ပိုလန်နိုင်ငံတွင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော်မူသော ကိုယ်တော်မြတ်မုန့်တော်က သွေးဖြင့်နီရဲလတ်ဆတ်သောအသားတုံးအဖြစ်သို့ ပြောင်းလဲသွားတော်မူ

KDM

လဲနီကာ၊ ပိုလန်နိုင်ငံ ဧပြီလ ၁၈၊ ၂၀၁၆

ပိုလန်နိုင်ငံတွင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော်မူသော ကိုယ်တော်မြတ်မုန့်တော် က သွေးဖြင့်နီရဲလတ်ဆတ်သော အသားတုံး အဖြစ်သို့ပြောင်းလဲသွားကာ ၎င်းကိုယ်တော် မြတ်မုန့်တော်ကို ရှိခိုးကိုးကွယ်ရန် ပိုလန်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လဲနီကာ ကက်သလစ်ဆရာတော်ကြီး ဇဘီနီယို ကီယာ နီကော်စကီက ကြေညာလိုက်ခြင်းဖြစ်သည်ဟု သတင်းရရှိပါသည်။

ဖြစ်စဉ်ကမူ၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်၊ ခရစ္စမတ်နေ့တွင် ဖန်ဆင်း (ကောင်းကြီးပေး) ထားတော်မူသော ကိုယ်တော်မြတ်မုန့် သည် ဘုရားကျောင်းဝင်းရှိ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျရာ ဆရာတော်ကြီးက ပြုတ်ကျတော်မူသော ကိုယ်တော်မြတ်မုန့်ကိုကောက်ယူကာ အရည်ပျော်ရန် ရည်ရွယ်ပြီး ရေထည့်ထားသော ပန်းကန်ထဲတွင် ထည့်ထားခဲ့သည်။ ထို့နောက် မကြာမီတွင် ပန်းကန် အတွင်း ရေထဲတွင်ထည့်ထားသော ကိုယ်တော်မြတ်မုန့်တော်တွင် အနီရောင်သွေးစက်များ ပေါ်လာတော်မူသည်။

ထို့ကြောင့် ၎င်းအချိန်က လဲနီကာသာသနာပိုင်ဆရာတော်ဖြစ်တော်မူသော ဆရာတော်ကြီး စတီဖင်ကြည်ချီက ထိုကဲ့ သို့ သောဖြစ်စဉ်ကို သေချာစောင့်ကြည့်လေ့လာရန် ကော်မတီတစ်ခုကို ဖွဲ့စည်းတော်မူခဲ့သည်။ သို့ဖြင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နီရဲသောသွေးစက်များ ထွက်ပေါ်နေသည့် ကိုယ်တော်မြတ်မုန့်တော်၏ သေးငယ်သောအပိုင်းအစကိုချိုးဖဲ့ပြီး သုတေသနပြုလုပ်သော တက္ကသိုလ်များသို့ပေးပို့ကာ ခွဲစိတ်ပြီး သုတေသနကို အသီးသီးကိုယ်စီ ပြုလုပ်ခဲ့ကြသည်။

၎င်းသုတေသနတက္ကသိုလ်များထဲမှ မူခင်းဆေးပညာဆိုင်ရာ သု တေသနတက္ကသိုလ်ဟူသောအဖွဲ့ က မိမိ၏သုတေသနမှ ထွက်ပေါ် ရရှိလာသောတွေ့ရှိချက်ကို ထုတ်ပြန်ရာတွင် “ Histopathological image ရောဂါဗေဒဆိုင်ရာ ပုံရိပ်ထဲတွင်မူ မုန့်တော်၏ အပိုင်းအစ များထဲတွင် ဒုက်္ခခံထမ်းထားသော ကြွက်သားအစိတ်အပိုင်းများ ပါဝင်နေသည်ကိုတွေ့ ရှိရကြောင်း၊ ၎င်းကြွက်သားများ သည် နှလုံးရှိကြွက်သားများနှင့် တူညီနေကြောင်း၊ အသားထဲတွင်ရှိသော ကြွက်သား အမျှင်များသည် လူသားတို့၏ ကြွက်သား အမျှင်များကဲ့သို့ အစစ်အမှန်ဖြစ်နေပြီး ၎င်း ကြွက်သားများသည် စိတ်ဖိစီးမှုကို ခံစားနေရသည့် ကြွက်သားကဲ့သို့ ဖြစ်နေသည်” ဟု ဖော်ပြထုတ်ပြန် ခဲ့သည်။

