၂၀၁၇-ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ““စစ်ပွဲများ ရပ်စဲကြပါ””ဆိုတဲ့စာသားပါတဲ့ ကဒ်တွေ၊ အလံတွေ သယ်ဆောင်သွားကြပါစို့။

cardinal-charles-bo

 

၁၃ ဒီဇင်ဘာလ ၂၀၁၆၊ ရန်ကုန်

မြန်မာပြည်မှ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ““ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ””၊ ကျွန်ုပ်တို့ဟာ နှစ်စဉ်နှစ်တိုင်း တစ်ဦးနဲ့တစ်ဦး အခုလိုမျိုးနှုတ်ဆက်ကြပါတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် တိုင်းပြည်ရဲ့နေရာအတော်များများ မှာ ပျော်ရွှင်မှု မရှိကြပါဘူး။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ စစ်ဘေးရှောင်စခန်းက ဒုက်္ခသည်(၂)သိန်းကျော် အဖို့တော့ ပျော်ရွှင် ဖွယ်နှစ်သစ် မဖြစ်နိုင်ပါဘူး။

နှစ်ပေါင်း(၆၀)လောက်ကတည်းက အစပြုခဲ့တဲ့စစ်မီးဟာ တောက်လောင်နေဆဲပါ။ ကမ္ဘောဒီယားဆိုရင် သူတို့တိုင်းပြည်ရဲ့ပဋိပက္ခကို ရအောင် ဖြေရှင်းနိုင်ခဲ့တယ်။ ဗီယက်နမ်ဆိုရင်လည်း ပြည်တွင်းစစ်ပွဲတွေကို အပြီးသတ်နိုင်ခဲ့တယ်။ သူတို့တွေဟာ ငြိမ်းချမ်းတဲ့ လမ်းစဉ်နဲ့အတူ ဖွံ့ဖြိုးတိုးတက်မယ့်အလားအလာရှိနေကြပါပြီ။ ကျွန်ုပ် တို့နိုင်ငံမှာတော့ ဘယ်သူမှအနိုင်မရနိုင်တဲ့စစ်ပွဲကို ဆင်နွှဲနေကြ တုန်းပါပဲ။ တစ်ခုတည်းသောရလဒ်ကတော့ ပြည်သူ အပေါင်း နှလုံးစိတ်ဝမ်းကြေကွဲရပြီး လူပေါင်းများစွာ စစ်ဘေးရှောင်ဖို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါပဲ။

 နိုင်ငံသူနိုင်ငံသားအများစုဟာ ကာလကြာရှည်ဖြစ်ပွားနေခဲ့တဲ့စစ်ပွဲကို ဒီအတိုင်းပဲ တိတ်တဆိတ်ကြည့်နေ ခဲ့ရပါတယ်။ ယခု ကျွန်ုပ်တို့အားလုံး ငြိမ်းချမ်းရေးအတွက် အတူတကွလုပ်ဆောင်ကြပါစို့။ ၂၀၁၇-ခုနှစ်ကို အမှန် တကယ်ပဲ ပျော်ရွှင်ဖွယ်နှစ်သစ် တစ်ခုဖြစ်စေဖို့အတွက် ကျွန်ုပ်တို့ ဘာသာတရားအားလုံး၊ လူမျိုးအားလုံးအတူတကွ လုပ်ဆောင်ကြဖို့ အချိန်ရောက်ပါပြီ။ လက်နက်နဲ့ တုံ့ပြန်ခြင်းအားဖြင့် ငြိမ်းချမ်းရေးမရနိုင်ဘူးဆိုတာ ကျွန်ုပ်တို့သိနေကြပါပြီ။ တရားမျှတမှုရှိရင် ငြိမ်းချမ်းရေးရနိုင်ပါ တယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာရင်လည်း ငြိမ်းချမ်းရေးရဖို့ အလားအလာရှိပါတယ်။

ဒါကြောင့် ၂၀၁၇-ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ကို ““မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းနှင့် ခြိုးခြံဝါရှောင်ရာနေ့ရက်””အဖြစ် ဘာသာတရားအားလုံးအတူတကွပါဝင်ဆုတောင်းကြဖို့ ဖိတ်ခေါ်လိုပါတယ်။ ကျွန်ုပ်တို့ဆုတောင်းဝတ်ပြုရာနေရာဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဘုရားစေတီနဲ့ ဗလီတွေကို သွားရောက်တဲ့နေရာမှာလည်း ““စစ်ပွဲများ ရပ်စဲကြပါ””ဆိုတဲ့စာသားပါတဲ့ ကဒ်တွေ၊ အလံတွေ သယ်ဆောင်သွားကြပါစို့။ ဒါကြောင့် နှစ်သစ်ရဲ့ပထမဆုံးနေ့ရက်မှာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပြီး လူသားတို့ရဲ့စိတ်နှလုံးပြောင်း လဲစေဖို့ ခြိုးခြံဝါရှောင်ကြပါစို့။ စစ်ပွဲများ ရပ်စဲကြပါ။ ၂၀၁၇-ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဖြစ်စေပါ။ ရဟန်းမင်းအမတ်ချားလ်စ်ဘို

385  Views
Previous: Rohingya Muslims commit genocide to Myanmar people in Rakhine State
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ၀ါတွင်းကာလအတွင်း ခရစ်ယာန်များက ကျင့်ကြံလိုက်နာကြရမည့် အချက် (၃) ခုကို မီးမောင်းထိုးပြတော်မူ