ရဟန်းမင်းကြီးက တစ်ကမ္ဘာလုံး၌ တစ်နှစ်လျှင် ကက်သလစ်ဆရာတော်အပါးပေါင်း (၁၄၅) ပါးကို နှစ်စဉ်ရွေးချယ်ခန့်ထားတော်မူ

14595623_1870807116487957_642454207329958559_n

ရန်ကုန်၊ စက်တင်ဘာ ၁၉ ၂၀၁၆

ရဟန်းမင်းကြီးသည် တစ်ကမ္ဘာလုံး၌ တစ်နှစ်လျှင် ကက်သလစ် ဆရာတော် အပါးပေါင်း (၁၄၅) ကို နှစ်စဉ် ရွေးချယ် ခန့်ထားလျက် ရှိကြောင်းဖြင့် စက်တင်ဘာလ (၁၉) ရက်နေ့က သတင်းရရှိသည်။ ဗာတီကန် နန်းတော်သည် နှစ်စဉ် ရွေးချယ် ခန့်အပ်ခြင်း ခံကြရသော ဆရာတော် သစ်များကို ဗာတီကန် နန်းတော်သို့၂၀၀၁ ခုနှစ်မှစတင်ပြီး နှစ်စဉ် ဖိတ်ခေါ်ကာ ဆရာတော်တစ်ပါး၏ တာဝန်များကို သင်ကြားပေးလျက်ရှိနေသည်။

၎င်းသင်တန်းသို့ တက်ရောက် ပါဝင်သော ပါကစ္စတန်နိုင်ငံ၊ အစ္စတန်ဘူး ကက်သလစ် သာသနာ၏ လက်ထောက်ဆရာတော် ရိုဘင်ကွန် ဇာလေက“ဗာတီကန်မှာ လာရောက်ပြီးတော့ (၁၀) ရက်တာ သင်တန်း တက်ရောက်ခြင်းတွင် အဓိက နားလည် လိုက်သော ပညာသည်ကား ဆရာတော် တစ်ပါးဟာ ကက်သလစ် သာသနာတော်ကို တကမ္ဘာလုံးနှင့် သက်ဆိုင်ခြင်း တစ်ခုလုံးအပေါ် အမြဲတမ်း ကြည့်ပြီး ဦးဆောင်ခြင်း ကို ပြုရမည်ဟု လည်းကောင်း၊ ဆရာတော်များသည် ရောမမြို့နှင့် အမြဲတမ်း တစ်လုံးတစ်ဝတည်း ရှိနေခြင်းကို သိစေခြင်း ဖြစ်ကြောင်း”ဟု နားလည်ကြောင်း မိန့်ကြားတော်မူသည်။

ဗာတီကန် နန်းတော်သည် နှစ်စဉ် ရွေးချယ်ခန့် အပ်ခြင်းခံကြရသော ဆရာတော် သစ်များကို ဖိတ်ခေါ်ပြီး ဆရာတော်တစ်ပါး၏ လုပ်ငန်းများနှင့် တာဝန်များနှင့် ဝိညာဉ်ရေးရှင်သန်ခြင်းများ၊ လမ်းညွှန်ချက်များ၊ မိမိ၏ဘာသာဝင်များနှင့် ရဟန်းတော်များကို မည်ကဲ့သို့ ဦးဆောင်ပံ့ပိုးရမည်ဟူသော နည်းလမ်းများကို သင်ကြား ပို့ချပေးခြင်းဖြစ်သည်။

ဗာတီကန်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သော ရဟန်းမင်းအမတ် ပါရိုလင်းက၊ လက်ရှိကက်သလစ် သာသနာတော်၏ အခြေအနေများ၊ ရဟန်းမင်းကြီးက အကောင်အထည်ဖော်နေသော အသင်းတော်၏ ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာ့ရေးရာများကို ရှင်းလင်း သင်ကြားပေးသည်ဟု သိရှိရသည်။

ရဟန်းမင်းကြီးက စက်တင်ဘာလ (၁၆) ရက်နေ့က ဆရာတော်သစ်များအား လက်ခံတွေ့ဆုံရာတွင်“ဆရာတော်များ အနေဖြင့် ကောင်း သော ဆာမရိတန် ကဲ့သို့ကျင့်ကြံ နေထိုင်ကြရန်လိုအပ်ကြောင်း၊ ရဟန်းတော်များက မိမိ၏ ဆရာတော်ကို သွားတွေ့ရာတွင်သက်တောင့်သက်တာ ရှိနေရမည်ဖြစ်ကြောင်း၊ ဆရာတော်များ အနေဖြင့် ရဟန်းဖြစ်သင် ကျောင်းသားများ များများရရှိခြင်းထက် ရှိနေသောရဟန်းဖြစ်သင်ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေးကို ဦးစားပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဘာသာဝင်များကိုလည်း မေတ္တာတရားထဲတွင် ဦးဆောင်မှု ပေးကြရန် လိုအပ်ကြောင်း” ဖြင့် သွန်သင်ပေးတော်မူသည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးက “ဆရာတော်ကြီးများ အနေဖြင့် ခရစ်ယာန် ဘာသာဝင်များကို ဘုရားသခင်၏ မေတ္တာတရားဖက်အား   လမ်းပြ ဆွဲခေါ်ကြရန် အဓိက တာဝန်ရှိကြကြောင်း ၊လူသားများဖြစ်သောကြောင့် စိတ်ဆိုးမှုနှင့် အားမရမှု၊ အားနည်းချက်များ ရှိနေကြသော်လည်း ဆရာတော်ကြီးများ အနေဖြင့် ခရစ်ယာန် ဘာသာဝင်များက ဘုရားသခင်၏ သနားကြင်နာခြင်းကို ပြန်လည်တွေ့ရှိနိုင်ကြရန်    အတွက် ကူညီပေးကြ ရန် တာဝန်ရှိကြသည်” ဟု တိုက်တွန်းပြတော်မူသည်။

ဂျိုးဇက်ကုန်ဇမှုန်း

1281  Views
Previous: မြန်မာအစိုးရသည် မြစ်ဆုံစီမံကိန်းကို အနောက်နိုင်ငံများ၏ နည်းပညာနှင့် ငွေကြေးအကူအညီတို့ဖြင့်သာ တည်ဆောက်သင့်
Next: လာတင်းဝတ်ပြုနည်းနှင့် အရှေ့တိုင်းဝတ်ပြုနည်း ကွာခြားနေခြင်းကို ပြန်လည်နီးစပ်စေရန်အတွက် ကာနွန်ဥပဒေကို ပြုပြင်ရန် ရဟန်းမင်းကြီး အမိန့်ထုတ်ပြန်