ကက်သလစ်ဆရာတော်များကို ရွေးချယ်ရာတွင် သာမန်ကက်သလစ်ဘာသာဝင်များကိုလည်း မဲပေးခွင့်ပြုရန် ရဟန်းမင်းကြီးနှင့် အတိုင်ပင်ခံကာဒီနယ်များက ဆုံးဖြတ်ပြီ

1112

ဗာတီကန်၊ ဇွန်လ ၁၅၊ ၂၀၁၇

ကက်သလစ် ဆရာတော်များကို ရွေးချယ်ရာတွင် သာမန်ကက်သလစ် ဘာသာဝင်များကိုလည်း မဲပေးခွင့်ပြုရန် ရဟန်းမင်းကြီး၏ အတိုင် ပင်ခံကာဒီနယ် (၈) ပါးတို့က ဇွန်လ (၁၃) ရက်နေ့၌ အကြံပြုပြီ လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် မိမိ၏ အတိုင်ပင်ခံကာဒီနယ် (၈) ပါးနှင့်တွေ့ဆုံပြီး ကက်သလစ်သာသနာတော်ကိုမည်သို့ဆက်လက် ပြုပြင် မည်နည်းဟူသော အချက်များကို ဆွေးနွေးကြရာ၌ ဆရာတော်အဖြစ် ရဟန်းများကို ရွေးချယ်ရာတွင် ဒေသခံ ဆရာတော်များနှင့် သာမန် ကက်သလစ် ဘာသာဝင် များကိုလည်း မဲပေးခွင့်ပြုရန် သဘောတူ လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ဗာတီကန်ပြန်ကြား ရေးဌာန၏ တာဝန်ခံဖြစ်သော ဂရေဘတ်က “ထိုကဲ့သို့သော အကြံပြုချက်အား ကျန်းမာသော ဗဟိုအုပ်ချုပ်နည်းစနစ် ကို လျှော့ချခြင်း ဖြစ်သည်ဟု ရဟန်းမင်းကြီး ဖရန်စစ်က မှတ်ချက်ပြုကြောင်း” ဖြင့် သတင်းထုတ်ပြန် ထားသည်။

ထို့အပြင် ၎င်းဆွေးနွေးခြင်း အခမ်းအနား၌ ရဟန်းမင်းကြီးနှင့် ကာဒီနယ်များသည် ရာသက်ပန်ဦး ပဉ္စင်းကြီးဖြစ်သော်လည်း ဇနီးသေ ဆုံးပြီးသောမုဆိုးဖို ရာသက်ပန်ဦး ပဉ္စင်းကြီးများသည် နောက်ထပ်မိန်းမပြန်ယူခွင့် ရှိမရှိအကြောင်းနှင့် မိန်းမယူထားခြင်းမရှိသော ရာသက် ပန် ဦးပဉ္စင်းကြီးနှင့် မုဆိုးဖိုရာသက်ပန် ဦးပဉ္စင်းကြီးတို့ကို ရဟန်းသိက္ခာပေးရန်ဖြစ်မဖြစ်တို့ကို ရဟန်းမင်းကြီးရုံး၏ ဆုံးဖြတ်ချက် မစောင့်ပဲ လုပ်ပိုင်ခွင့်ရှိခြင်း တို့ကို ဆွေးနွေးကြသည်ဟု သတင်းထုတ်ပြန် ထားသည်။

လက်ရှိအခြေ အနေတွင်မူ ရာသက်ပန်ဦးပဥင်း ကြီးများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို ရဟန်းမင်းကြီးဆိုင်ရာ ရဟန်းတော်များ၏ ဝန်ကြီးဌာနက ကိုင်တွယ်နေသော်လည်း ၎င်းဌာန၏ လုပ်ပိုင်ခွင့်များကို နိုင်ငံအသီးသီး တွင်ရှိနေသော ကက်သလစ်ဆရာ တော်ကြီးများ အဖွဲ့ချုပ်၏ လုပ်ပိုင်ခွင့်သို့ လွှဲပြောင်းပေးရန်နှင့် ဆရာတော်အဖြစ် ရဟန်းများကို ရွေးချယ်ရာတွင် သာမန်ကက်သလစ် ဘာသာဝင်များကို လည်း မဲပေးခွင့်ပြုရန် ဆုံးဖြတ်ထားကြောင်းသိရှိရသည်။

ဗာတီကန်ပြန်ကြား ရေးဌာန၏ တာဝန်ခံဖြစ်သော ဂရေဘတ်က “တကယ်တော့ ဆရာတော်အဖြစ် ရဟန်းများကိုရွေး ချယ်ရာတွင် သာမန် ကက်သလစ် ဘာသာဝင် များကိုလည်း မဲပေးခွင့်ပြုခြင်းဆိုတာ မူအရတော့ရှိ ပြီးသား။ ဒါပေမယ့် တကယ်အသုံးချမှု မရှိသေးတော့ ဒီမူကို စနစ်တကျ အသုံးပြုဖို့ ဆုံးဖြတ်ထား တာဖြစ်ပါတယ်” ဟု သတင်းထောက် များအား ရှင်းပြသည်။

ရဟန်းမင်းကြီး ဖရန်စစ်နှင့် မိမိ၏နိုင်ငံတကာမှ အတိုင်ပင်ခံကာဒီနယ် (၈) ပါးတို့ သည် နောက်ထပ် အစည်းအဝေးကို လာမည့်စက်တင် ဘာလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရဟန်းမင်းကြီးရုံးစိုက်ရာ ဗာတီကန်တွင် ပြန်လည်တွေ့ဆုံကြမည်ဖြစ်ကြာင်း သိရှိရသည်။ ရဟန်းမင်းကြီးဖရန်စစ်မှ ရွေးချယ်ထားသော မိမိ၏နိုင်ငံတကာမှ အတိုင်ပင်ခံကာဒီနယ် (၈) ပါးတို့ကမူ (၁)ဗာတီကန်နိုင်ငံခြားရေးဝန်ကြီးကာဒီနယ် ပါရိုလင်း၊
(၂) ဟွန်းဒရတ်နိုင်ငံမှ ကာဒီနယ်အိုစကာ မာရာဒိုင်ယကာ၊
(၃) အမေရိကန်နိုင်ငံမှ ကာဒီနယ်ရှင်းအိုမာလေ၊
(၄) ချီလီနိုင်ငံမှ ကာဒီနယ်ဖရန်စစ်ဂိုအိုစာ၊
(၅) အိန္ဒိယနိုင်ငံမှ ကာဒီနယ် အိုဆွေဂရာဆီးယား၊
(၆) ဂျာမနီနိုင်ငံ ကာဒီနယ်ရင်းဟတ်မတ်(စ်)၊
(၇) ကွန်ဂိုနိုင်ငံမှ ကာဒီနယ်လော်ရင့်မွန်ဆင်ဝူ၊
(၈) ဗာတီကန်နိုင်ငံ၏စီးပွားရေးဝန်ကြီး ကာဒီနယ်ဂျော့ပဲလ်
တို့ ဖြစ်ကြပါသည်။

961  Views
Previous: စိတ်ဝမ်းကွဲပြားခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားထံမှမလာဟု ရဟန်းမင်းကြီးက မိန့်ကြားတော်မူ
Next: ဘုရားသခင်နှင့်တွေ့ဆုံနိုင်ရန်အတွက် တိတ်ဆိတ်ခြင်းလိုအပ်သည်ဟု ကာဒီနယ်ဆာရတ်က မိန့်ကြားတော်မူ