၂၁ ရာစုပင်လုံညီလာခံလား၊ ပင်ပေါင်ညီလာခံလား။

Editorial Logo

နိုင်ငံရေးစနစ်သည် နိုင်ငံတစ်နိုင်ငံ၏အသက်သွေးကြောပင် ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ၏လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့်ဥစ်္စာဓနကြွယ်ဝရေး၊ နိုင်ငံတစ်ခု၏ငြိမ်းချမ်းရေးစသောကဏ္ဍရေးရာများကို မောင်းနှင်အားသည်ကား နိုင်ငံရေးစနစ်ပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် မှားယွင်းသော နိုင်ငံရေးစနစ်၊ လူမျိုးကြီးစိတ်ဓါတ်ရောဂါအခြေခံသော နိုင်ငံရေးစနစ်၊ ဘာသာရေးအယူ သည်း သော နိုင်ငံရေးစနစ်တို့ကြောင့် အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးပြီး ၁၉၆၀ ခုနှစ်လောက်မှစတင်ပြီး ပြည်တွင်းစစ် ကြီး စတင်ဖြစ်ပွားခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ ၎င်းပြည်တွင်းစစ်ပွဲများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများစွာ တို့သည် ထောင်ထားသောမိုင်းများကို နင်းမိခြင်းကြောင့် သေဆုံးခြင်း၊ ခြေပျက်ခြင်း၊ မိဘမဲ့ဖြစ်ရခြင်းအပင် ခဲယမ်းများကြောင့် အိုးအိမ်များမီးလောင်ဆုံးရှုံးခြင်း၊ လယ်ယာမြေများ ဆုံးရှုံးခြင်း၊ စစ်တပ်နှင့်လက်နက်ကိုင်ဖက်မှ တိုင်းရင်းသားများ သေဆုံးရခြင်း၊ စစ်ပွဲကြောင့် ပေါ်ပေါက်လာသော မှောင်ခိုဈေးကွက်တွင် နိုင်ငံတော်၏အဖိုးတန်ကျောက်မျက်ရတနာများ၊ အဖိုးတန်သစ်များနှင့် သတုများစွာတို့ကို ဆုံးရှုံးခဲ့ကြသည်မှာ ယနေ့တိုင်ပင် ဖြစ်ပေသည်။

အမှန်စင်စစ်၊ အထက်ကဖော်ပြခဲ့သော နစ်နာဆုံးရှုံးသေကြေပျက်စီးမှုများအားလုံးသည် မည်သူကနိုင်ပြီး မည်သူကရှုံးသနည်း။ မည်သူမှ မနိုင်ပေ။ သက်ဆိုင်သူအားလုံးက ရှုံးပါသည်။ အဆိုးဆုံးပြောရသော် ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံသည်သာ ဆုံးရှုံး နေရပါသည်။ ထိုကဲ့သို့သော တိုင်းပြည်၏ဆုံးရှုံးမှုကို ရပ်တန့်ရန်အလို့ဌာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ရေရှည် တည်တံ့သေငြိမ်း ချမ်းခြင်းကို ရည်စူးပြီး ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပရန် ပြင်ဆင်နေလေပြီ။ ထိုကဲ့သို့သောပြင်ဆင်မှုတွင် ဒေါ်အောင်ဆန်းစု ကြည်ပြောနေမြဲစကားတစ်ခွန်းကမူ၊ ““အစိုးရ၊ တပ်မတော်နှင့်တိုင်းရင်းသားများဖက် တိုင်းပြည်ကောင်းစား ရေးအတွက် ဘာကို ပေးမည်နည်း”” ဟူသော ချဉ်းကပ်ခြင်းကို လက်ကိုင်စွဲကြရန် လိုအပ်နေသည်။

