ဘုရားကျောင်းထဲတွင် ဘုရားဝတ်ပြုမစ်္ဆားပူဇော်နေသော ဘုန်းတော်ကြီး ဂျက်ဟာမေးလ်သည် အစ္စလာမ်မစ်အကြမ်းဖက်သမားနှစ်ဦး၏ လည်ပင်လှီးသတ်ဖြတ်ခြင်းခံရတော်မူ

back-cover

ပြင်သစ်၊ ဇူလိုင်လ ၂၇၊ ၂၀၁၆

ပြင်သစ်နိုင်ငံရှိ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းထဲတွင် ဘုရားဝတ်ပြု မစ္ဆား ပူဇော်နေသော ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး ဂျက်ဟာမေးလ် (အသက် ၈၅ နှစ်) သည် အစ်္စလာမ်မစ် အကြမ်းဖက်သမားနှစ်ဦး၏ လည်ပင်းလှီးသတ်ဖြတ်ခြင်းကို ဇူလိုင်လ (၂၆) ရက်နေ့၌ခံရတော်မူသည်ဟု သတင်းရရှိပါသည်။

၎င်းသတ်ဖြတ်မှုဖြစ်စဉ်တွင် ဘုရားဝတ်ပြုနေပြီး အသက်ဘေးမှ ထွက်ပြေးလွတ် မြောက်လာသော ကက်သလစ်သီလ ရှင် ဒေးနီအယ်လာက “ဘုန်းဘုန်းနဲ့ ကျွန်မတို့ သီလရှင်သုံးပါးနဲ့ဘာသာတူတစ်ယောက်တို့က အင်္ဂါနေ့မနက်ပိုင်းက ဘုရားကျောင်း ထဲမှာ ဘုရားဝတ်ပြု မစ္ဆားပူဇော်နေပါတယ်။ အဲဒီအချိန်မှာ အစ္စလာမ်မစ် အကြမ်းဖက်သမားနှစ်ဦးက ဘုရားကျောင်းထဲကိုဝင်လာပြီး ပလ်္လင်ဖက်ကိုတက်သွားပြီးတော့ မစ္ဆားပူဇော်နေသော ဘုန်းဘုန်းဂျက်ဟာမေးလ်ကို ဒူးထောက်ခိုင်းပါတယ်။ ဘုန်းဘုန်းဘက်က ချက်ချင်းဒူးမထောက်တာနဲ့ သူတို့ပါလာတဲ့ဓါးကိုထုတ်ပြီးတော့ ဘုန်းဘုန်းရဲ့လည်ပင်းကို ဓါးနှင့်လှီးလိုက်ကြပါတယ်။ ကျွန်မလည်း အဲဒါကိုမြင်ပြီးကြောက်တာကြောင့် ဘုရားကျောင်း ထဲကနေအမြန်ထွက်ပြေးလာပါတယ်” ဟု သူမ၏ကိုယ်တွေ့ကို ရဲများနှင့် သတင်းထောက် များအား ရှင်းပြလိုက်သည်။

ထိုကဲ့သို့သတ်ဖြတ်ခြင်းအပေါ် ဥရောပရှိ ခရစ်ယာန်ဘာသာဝင်များက ဘုန်းတော်ကြီး ဂျက်သည် ၂၁ ရာစုတွင် ဥရောပတိုက်၌ တရားတော်အတွက် ပထမဆုံးအသတ်ခံရတော် မူသော ဓမ်္မအာဇာနည်တစ်ပါးဖြစ်သည်ဟု ပြောစမှတ်စပြုကြလေသည်။

ဘုန်းတော်ကြီးဂျက်သည် ယခုကဲ့သို့ အသတ်မခံရမှီ၊ သေလွန်သူများအတွက် ဆုတောင်းပေးရသော ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့၌ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များထံသို့ ရေးသားသော ဘာသာရေးစာစောင်တစ်ခု တွင် “သန့်ရှင်းဖြူစင် ခြင်းသည် ထူးခြားသောအလုပ်များကို လုပ်ဆောင်ခြင်းပေါ်တွင် မူတည်ခြင်းမဟုတ်ဘဲ သာမန်ဘဝထဲတွင်လည်း ရရှိနိုင်ကြောင်း၊ သန့် ရှင်းဖြူစင်ခြင်းသည် မိမိတို့အတွက် မဟုတ်ကြောင်း၊ မိမိတို့သည် ဆေးကြောခြင်းမင်္ဂလာကို ခံယူရရှိခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြကြောင်း၊ ၎င်းသားသမီးများ ဘဝထဲတွင် ရှင်သန်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ရဟန္တာ များ ဖြစ်လာကြကြောင်း” ဖြင့် အားပေးတိုက်တွန်း တော်မူခဲ့သည်။

ဘုန်းတော်ကြီးဂျက်သည် ၁၉၃၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နော်မင်ဒီမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ရဟန်းသိက္ခာကို ရရှိတော်မူခဲ့ရာ၊ မိမိ၏ရဟန်းဘဝတစ်ခုလုံးကို နော်မင်ဒီမြိ့ရှိကက်သလစ်သာသနာတော်ထဲတွင် ဘုရား၏အမှုတော်မြတ်ကို ထမ်းဆောင်တော်မူခဲ့သည်။

1148  Views
Previous: အင်းစိန်ထောင် မြန်မာပြည်၏ ဒုက်္ခဆင်းရဲမှုများမှ ပေါက်ဖွားလာသော ပုလဲရတနာတစ်လုံး
Next: Let my country start the pilgrimage to Panglong – Peace is the only way