မယ်တော်မာရီယား မပါလျှင် ရဟန်းဘဝကို ရှေ့သို့ဆက်လှမ်းရန် မဖြစ်နိုင်ဟု ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူ

ပေ

ဗာတီကန်၊ ဧပြီလ ၁၆၊ ၂၀၁၇၊ CNA

ရဟန်းမင်းကြီးဖရန်စစ်က မယ်တော်မာရီယားမပါလျှင် ရဟန်းဘဝကို ရှေ့သို့ ဆက်လှမ်းရန်မဖြစ်နိုင်ဟုမင်္ဂလာမြတ်များ (စက်္ကရမင်း) ဆီများကို ဖန်ဆင်းကောင်းကြီးပေးသော ကြာသာပတေးနေ့ မြတ်ဖြစ်သော ဧပြီလ (၁၃) ရက်နေ့၌ မိန့်ကြား တော်မူလိုက်သည်။

ရဟန်းမင်းကြီးက “ယေဇူးရှင်၏ တရားတော်ကို လတ်လတ်ဆတ်ဆတ်နှင့် ထိထိရောက်ရောက် ဖြစ်စေချင်လျှင် ကက်သ လစ်ရဟန်းများသည် မိမိတို့၏ မိခင်ဖြစ်တော်မူသော မယ်တော်မာရီယားထံသို့ လှည့်ကြရန်လိုအပ်သည်” ဟု ဆော်သြ တော်မူလိုက်သည်။

“ယေဇူးဘုရားရှင်ကဲ့သို့ ပင် ရဟန်းတစ်ပါးသည် မိမိဟောကြားမည့် တရားတော်ကို မိမိဘဝအတွက် ဦးစွာပျှော်ရွှင်ဖွယ်ရာ တရားတော်ဖြစ်စေရန် လိုအပ်သည်” ဟု အရှင်မြတ်က မီးမောင်း ထိုးပြတော်မူသည်။ ဆက်လက်ပြီး သူက “ရဟန်းတစ်ပါးသည် တရားဟောပြီဆိုလျှင်ဖြစ်နိုင်ပါက တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်း ဟောကြားရန်လိုအပ်ပြီး ဘာသာဝင်များ၏ နှလုံးသားကို ထိတွေ့စေနိုင်သော တရားမျိုးကို ပျှော်ရွှင်မှုဖြင့် ခရစ်တော်ကဲ့သို့ ဟောကြားရန် လိုအပ်ကြောင်း၊ သေးငယ်သော အရာများတွင်သာ ပျှော်ရွှင်ခြင်းကို မြင်တွေ့ရသကဲ့သို့ ပျှော်ရွှင်ခြင်းကို ဝေမျှကြရကြောင်း၊ ဥပမာ မိမိဖုန်းသို့ဝင်လာသော ဖုန်းခေါ်ဆိုခြင်းကိုကိုင်ပြီး ဖြေကြားပေးခြင်းမျိုး၊ မိမိ၏အချိန်ကို တစ်ပါးသူအတွက် စိတ်ရှည်စွာဖြင့် အသုံးချပေးခြင်းမျိုးဖြစ်သည်” ဟု တိုက်တွန်းတော်မူသည်။

ခရစ်တော်၏နှုတ်တော်ထွက်စကားသည် ပျော်ရွှင်ခြင်း၏သတင်းစကားဖြစ်ကြောင်း၊ ပျော်ရွှင်ခြင်းသတင်းစကားသည် အရာ ဝတ္ထုမဟုတ်ဘဲ လုပ်ငန်းတာဝန်ဖြစ်ပြီး ဆီဖြင့်လူးကျံခြင်းမှ ထွက်ပေါ်လာသည်ဟု ရဟန်းတော်များအား မိန့်ကြားတော်မူသည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးက “ရဟန်းတော်များအနေဖြင့် ဧဝံဂေလိတရားတော်၏ ကျေးဇူးတော် (၃) ခုဖြစ်သော အပေးအယူမလုပ်သော အမှန်တရား၊ အခြေအနေအပေါ် မမူတည်သော အပြစ်သားများအားလုံးအပေါ် သနားကြင်နာခြင်းနှင့် မိမိကိုယ်ကိုနှင့် တခြားသူများအားဖွင့်ပေးသော ပျှော်ရွှင်ခြင်းတို့အားကို သီးခြားခွဲထုတ်ခြင်းအား မပြုလုပ်ကြရန်၊ ၎င်းအမှန်တရား၊ သနားကြင်နာခြင်းနှင့် ပျှော်ရွှင်ခြင်းတို့သည် ခွဲထုတ်မရဘဲအတူတကွ ရှင်သန်ခြင်း ဖြစ်သည်” သတိပေးတော်မူလိုက်သည်။

958  Views
Previous: ကန့်သတ်ချုပ်ခြယ်ခံကြရသော ရခိုင်ပြည်နယ်က ဘင်္ဂလီလူမျိုးတွေကို သွားလာခွင့်ပြုပါ။
Next: အာဂျင်တီနားနိုင်ငံ၌ ကိုယ်တော်မြတ်မုန့်တော်မှ သွေးယိုစီးမှု ဖြစ်ပွား