၂၀၁၆ ခုနှစ် ဇွန်လအတွင်း ကြားနေရ၊ ဖတ်နေရသော သုံးသပ်ချက်များတွင်မူ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သည် ဒေါ် အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုအားနည်းနေကြသည့်အချက်ပင် ဖြစ်သည်။ ထိုကဲ့သို့သောအချက်သည် မှန်၏မှား၏ မဝေဖန် လိုသော်လည်း မှတ်ချက်ပြုရန် စောလွန်းနေသေးသည်ဟု ဆိုချင်ပါသည်။ အရေးကြီးဆုံးအချက်ကမူ၊ တွေ့ ဆုံဆွေးနွေးခြင်းပင် ဖြစ်သည်။ တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည်နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပြီးမှ သာ ဒေါ်အောင် ဆန်းစုကြည်သည် ယုံကြည်ရသူဖြစ်၏မဖြစ်၏ကို ဆုံးဖြတ်သင့်ပေသည်။

တဖန်မြန်မာ့တပ်မတော်ကလည်း အမျိုးသားအဆင့်အပစ်အခတ်ရပ်စဲရေးစာချုပ်မချုပ်ဆိုသော လက်နက်ကိုင်အဖွဲ့များကို ၂၁ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခွင့်ပြုမည်မဟုတ်ဟူသော အချက်ကလည်း တိုင်းပြည်၏ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက် တစ်ခု ဖြစ်နေသည်။

မည်ကဲ့သို့သော အကြောင်းတရားများဖြင့် မည်သို့ပင်ဖြစ်စေ၊ နိုင်ငံတော်အစိုးရ၊ မြန်မာ့တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်မရေးထိုးသေးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လုံးသည် ပြည်ထောင်စု သမ်္မတမြန်မာနိုင်ငံတွင် ထာဝရတည်တံ့သော ငြိမ်းချမ်းခြင်းကို ရရှိစေပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင် ကြရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးက ““မည်ကဲ့သို့ပေးဆပ်နိုင်မည်နည်း”” ဟူသော လမ်းစဉ် ကိုသာ အခြေခံကြကာ ““မည်ကဲ့သို့ တောင်းဆိုမည်နည်း”” ဟူသော အယူအဆကို စွန့်လွှတ်ကြရန် အထူးလိုအပ်လာလေသည်။

ထို့ကြောင့် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပရာတွင်၊ တစ်ယောက်နှင့်တစ်ယောက်၊ တဖွဲ့နှင့်တဖွဲ့ လက်ညိုးထိုး ပင်ပေါင် ရိုက် နေမည့် အစား၊ မိမိ၏လိုအင်ဆန်္ဒကို ကြီးမားသောနာကျင်မှုအပြည့်ဖြင့် စတေးခံကြကာ ပြည်ထောင်စုတိုင်းရင်းသားများ (ပြည်သူသန်း ငါးဆယ်ငါးကျော်) ၏ ဒုက်္ခပြဿသနာကို ထောက်ရှုပြီး သဟဇာတရှိပြီး ညီအစ်ကိုမောင်နှမဝန်းကျင်ကိုဖန်တီး ပေးမည့် အပြောအဆိုနှင့် အပေး အယူမျိုးကိုသာ စဉ်းစားဆုံးဖြတ်ပေးကြပါရန် လူနည်းစုဖြစ်ကြသော်လည်း လူအများစု၏ကိုယ်စားလှယ်များ ဖြစ်ကြသူအားလုံးကို အထူးပန်ကြားလိုက်ပါသည်။ ၂၁ ရာစုပင်လုံညီလာခံကြီး အောင်မြင်ပါစေ။ အယ်ဒီတာချုပ်

1349  Views
Previous: ကက်သလစ်ရဟန်းလောင်းများကို ““ရန်ကုန်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ်သို့ ဝင်ခွင့်ရမှသာ ဝတ်ရုံသင်္ကန်းဖြူကို အပ်နှင်းဝတ်ဆင်ခွင့် ပြုတော့မည်””ဟု ဆုံးဖြတ်ချမှတ်
Next: ချင်းလူမျိုးများ၏ သင်္ကေတဖြစ်ကြသော အောက်ချင်းဌက်နှင့်တောင်ဇလပ်ပန်းများကို ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် ဒုတိယသမ်္မတဟင်နရီဗန်ထီယိုးက မှာကြား