၎င်းသုတေသနကျောင်း၏ တွေ့ရှိချက်အစီရင်ခံစာနှင့် ကိုယ်တွေ့ဖူးမြင်ရသော အဖြစ်အပျက်များကိုအခြေခံပြီး ဆရာတော်ကြီး ဇဘီနီယို ကီယာနီကော်စကီက “ကိုယ်တော်မြတ်မုန့်တော်သည် ကိုယ်တော်မြတ်နှင့်သက်ဆိုင်သော တန်ခိုးလက္ခဏာနှင့် သက်ဆိုင်သော ထင်ရှားစေသည့် ထူးခြားချက်များပင်ဖြစ်ကြောင်း” ဖြင့် ဤအမှုတွဲကို ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီးရုံးလက်အောက်ရှိ ယုံကြည်ခြင်း ဆိုင်ရာ ယုံကြည်ရာ အချက်များဌာနသို့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက ပေးအပ်ရာတွင် ဖော်ပြရေးသားတော်မူခဲ့သည်။

ဆရာတော်ကြီး ဇဘီနီယို ကီယာနီကော်စကီမှ တင်ပြပေးပို့လာသောအမှုတွဲနှင့် စပ်လျဉ်းပြီး ရဟန်းမင်းကြီး ရုံးတော်က “၎င်း လတ်ဆတ် သောအသားတုံးသို့ ပြောင်းလဲသွားတော်မူသော ကိုယ်တော်မြတ်ကို ခရစ်ယာန် ဘာသာဝင်များက အရိုအသေပြု  ရှိခိုး ကိုးကွယ်နိုင်ရန်  အတွက် သင့်လျော်သော နေရာတစ်ခုကို ပြုလုပ်ပေးရန်” ညွန်ကြားစာ တစ်စောင် ထွက်ပေါ်လာခဲ့သည်။

ရဟန်းမင်းကြီးရုံးတော်မှ ထွက်ပေါ်ရရှိလာသော ညွန်ကြားချက်အပေါ်မူတည်ပြီး ဆရာတော်ကြီးက “ယခုလို ကိုယ်တော် မြတ်မုန့်တော်ကို ဘာသာဝင်တွေ အကြည်အညိုပေးနိုင်သောနေရာကို ဖန်တီးပေးခြင်းအားဖြင့် ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေက ကိုယ်တော် မြတ်နှင့်သက်ဆိုင်သော ယုံကြည်ကိုးကွယ်ခြင်းဆိုင်ရာ စိတ်သဘောထားများကို ပိုမိုပိုင်ဆိုင် လာကြမည်ဖြစ်သည်” ဟု မှတ်ချက်ပြုတော်မူလိုက်သည်။          ကုန်ဇမှုန်း

2380  Views
Previous: ဟားခါးကက်သလစ်သာသနာတွင် အနာဂါတ်ရဟန်းဆရာတော်များကို မွေးထုတ်ပေးမည့် အကြိုရဟန်းဖြစ်သင်ကျောင်းကို စတင်ဖွင့်လှစ်
Next: မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်နိုင်ငံသံရုံးကို ရန်ကုန်မြို့၊ ခဝဲခြံ၊ မင်းသုံးပါးဘုရားကျောင်းနားရှိ အိမ်တွင် ဖွင့်လှစ်ရန် လျာထားသည်ဟု ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားတော်မူ