ဖိလစ်ပိုင်နိုင်ငံ၌ ပြာခံပွဲနေ့တွင်ပြာအသုတ်ခံရသော ကက်သလစ်ခရစ်ယာန်ဘာသာဝင်တချို့၏ နဖူးတွင်ပူလောင်ခြင်း ခံရမှုဖြစ်ပွား

ဖိလစ်ပိုင်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈ CNA

ကက်သလစ်ခရစ်ယာန်များ၏ ရက်ပေါင်း (၄၀) ၀ါတွင်း စတင်သော ဗုဒ်္ဓဟူးနေ့  (ဖေဖော်ဝါရီလ ၁၄ ရက်) နေ့၌ ကျင်းပသော ပြာခံပွဲတွင် အသုံးပြုသောပြာကို  အသုတ်ခံကြရသော ဖိလစ်ပိုင်နိုင်ငံရှိ ကာလိုကန် ကက်သလစ် သာသနာမှ  ဘာသာဝင် တချို့၏ နဖူးပေါ်တွင် ပူလောင်သော အနာ များဖြစ်ပေါ်မှုဖြစ်ပွား သည်ဟု သတင်းရရှိ သည်။

၎င်းဖြစ်ပွားမှုနှင့်စပ်လျဉ်းပြီး ကာလိုကန် ကက်သလစ်ဆရာတော်ကြီးက စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ဆေးခြင်းအရ ပြာခံပွဲတွင် အသုံးပြုသော ပြာကို ပြုလုပ်ရာတွင် ၄င်းပြာမှုန့်အား  တူးသည်အထိ အချိန်ကြာမြင့်စွာဖုတ်ထားသော မီးသွေးကို အမှုန့်အဖြစ်ချေပြီး ရေဖြင့် ရောစပ်သောအခါ မြင့်မားသောအက်စစ် ပါဝင်မှုကို ဖြစ်ပေါ်စေသည်ဟုသိရသည်။

ကာလို ကန်ကက်သလစ်ဆရာတော်ကြီး ဘာဘလိုဒေးဗစ်က ၄င်းပြာများကို ဖျက်ဆီးလိုက်ပြီး ပြာလောင်ခံရသော  ဘာသာဝင်များကို အကောင်းဆုံးပြုစုပေးခြင်းက အရေးကြီးကြောင်းဖြင့်ထုတ်ပြန် လမ်းညွှန်တော်မူလိုက်သည်။

ကက်သလစ် သာသနာ တော်သည် ပြာခံပွဲ တွင် အသုံးပြု သော ပြာသည်  ၄င်းပြာကို အရင်နှစ်က ကောင်းကြီး ပေးခဲ့သော  သံလွင်ခက် ဟောင်း များကို မီးရှို့ ပြာချပြီး နောက် ၄င်းပြာမှုန့်များကို ပြန်လည်အသုံးပြု ရသောကျင့်စဉ်ကို ကျင့်သုံးလျက်ရှိသည်။
ကုန်ဇမှုန်း

459  Views
Previous: လုဒ်မြို့တွင် ထင်ရှားပြတော်မူခဲ့သော မယ်တော် သခင်မ (မေရီ) က မသန်စွမ်းသော သီလရှင် ဘဲနဒေးတေ မိုရီအိုဟာ၏ရောဂါကိုပျောက်ကင်းစေ
Next: မက်္ကဆီကိုနိုင်ငံရှိ ကြေးဖြင့် ထုလုပ်ထားသောခရစ်တော်၏မိခင်မေရီ ဆင်းတုမှ သံလွင်ဆီမျက်ရည်စီးကျမှုဖြစ်ပေါ်