ကက်သလစ်သာသနာတော်၏ ဦးနှောက်ဟု တင်စားခံရသော ဂျေဆွီရဟန်းများက အသင်းဂိုဏ်းခေါင်းဆောင်သစ်ကို ရွေးချယ်

005

ဗာတီကန်၊ အောက်တိုဘာလ ၁၅၊ ၂၀၁၆ BBC & CNA

ရောမမြို့တွင် စုရုံးရောက်ရှိ နေကြသော ဂျေဆွီကက်သလစ် ရဟန်းအသင်းဂိုဏ်းဝင်များသည် မိမိတို့ကို ဦးဆောင်မည့် (၃၁) ပါးမြောက်၊
ခေါင်းဆောင်သစ်အဖြစ် ဗင်နီဇွဲလားနိုင်ငံမှ အသက် (၆၇) နှစ်ရှိသော ဘုန်းတော်ကြီး အာတိုရိုဆိုစာ အာဘစကာလ် ကို အောက်တိုဘာလ (၁၄) ရက်နေ့က တစ်ခဲနက် ရွေးချယ်ခဲ့ကြသည်ဟု သတင်းရရှိ သည်။

ထိုကဲ့သို့ လာတင်အမေရိကနိုင်ငံမှ ရဟန်းတစ်ပါးကို အသင်းဂိုဏ်း၏ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခြင်းသည် ၎င်းအသင်းဂိုဏ်းကို တည်ထောင်သော ၁၅၄၀ ခုနှစ်မှ ယနေ့ထိတိုင်ရှိနေခဲ့သော ဥရောပတိုက်သားများကို ရွေးချယ်သည့် ယဉ်ကျေးမှုတစ်ခုကို ပြောင်းလဲ ပစ်လိုက်ခြင်းပင်ဖြစ်သည်။

ဂျေဆွီကက်သလစ်ရဟန်းအသင်းဂိုဏ်းသည် ကက်သလစ်သာသနာတော်ထဲတွင် အသင်းဂိုဏ်းဝင်ရဟန်းအများဆုံးသော သူတော်စင်အသင်းဂိုဏ်းဖြစ်ပြီး သူတို့၏ သင်္ကန်းဝတ်ရုံသည် အနက်ရောင်ဖြစ်သည်။ နိုင်ငံတကာတွင်မူ ဂျေဆွီအသင်းဂိုဏ်း၏ အကြီးအကဲကို ” The Black Pope လူမည်းရဟန်းမင်းကြီး” ဟု တင်စားထားကြသည်။ တစ်ကမ္ဘာလုံးရှိ လက်ရှိ ဂျေဆွီရဟန်းအရေအတွက်မှာ (၁၇၀၀၀) ကျော် ရှိနေပြီဖြစ်သည်ဟု သိရှိရသည်။

တစ်ကမ္ဘာလုံးရှိ ဂျေဆွီရဟန်းများ၏ကိုယ်စားလှယ်ပေါင်း (၂၁၅) ပါးတို့သည် ရောမ မြို့တွင် (၄) ရက်တိတိ ဆုတောင်းပြီးနောက် သက်တမ်းပြည့်ပြီဖြစ်သော စပိန်နိုင်ငံသား အာဒိုဖိုနီကော်လပ်ကို ဆက်ခံမည့် ဂိုဏ်း၏အကြီးအကဲကိုေ ရွးချယ်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းရွေးချယ်ပွဲကို “လျှို့ဝှက်ပြောဆိုခြင်း” ဟု အမည်ပေးထားသည်။

သူ့ကို ဂိုဏ်းအကြီးအကဲအဖြစ် ရွေးချယ်ခြင်းသည် ကက်သလစ်သာသနာတော်၏ ဥရောပတိုက်အပြင်ဖက်ရှိ ခေါင်းဆောင်များကို ရှာဖွေနေခြင်းလက္ခဏာကို ပြသခြင်းလည်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်လည်း ဂျေဆွီရဟန်းအသင်းဂိုဏ်းဝင် တစ်ပါးဖြစ်တော်မူပြီး ဘုန်းတော်ကြီး အာတိုရိုဆိုစာ အာဘစကာလ်အား ရွေးချယ်ခြင်း ကို ကြိုဆိုတော်မူလိုက်သည်။

