နာတာရှည်ဝေဒနာရှင်များအား ဆေးဖြင့်ထိုးသတ်ခြင်းလုပ်ငန်းကို ရပ်တန့်ရန် ဘယ်လ်ဂျီယံနိုင်ငံရှိ ကက်သလစ်သူတော်စင်ဂိုဏ်းတစ်ခုအား ရာဇသံပေး

ဗာတီကန်၊ သြဂုတ်လ ၁၀၊ ၂၀၁၇ CNA
ရဟန်းမင်း ကြီးဖရန်စစ်အ ရှင်သူမြတ်က နာတာရှည်ေ၀ ဒနာရှင်များအား ဆေးဖြင့်ထိုး သတ်ခြင်းလုပ်ငန်းကို ချက်ချင်းရပ် တန့်ရန် ဘယ်လ်ဂျီ ယံနိုင်ငံရှိ မေတ္တာတ ရားအဖွဲ့ the Brothers of Charity Group ဟု အမည်ခံယူ ထားသော ကက်သ လစ်ကို ရင်ဂိုဏ်း တစ်ခု အား အမိန့်ထုတ်ပြန် လိုက်ပြီဖြစ်ကြောင်း သတင်းရ ရှိသည်။
ထို့အပြင် ရဟန်း မင်းကြီးက ၎င်းအဖွဲ့ဝင် ကိုရင်တစ် ပါးစီသည် မိမိတို့ဂိုဏ်း အုပ်ချုပ်သူ ကိုရင်ရေနီစတော့ မဲန်နှင့်အတူ ပူးတွဲလက် မှတ်ရေး ထိုးလျက် မိမိတို့တစ် ဦးစီသည် ကက်သလစ်သာ သနာတော်၏ သွန်သင်ချက်ကို လိုက်နာ လုပ်ဆောင် သွားမည် ဟူသော ကြေ ညာချက် တွင် ပူးတွဲလက် မှတ်ရေးထိုးပြီး ထုတ်ပြန်ရ မည်ဟုလည်း အမိန့် ချမှတ်ပေး တော်မူ လိုက်သည်။
၎င်းအဖွဲ့ဝင် တစ်ဦးစီက ရဟန်းမင် ကြီးက ချမှတ်လိုက်သော အမိန့်ဆုံးဖြတ် ချက်ကို မလိုက်နာလျှင် ကာနွန်ဥပဒေ၏ လုပ်ထုံးလုပ်နည်း အရ အပြစ်ဒါဏ်ပေး ခြင်းကို လည်းကောင်း၊ အရပ်ဖက် တရား ရုံးတွင်လည်း အမှုရင်ဆိုင် ရမည်ဖြစ်ကြောင်းဖြင့် သတင်း ရရှိသည်။ ဗာတီ ကန်၏ ညွှန်ကြား ချက်တွင်“နာတာရှည်ေ၀ ဒနာရှင်များကို ဆေးဖြင့်ထိုး သတ်ခြင်း ဟူသော မူဝါဒအား ၎င်းကိုရင်အ သင်းဂိုဏ်းမှ ပယ် ဖျက်ရန်လည်း ပါဝင်သည်” ဟု သိရှိရသည်။
ရဟန်းမင်း ကြီး၏အမိန့်စာနှင့် စပ်လျဉ်းပြီး ၎င်းကိုရင်အ သင်းဂိုဏ်း၏ ဂိုဏ်းအုပ် ကိုရင်ဖြစ်သော စတော့မဲန်က “ကျွန်တော်က ဒီလို မျိုးဆေးထိုး သတ်ပေးနေခြင်းကို သိသိချင်း ရဟန်းမင်းကြီး ရုံးကိုသွားပြီး ဒီလုပ်ရပ်ကို ကူညီဟန့်တားပေး ရန်သွားပြော ခဲ့ကြောင်း၊ သို့သော်ဒီအဖွဲ့က အစိုးရရဲ့လမ်းညွှန်ချက်နဲ့ လုပ်ဆောင်နေ တဲ့အသင်းဝင် များဖြစ်ကြောင်း၊ သူတို့ရဲ့မူဝါဒနှင့် ရပ်တည်ချက်က ဒေသခံယ ဥ ကျေးမှုအ ရလည်း ပုံမှန်မ ဟုတ်သော လုပ် ရပ်ဖြစ်နေ သည်” ဟု မှတ်ချက်ပြုသည်။
ကိုရင်စတော့ မဲန်းက “ကျွန်တော်တို့က နာတာရှည်ေ၀ ဒနာရှင်များကို ဆေးဖြင့် ထိုးသတ်ခြင်း” ကို မိမိတို့အသင်း ဂိုဏ်းထဲတွင် ပြုလုပ်ခွင့် မပြုထားကြောင်းကို ၂၀၀၀ ခုနှစ်အထိ ကျင့်သုံးခဲ့သော် လည်း အသင်းဝင် ကိုရင်တချို့က ဘယ်လ်ဂျီ ယမ်နိုင်ငံမှာ ဥပဒေအ ရခွင့်ပြုထား တဲ့ နာတာ ရှည်ဝေဒနာ ရှင်များကို ဆေးဖြင့်ထိုး သတ်ခြင်းကို အကောင်အ ထည်ဖော် လုပ်ဆောင်နေ ကြကြောင်း၊ ကျွန်တော်တို့ အသင်း ဝင်များအား လုံးသည် ကက်သလစ်ခ ရစ်ယာန်ဘာ သာဝင်များ ဖြစ်ကြပေမယ့် တချို့အသင်း ဝင်တွေဟာ နိုင်ငံရေး ဘက်မှာ အားသန် ကြကြောင်း၊ ဒါကြောင့်မို့ ကိုယ်က ကက်သလစ် ခရစ်ယာန်ဘာ သာဝင် ဖြစ်တယ်ဆို တာကိုလည်း သေချာဆန်း စစ်ဖို့ လိုအပ် လာကြောင်း” ဖြင့် ပြော ဆိုသည်။
၎င်းကိုရင် အသင်းဂိုဏ်း ၏ ဂိုဏ်းအုပ်ကို ရင်ဖြစ်သော စတော့မဲန်က “ကက်သလစ်သာ သနာတော်ထဲမှာ ရပ်တည်လှုပ် ရှားနေတဲ့ သူတော်စင်ဂိုဏ်းတွေ အပါအဝင် ကက်သလစ် ခရစ်ယာန်ဘာ သာဝင်တိုင်းက ကက်သလစ်သာ သနာတော်ရဲ့ သွန်သင်ချက်ကို လိုက် နာကျင့်ကြံဖို့ တာဝန်ရှိကြ တာမို့ မိမိရဲ့အသင်းဂိုဏ်း သားတွေအား လုံးဟာလည်း လက်မှတ်ရေး ထိုးဖို့ လိုအပ် သလို လက်မှတ် ကိုလည်း ရေးထိုး ကြမယ်လို့ မျှော်လင့် ပါတယ်” ဟု သတင်းထောက် များ၏ မေးမြန်း ချက်အပေါ် အကောင်းမြင်ဖြေကြား လိုက်သည်။