ဗာတီကန်နန်းတော်က လက်ထပ်ခြင်းမင်္ဂလာမြတ်ကျင်းပခွင့်ကို သီလရှင်တစ်ပါးအား ဦးဆောင်ကျင်းပခွင့်ပေး

_n

ဗာတီကန်၊ သြဂုတ်လ ၂ CNS

ရဟန်းမင်း ကြီးရုံးတော်က ကက်သလစ် ရဟန်းမရှိ၊ရှား ပါးသောနေရာ တစ်ခု၌ လက်ထပ်ခြင်း မင်္ဂလာမြတ် (စက္ကရမင်း) ကို ခံယူလိုသော ဇနီးမောင်နှံ တို့အတွက် သီလရှင် တစ်ပါးအား ဦးဆောင်ကျင်း ပပေးခွင့်ပြု လိုက်သည်ဟု သတင်းရရှိသည်။

ဤကဲ့သို့ သီလရှင် တစ်ပါးက ကက်သလစ်ခရစ် ယာန်ဘာ သာဝင် သတို့သားနှင့် သတို့သမီး တို့အားလက် ထပ်ပေးခြင်းဖြစ်သောနေရာ သည်အာဖရိ ကနိုင်ငံရှိ ဂွီဘက်ဂိုဏ်း အုပ်သာသနာ တွင်ဖြစ် ခဲ့ခြင်းဖြစ်သည်။

ဆရာတော် ကြီး ဒိုရိလာ မိုရီယာက ကက်သလစ်ရ ဟန်းမရှိ၊ ရှားပါးသောနေ ရာတစ်ခု၌ လက်ထပ်ခြင်း မင်္ဂလာမြတ် ကို ခံယူလိုသော ဇနီးမောင်နှံ တို့အား သီလရှင်မှ ဦးဆောင်ကျင်း ပပေးခွင့်ကို ပြုလုပ်ခွ င့်ပြုရန် ရဟန်းမင်း ကြီးရုံးတော်သို့ အခွင့်လျှောက် ပန်ခဲ့သည်။ ထိုသို့အခွင့် လျှောက်ပန် ခဲ့ခြင်းအပေါ် ရဟန်းမင်း ကြီးက အခွင့်ပြု ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရ ဟန်းမင်းကြီး၏ ခွင့်ပြုချက်အပေါ် သတင်းထောက်များက ဆရာတော် ကြီး၏သုံးသပ် ချက်ကို မေးမြန်းရာ ဆရာတော်ကြီးက “တကယ်တော့ ရဟန်းမင်းကြီးက ကက်သလစ် သာသနာတော် ထဲမှာ အမျိုးသ မီးတွေရဲ့ပါဝင်မှုအခန်း ကဏ္ဍကို ပိုပြီးမြင့် တင်ပေးခြင်း တဲ့အတွက် ကြောင့်ဖြစ်တယ် လို့ မြင်ပါတယ်” ဟု ဖြေကြားပေးတော် မူလိုက်သည်။

ထိုကဲ့သို့ အခွင့်ပြုခြင်းနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ဆရာတော် ကြီး ဒိုရိလာမို ရီယာက “တကယ်တော့ ကာနွန်ဥ ပဒေ က ရဟန်းမရှိ၊ ရ ဟန်းရှားပါး တဲ့နေရာမှာ သာမန်ကက် သလစ် ခရစ်ယာန်ဘာ သာဝင်တစ်ဦး ကတောင် လက်ထပ်ခြင်း မင်္ဂလာမြတ်ကို ကျင်းပပေး ခွင့်ပြု ထားပါတယ်။ ဒါကြောင့်မို့ သီလရှင် တစ်ပါးက ဒီလိုကျင်း ပပေးတာဟာ ထူးဆန်းတာ မဟုတ်ပါဘူး။ ရဟန်းရှိရဲ့သားနဲ့ သီလရှင်ကို လက်ထပ်ခြင်းပေး ခိုင်းရင်တော့ ပြောစရာဖြစ် လာမှာပေါ့” ဟု သတင်းထောက် များအား ပြန်လည်ဖြေ ကြားတော် မူလိုက်သည်။

ဆရာတော် ကြီး ဒိုရိလာ မိုရီယာက “ကျွန်တော့်သာ သနာနယ်က မိုင်ပေါင်း (၉၃၀၀) စတု ရန်းမိုင်တောင် ကျယ်ဝန်း တယ်။ ဒါပေမယ့် ရဟန်းပိုင် သာသနာက (၃၅) ခုရှိခဲ့သော်လည်း ရဟန်းက (၁၆) ပါးပဲရှိတော့ သီလ ရှင်တွေက (၇၅) ပါးရှိကြ တယ်။ ဦးပဉ္စင်း တစ်ပါးမှ မရှိ ဘူး။ နွေရာသီ ဆိုရင် ရဟန်းတွေ ပိုပြီးရှား ပါးတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ မင်္ဂလာမြတ်တ ချို့ကို မိမိဘာသာ ဝင်များအား ပေးနိုင်ရန် အ တွက်သီလ ရှင်တွေကို လုပ်ပိုင်ခွင့်ပေး ဖို့အတွက် ရဟန်းမင်း ကြီးဆိုင်ရာ ဘုရားရှိ ခိုးခြင်းနှင့်မင်္ဂ လာမြတ် ဌာနကို မေလ တုန်းက အခွင့်တောင်းတော့ အဲဒီဌာနကကျွန်ေ တာ့ကို (တစ်လ အကြာ) ဇူလိုင်လ ထဲမှာ အခွင့်ပြုလိုက် တာဖြစ်ပါတယ်”ဟု သတင်းထောက် များ အား ရှင်းပြပေးတော် မူသည်။

ယခုကဲ့သို့ လက်ထပ်ခြင်း မင်္ဂလာမြတ်ကို ကျင်းပပေးခွင့် ရရှိထားသော သီလရှင်တီဖော့က “အစကတော့ ဒီလိုကျင်း ပပေးခွင့် ရမယ်မ ထင် မိဘူး။ ဒါပေမယ့် ဒီလို ကျင်းပခွင့်ရ တာဟာ ကျွန်မအတွက် ကြီးမားတဲ့သာ သနာပြု လုပ်ငန်းတစ် ခုကို လုပ်ခွင့်ရ သွားသလို ဘာသာ တူတွေအ တွက်လည်း ကောင်းတယ်။ သာသနာအ တွက်လည်း စမ်းသပ်မှုတစ် ခုဖြစ်သွား ပါတယ်။ နောင်လည်း လိုအပ်တဲ့ေ နရာမှာ ကျွန်မ အနေနဲ့ ဇနီးမောင်နှံဖြစ် မယ့်သူတွေကို လက်ထပ်ခြင်း မင်္ဂလာမြတ်ကို  ကျင်းပပေးနေ မည်ဖြစ်ကြောင်း” သတင်းထောက် များအား ဖြေကြား လိုက်သည်။

940  Views
Previous: သာသနာပြုရာတွင် သမားရိုးကျနည်းလမ်းများကိုသာ အသုံးမပြုရန် ဆရာတော်အသစ်များအား မိန့်မှာတော်မူ
Next: နာတာရှည်ဝေဒနာရှင်များအား ဆေးဖြင့်ထိုးသတ်ခြင်းလုပ်ငန်းကို ရပ်တန့်ရန် ဘယ်လ်ဂျီယံနိုင်ငံရှိ ကက်သလစ်သူတော်စင်ဂိုဏ်းတစ်ခုအား ရာဇသံပေး