှ စာမေးပွဲကိုအောင်မြင်ပြီးမှသာလျှင် ရဟန်းဖြစ်သင်ကျောင်းသားတစ်ဦးသည် မိမိ၏သာသနာပိုင်ဆရာတော်ကြီးထံမှ ဝတ်ရုံသင်္ကန်းကို ရရှိပြီးနောက် ဘရာသာရ် ဟူသော ဂုဏ်ထူးအမည်အခေါ်အဝေါ်ကို စတင်ရရှိတော့သည်။ ၎င်းသင်္ကန်းကို ရရှိပြီးနောက် ပြင်ဦးလွင်မြို့ရှိ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ် (ဒဿနိကဗေဒ) သို့ ဝင်ရောက်ပြီး အတွေး အခေါ်ပညာ ရပ်ကို (၂) နှစ်တိတိ သင်ကြားအောင်မြင်ပြီးပါက၊ တောင်ကြီးမြို့ရှိ ဝိညာဉ်ရေးဆိုင်ရာ  ရဟန်းဖြစ်တက်္ကသိုလ်တွင် (၁) နှစ်တိတိ ပညာသင်ယူရပြန်သည်။

၎င်းတောင်ကြီးမြို့ရှိ ဝိညာဉ်ရေးဆိုင်ရာရဟန်းဖြစ်တက်္ကသိုလ်တွင် ပညာသင်ယူပြီးနောက် ရန်ကုန်မြို့ရှိ ကက်သလစ်ရဟန်းဖြစ် တက်္ကသိုလ်တွင် ဓမ်္မပညာရပ်များကို (၄) နှစ်တိတိ ဆက်လက်သင်ယူရပါသည်။ ကက်သလစ်သာသနာတော်တွင် ဘုရားအမှုတော်ကို ထမ်းဆောင်ကြရသော ရဟန်းတော်များ၏ အခြေခံပညာသင်ယူမှုသည် နိုင်ငံတော်အစိုးရ၏ တက်္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင် ပြီးနောက် အနည်းဆုံး (၇) နှစ်တိတိကို သင်ယူပြီးနောက် အနည်းဆုံး အသက် (၂၅) နှစ်ပြည့်မှသာလျှင်  ကက်သလစ် ခရစ်ယာန်သာသနာတော်၏ ရဟန်းသိက်္ခာတော်ကို ဆရာတော်ကြီးထံမှ ရရှိပါသည်။ ၀၀၉ ကုန်ဇမှုန်း

2898  Views
Previous: အုပ်စုကွဲနေကြသောအောက်သဒေါ့အသင်းတော်မှ ဘာသာရေး ခေါင်းဆောင်ကြီးများက နှစ်ပေါင်း (၁၀၀၀) ကျော်အကြာတွင် ပထမဆုံးအကြိမ် ထိပ်သီးညီလာခံကျင်းပ
Next: ၂၁ ရာစုပင်လုံညီလာခံလား၊ ပင်ပေါင်ညီလာခံလား။