စမတ်တယ်လီဖုန်းလုပ်ငန်းသည် ကွန်ဂိုနိုင်ငံသူ/သားများ၏ သွေးစက်ပေါ်တွင် တည်ဆောက်ထားသည်ဟု ကွန်ဂိုကက်သလစ်ရဟန်းက မိန့်ကြား

18342137_1981497868752214_1064956682312066004_n

ဗာတီကန်၊ ဧပြီလ ၂၁၊ ၂၀၁၇၊ CNS

ကွန်ဂိုကက်သလစ် ရဟန်းဖြစ်သင်ကျောင်း၏ ကျောင်းအုပ် ဖြစ်တော်မူသော ဘုန်းတော်ကြီး ရစ်ချတ်မူအဲဘိုက စမတ်တယ်လီဖုန်း လုပ်ငန်းသည် ကွန်ဂိုနိုင်ငံသူ/ သားများ၏ သွေးစက်ပေါ်တွင် တည်ဆောက် ထားသည်ဟု မိန့်ကြားတော် မူလိုက်သည်။

၎င်းရဟန်းတော်က စမတ်တယ်လီဖုန်းများနှင့် ကွန်ပြုတာများတွင် အသုံးပြုသော မယ်တာလစ်အိုရေ တွင်းထွက်ပစ္စည်းသည် ကွန်ဂိုနိုင်ငံ တွင်ထွက်ရှိပြီး ၎င်းတွင်းထွက်ပစ္စည်းကို အခြေခံ အသုံးချပြီး ယနေ့ကမ္ဘာလူသားများက စမတ်တယ်လီဖုန်းနှင့် ကွန်ပြုတာများကို ထုပ်လုပ် ရောင်းချခြင်းနှင့် အသုံးပြုခြင်း များ ပြုလုပ်နေကြခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။

ဆက်လက် ပြီးသူက “ဤကုန်ကြမ်းကြောင့် ကွန်ဂိုနိုင်ငံတွင် စစ်မက်များ ဖြစ်ပွားနေကြ ရကြောင့် တနည်းအားဖြင့်ဆိုရသော် စမတ်ဖုန်း များနှင့် ကွန်ပြုတာများ အသုံးပြုခြင်းသည် ကွန်ဂိုပြည်သူများ၏ သွေးကို အသုံးပြုနေခြင်းဖြစ်ကြောင်း၊ တကမ္ဘာလုံးရှိ တောကြောင်များ သည် ကွန်ဂိုနိုင်ငံကို လာပြီး ရတနာများကို မတရား ထုတ်ယူနေကြခြင်း ဖြစ်သည်” ဟု ဝေဖန်တော်မူ လိုက်သည်။

ဘုန်းတော်ကြီးရစ်ချတ်က “ကွန်ဂိုနိုင်ငံရှိစစ်ပွဲများသည် အိုရေ (စ်)၊ ကော်လတန်၊ နိုက်အိုဘီအွမ်နှင့် တန်တလမ် တို့ကို ထုတ်ယူ ကြပြီး အို ရေ (စ်) သတ္တုသည် စမတ်ဖုန်းများ၊ ကွန်ပြုတာများနှင့် ဂျီပီအဲစ်တို့၏ ဓါတ်ခဲများအတွက် အသုံးပြုခြင်းဖြစ်ကြောင်း၊ကက်သလစ်သာသနာမှ
ခေါင်းဆောင်များသည် အစိုးရနှင့် လူဆိုးဓါးပြ ဂိုဏ်းများအကြားတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်နေကြသည်” ဟု ရှင်းပြတော်မူသည်။

၎င်းအကြမ်းဖက် တိုက်ပွဲများကြောင့် ကက်သလစ် သာသနာတော်မှ ဖွင့်လှစ်ထားသော စာသင်ကျောင်းများနှင့် ဘုရားကျောင်း များသည် မီးရှို့ ဖျက်ဆီးခြင်းကို ခံကြရပြီး ပြည်သူများတွင် အစာငတ်ပြတ် လျက် တောထဲသို့ ထွက်ပြေးပုန်းအောင်း နေကြလေသည်။

ကွန်ဂိုနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများသည် ကွန်ဂိုနိုင်ငံ၏ ပြည်တွင်းစစ်နှင့် အကြမ်းဖက်ခြင်းများကို အဆုံးသတ်ရန် အတွက်ကြား ဝင်စေ့စပ် ပေးခဲ့သော်လည်း အစိုးရနှင့် အတိုက်အခံ တို့အကြား အာဏာခွဲေ၀ ရေးလုပ်ငန်းစဉ်သည် ပျက်စီးသွားပြီး အကြမ်းဖက် တိုက်ခိုက် ခြင်းများလည်း ပြန်လည် ဖြစ်ပွားလာသည်။

ဘုန်းတော်ကြီး အာပိုလိနာရယ်က “အကြမ်းဖက်ခြင်းကို ဆန့်ကျင်ကြရမယ်။ သေမင်းစက်ရုံ ဖြစ်ကြသော လက်နက် ထုတ်လုပ်သောစက် ရုံများနှင့် လက်နက် ရောင်းဝယ်ခြင်း တို့ကိုလည်း ရပ်တန့်ကြ ရမယ်။ နည်းပညာသည် လူသားတို့၏ ဘဝကိုလွယ်ကူစေသင့်ပြီး လူသားတို့
၏ဘဝကို အဆုံးမသတ် စေသင့်ပေ” ဟု မှတ်ချက်ပြု တော်မူသည်။

ယခုကဲ့သို့သော အကြမ်းဖက်ခြင်းကိုအဆုံးသတ်နိုင်ရန် အတွက် အမေရိကန် နိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်လက်အော်က် အဖွဲ့ချုပ် လက်အောက်ရှိ နိုင်ငံတကာ မူဝါဒရေးရာ ကော်မတီက ပဋိပက္ခ ဖြစ်ပွားစေသော သယံဇာတများကို အသုံးပြုသော ကုမ္ပဏီများ အား ဖျက်သိမ်းနိုင်မည့် ဥပဒေ တစ်ခုကို ပြဋ္ဌာန်းနိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ်များ တိုက်တွန်းမည့် စာစောင်တစ် တိုက်တွန်းမည့် စာစောင် တစ်စောင်ကို အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးကောင်စီ၏ ဥက္ကဌထံ ပေးပို့ထားပြီ ဖြစ်သည်ဟု သတင်း ရရှိပါသည်။

993  Views
Previous: အမေရိကန်အစိုးရက ကက်သလစ်သီလရှင် ကယ်ရိုလင်းတာဟန်အား “ရဲရင့်သောအမျိုးသမီး” ဟူသော ဆုကိုချီးမြှင့်
Next: “မြန်မာနိုင်ငံ၏ကက်သလစ်သာသနာတော်၌ လေဟာနယ်တစ်ခု ဖြစ်ပေါ်နေတာ သင်သတိထားမိပါသလား”