အမေရိကန်အစိုးရက ကက်သလစ်သီလရှင် ကယ်ရိုလင်းတာဟန်အား “ရဲရင့်သောအမျိုးသမီး” ဟူသော ဆုကိုချီးမြှင့်

Hrnry

ရောမ၊ ဧပြီလ ၁၅၊ EWTN

အမေရိကန်သမ္မတ၏ ဇနီးဖြစ်သော မယ်လာနီယားထ ရမ့်က ဆီးရီးယားနိုင်ငံတွင် စစ်ဘေးဒုက္ခသည်များကို ရဲရင့်စွာ ကူညီ ပေးသော ဆလေးရှင်းကက်သလစ်သီလရှင်ကယ်ရိုလင်း တာဟန်ဖာချာအား “ရဲရင့်သော အမျိုးသမီးဆု” ကို မတ်လ (၂၉) ရက်နေ့က ဂုဏ်ပြုချီးမြင့်လိုက်သည်။

၎င်းသီလရှင်က “ဆီးရီးယားသမ္မတအာဆတ်ပဲဖြစ်ဖြစ်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပဲဖြစ်ဖြစ်၊ ကျွန်မတို့ဆီးရီးယား နိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက် ကူညီ ပံ့ပိုးပေးတဲ့သူတွေအားလုံးကို ကျွန်မကြိုက်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ ငြိမ်းချမ်းရေးက ဖြစ်နိုင်ပါတယ် ဆိုတဲ့ မျှော်လင့်ချက်ရှိနေ ပေမယ့်၊ လမ်းကြောင်းတွေက နောက်ကိုပြန်ဆုတ်နေတယ်။ဒါ ကြောင့်မို့ အနာဂါတ် ကိုဦးတည်တဲ့လမ်းကြောင်းကိုသွားမှပဲ ဒီပြည်တွင်းစစ်ကြီးက ပြီးဆုံးမှာ ဖြစ်ပါတယ်” ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။

သီလရှင်ကယ်ရိုလင်း တာဟန်ဖာချာသည် ၂၀၁၀ ခုနှစ် မှစတင်ပြီး ဆီးရီးယားနိုင်ငံရှိ မြို့ထဲတွင် လေယာဉ်ဖြင့်ဗုံးကြဲနေ ခြင်းနှင့်ဗုံးဖောက်ခွဲခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်မှုများအကြား၌ ခရစ်ယာန်နှင့် မွတ်ဆလင်ကလေးငယ် (၂၀၀) ဦးအား လုံခြုံ ပြီး ဆော့ကစားနိုင်သောနေရာကို ဖန်တီးပြုလုပ်ပေးသည့်အပြင် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနှင့်ပူး  ပေါင်းပြီး ပျက်စီးလွယ်ပြီး နေရပ်စွန့်ခွာကြ သော အမျိုးသမီး (၅၀၀) ကျော်ကို ကူညီရန်အတွက် စက်ချုပ်သင်တန်း ကျောင်းကို လည်း ဖွင့်လှစ်ပေးခဲ့သည်။ အမှန်စင်စစ် ယခုကဲ့သို့သော ရဲရင့်သောအမျိုး သမီးဆုကို နိုင်ငံတကာမှ သူမ နှင့် အမျိုးသမီး (၁၂) ဦးတို့အား ချီးမြင့်ရန်အတွက် အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက်က အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း သမ္မတသစ်ထရမ် လက်သို့လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဤဆုကို ရရှိခြင်းနှင့် ပတ်သက်ပြီး သီလရှင်က “ဆီးရီး ယားနိုင်ငံက ကလေးငယ်များသည် ဗုံးကြဲသံ၊ ဗုံးဖောက်သံ၊ သေနတ် သံ၊ လူဖမ်းပြီး သတ်ဖြတ်ခြင်း နှင့် ဆာလောင်ငိုကြွေးမှုများအကြား၌ ကြီးပြင်းနေရသည့် ယဉ်ကျေးမှုကို ရင်ဆိုင်နေရ သည်ကို လွန်စွာပင်ဝမ်းနည်းရကြောင်း၊ ဆီးရီးယားနိုင်ငံထဲတွင် အရာအားလုံးကပျက်စီးနေသည် ဟူသောသတင်းသည် မှားယွင်း ပါကြောင်း၊ ကျွန်မတို့နိုင်ငံထဲက ပြည်သူတွေအကြားထဲမှာ ခရစ်ယာန်နှင့် မွတ်ဆလင်တွေအကြားထဲမှာ စည်းလုံး ညီညွတ် ခြင်း၊ အတူတကွ ရှင်သန်နေခြင်းများလည်း ရှိနေဆဲဖြစ်ကြောင်း၊ ကျွန်မတို့ဖွင့်လှစ်ထားသော စက်ချုပ်သင်တန်းကျောင်းတွင် မွတ်ဆလင်အမျိုးသမီးများလည်း တက်ရောက်နေကြသလို လိုအပ်တဲ့ပစ်္စည်းများကိုလည်း မွတ်ဆလင်အမျိုးသမီးများက လိုက်ဝယ်ပေးနေကြောင်း” ဖြင့် မီးမောင်းထိုးပြသည်။

သတင်းထောက်များက သမ္မတအာဆတ်ကို ဆန့်ကျင်ပါသလားဟူသောအမေးကို မေးမြန်းရာတွင် ၎င်းသီလရှင်က “သမ္မတ အာဆတ်နဲ့ သူဇနီးတို့က ကျွန်မတို့ ဖွင့်လှစ် ထားတဲ့ကျောင်းကို လိုလေသေးမရှိအောက် ကူညီပေးနေကြပါကြောင်း” ဖြင့် ဖြေ ကြားပြီး ရဟန်းမင်းကြီးဖရန်စစ်၏ ဆီးရီးယားပြည်သူတွေအတွက် နိုင်ငံတကာသို့ ပေးပို့သော နှိုးဆော်စာများသည် လွန်စွာ ပင်ထိ ရောက်မှုရှိသည်ဟု မှတ်ချက်ပြုသည်။

မွတ်ဆလင်အစွန်းရောက်အကြမ်းဖက်သမားများက ဆီးရီးယားနိုင်ငံကို သိမ်းပိုက်လျှင် ခရစ်ယာန်ဘာသာတရားက အရှေ့ အလယ်ပိုင်းတွင် ပျောက်ကွယ်သွားနိုင်မလားဟူသော အမေးကိုမူ ၎င်းသီလရှင်က “ခရစ်ယာန်တွေ အားကောင်းလာအောင် မိမိတို့က လုပ်ဆောင်နေကြောင်း၊ ကမ်္ဘာပေါ်မှာ ခရစ်ယာန်ဘာသာတရားရှိနေသရွှေ့ အရှေ့အလယ်ပိုင်းတွင်လည်း ရှိ နေမည်ဖြစ်သည်”ဟု ဖြေကြားလိုက်သည်။

987  Views
Previous: ဘုရားရှင်မြတ်၏ ဓမ္မအာဇနည်များက နတ်ဆိုး၏အမုန်းတရားကို အနိုင်ယူကြသည်ဟု ရဟန်းမင်းကြီးဖရန်စစ်က မီးမောင်းထိုးပြတော်မူ
Next: စမတ်တယ်လီဖုန်းလုပ်ငန်းသည် ကွန်ဂိုနိုင်ငံသူ/သားများ၏ သွေးစက်ပေါ်တွင် တည်ဆောက်ထားသည်ဟု ကွန်ဂိုကက်သလစ်ရဟန်းက မိန့်ကြား