ဘုန်းတော်ကြီး အာတိုရိုဆို စာ အာဘစကာလ်ကိုသည် ဂျေဆွီ သူတော်စင် အသင်းဂိုဏ်းသို့ ၁၉၆၆ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ကက်သလစ်ရဟန်းသိက္ခာကို ရရှိတော်မူခဲ့ သည်။ ထို့နောက် သူသည် ဗင်နီ ဇွဲလားနိုင်ငံရှိ ဂျေဆွီရဟန်းများ၏ အကြီးအကဲ အဖြစ် ၁၉၉၆ ခုနှစ် တွင် ခန့်အပ်ခံခဲ့ရပြီး ဗင်နီဇွဲလား နိုင်ငံခေါင်းဆောင်ဟူကိုချာဗတ်၏ အစိုးရလက်အောက်တွင် သာသနာပြုခဲ့သည်။

၎င်းဘုန်းတော်ကြီးသည် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဂျေဆွီအသင်းဂိုဏ်း၏ အထွေ ထွေအတိုင်ပင်အဖြစ် တာဝန်ယူခဲ့သည့်အပြင် ဗင်နီဇွဲလားနိုင်ငံ၊ တာချီရာပြည်နယ်၏ တက္ကသိုလ် ဥက်္ကဌတာဝန်ကိုလည်း ၂၀၀၄ ခုနှစ်မှ ယခုချိန်ထိ တာဝန်ထမ်း ဆောင်နေသော ရဟန်းတစ်ပါး ဖြစ်သည်။

ဂျေဆွီရဟန်းများသည် ကက် သလစ်သာသနာတော်ထဲတွင် ဆင်းရဲခြင်း၊ ဖြူစင်ခြင်းနှင့် နာခံ ခြင်းစသော သစ္စာသုံးပါးကို ခံယူကျင့်ကြံ သည့်အပြင် ရဟန်းမင်း ကြီး၏တောင်းဆိုချက်ကိုလည်း တသွေမသိမ်းလုပ်ဆောင်မည် ဟူသော သစ္စာနှင့် အဆင့်မြင့်သော ဘာသာရေးဆိုင်ရာ ရာထူး များကိုလည်း ရှာဖွေမည်မဟုတ် ဟူသော သစ္စာတစ်ပါးကိုလည်း ဆိုကြရသည်။

၎င်းရဟန်းအသင်းဂိုဏ်းသည် ပညာရေးနှင့် လူ့အခွင့်အရေးများတွင် ထူးချွန်စွာ လုပ် ဆောင်နေကြသော ရဟန်းများ ဖြစ်ကြပြီး ၎င်းအသင်းဂိုဏ်းကို ၁၅၄၀ ခုနှစ်တွင် အီတလီ နိုင်ငံသားစစ်သားဖြစ်သော လိုယိုးလားက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

#ကုန်ဇမှုန်း

1201  Views
Previous: ရဟန်းမင်းကြီးက ဗင်နီဇွဲလားသမ္မတ နစ်ကိုလက်စ် မာဒူရိုအား အတိုက်အခံပါတီများနှင့် နိုင်ငံသားများအကျိုးအတွက် တွေ့ဆုံဆွေးနွေးရန် အကြံပြု
Next: ကက်သလစ်သာသနာတော်ခေါင်းဆောင် ရဟန်းမင်းကြီးဖရန်စစ်နှင့် အင်္ဂလီကန်အသင်းတော်ခေါင်းဆောင် ဂျက်စတင်းဝီဘိုင်တို့ တွေ့ဆုံဆွေးနွေး