ကိုယ်တော်မြတ်မုန့်တော်ကို ကိုးကွယ်ခြင်းသည် မြတ်စွာဘုရားသခင်၏တန်ခိုးကြီးခြင်းကို ပြသခြင်းဖြစ်သည်ဟု ကာဒီနယ်နီကော်လပ်စ်က မီးမောင်းထိုးပြတော်မူ

01

အင်္ဂလန်၊ ဇွန်လ ၁၉၊ ၂၀၁၇

ကက်သလစ် ခရစ်ယန် ဘာသာဝင်များက ကိုယ်တော်မြတ် မုန့်တော်ကို ကိုးကွယ်ခြင်းသည် မြတ်စွာဘုရား သခင်၏ တန်ခိုးကြီးခြင်းကို ပြသခြင်းဖြစ်သည်ဟု အင်္ဂလန်နိုင်ငံ၏ ကာဒီနယ်နီကော်လပ်စ်က ကက်သလစ်ခရစ်ယာန် ဘာသာဝင်များထံသို့ပေးပို့သော သိုးထိန်းစာ၌ မီးမောင်းထိုး ပြတော်မူလိုက်သည်။ ကက်သလစ်ခရစ် ယာန်အသင်းတော် သည် နှစ်စဉ် ဇွန်လ၏တတိယပတ် တနင်္ဂနွေနေ့ ရောက်တိုင်း “ကိုယ်တော်မြတ်ပွဲနေ့” ဟု သတ်မှတ်ကာ တကမ္ဘာလုံးရှိ ကက်သလစ်ခရစ် ယာန်များသည် ကိုယ်တော်မြတ်မုန့်တော်အား အနည်းဆုံး (၁) နာရီတိတိ ရှိခိုးကိုးကွယ်ခြင်းကို နှစ်စဉ် ပြုလုပ်လျက်ရှိသည်။

အင်္ဂလန်နိုင်ငံ၏ ကာဒီနယ် နီကော်လပ်စ်က “မွန်မြတ်လှသော ကိုယ်တော်မြတ်မုန့် တော်ထဲ၌ မြတ်စွာဘုရား သခင်၏ တန်ခိုးရောင်ခြည် တော်သည် ညင်သာစွာ ဖြာထွက်နေသည်ဟူသောယုံကြည်ခြင်းကို လေးနက်စွာ သတိပြုနိုင်ရန်အလို့ငှါ ကျွန်ုပ်တို့သည် ကိုယ်တော်မြတ် မုန့်တော်၏ ရှေ့တော်၌ ရှိခိုးကိုးကွယ်ရန် အချိန်တစ်ခု လိုအပ်သည်” ဟု ရေးသားထားတော်မူသည်။

ထို့အပြင် ၎င်းကာဒီနယ်က “မွန်မြတ်လှသောကိုယ်တော်မြတ်မုန့်တော်အား ရှိခိုးကိုးကွယ်ခြင်းသည် မြတ်စွာဘုရားသခင်ကို အသား တော်အားဖြင့် ဖူးမျှော်ခြင်းဖြစ်သည်” ဟု သွန်သင်ပေးတော်မူသည်။ ဆက်လက်ပြီး ကာဒီနယ်က “ကျွန်ုပ်၏ အတွေ့အကြုံအရ “မွန်မြတ်လှသော ကိုယ်တော်မြတ်မုန့်တော်ထဲ၌ မြတ်စွာဘုရား သခင်၏ တန်ခိုးရောင်ခြည် တော်သည် ညင်သာစွာ ဖြာထွက်နေ သည်ဟူ သောယုံကြည်ခြင်းကို လေးနက်စွာ သတိပြုနိုင်ရန်အလို့ငှါ ကျွန်ုပ်တို့သည် မိမိတို့၏မျက်စိရှေ့၌ ရှိတော်မူသော ခရစ်တော်ဘုရား၏ အသွေးတော်နှင့် အသားတော်ဖြစ်သော ကိုယ်တော်မြတ်မုန့် တော်၏ ရှေ့တော်၌ ရှိခိုးကိုးကွယ်ရန် အချိန်တစ်ခု လိုအပ်သည်” ဟု ရေးသား ထားတော်မူသည်။

ထို့အပြင် ၎င်းကာဒီနယ်က “မွန်မြတ်လှသောကိုယ်တော်မြတ်မုန့်တော်အား နားခိုရာမင်္ဂလာမြတ် (စက္ကရမင်း) လုံခြုံခြင်း၏ စည်းမျဉ်း မင်္ဂလာမြတ်ဖြစ်သည်” ဟု ရေးသားသွန်သင်ထားသည်။

1105  Views
Previous: ဘုရားသခင်နှင့်တွေ့ဆုံနိုင်ရန်အတွက် တိတ်ဆိတ်ခြင်းလိုအပ်သည်ဟု ကာဒီနယ်ဆာရတ်က မိန့်ကြားတော်မူ
Next: ပြည်သူ့ချွေးငွေ အကျိုးရှိရန် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ် Myanmar Fiscal Year ကို သြဂုတ်လသို့ အမြန်ပြောင်းပါ