ခရစ်ယာန်ဘာသာရေးနှင့်နိုင်ငံရေးသတင်းများကို သတင်းတစ်ပုဒ်လျှင် အနည်းဆုံး ကျပ် (၃၀၀၀) နှုန်းဖြင့် ဂလိုရီးယားသတင်းဂျာနယ်မှ ဝယ်ယူလို

13-b

မြန်မာနိုင်ငံအတွင်းတွင် ဖြစ်ပျက်နေသော ဘာသာရေးသတင်းများ၊ နယ်ခံနိုင်ငံရေး သတင်းများ၊ အင်တာဗျုးများနှင့် ဆောင်းပါးများကို ဂလိုရီးယားသတင်း ဂျာနယ်မှ ဝယ်ယူ လိုပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းတွင် ဖြစ်ပျက်နေသော ဘာသာရေးသတင်း များ၊ နိုင်ငံရေးသတင်းများ၊ အင်တာဗျုးများနှင့် ဆောင်းပါးများကို မြန်မာဘာ သာဖြင့် ရေးသားပြီး အောက်ပါလမ်းညွန်ချက်အတိုင်း ပေးပို့ကြပါရန် သတင်းဝါသနာ ရှင်များအား တိုက်တွန်းအပ်သည်။ လူကြီးမင်းမှ ဂျာနယ်တိုက်သို့ သတင်းပေးပို့လိုလျှင်

၁။ ဘာသာရေးနှင့်နိုင်ငံရေးသတင်းဖြစ်ရမည်။
၂။ မြန်မာဘာသာဖြင့် ရေးသားရမည်။ (ဘော်လ်ပဲင် သို့မဟုတ် ကွန်ပြုတာဖြင့် ရေး သားနိုင်ပါသည်)။
၃။ အနည်းဆုံးစာကြောင်း ၁၀၀ ဝန်းကျင်ရှိရမည်။
၄။ မှတ်ပုံတင်မိတု၊ ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့်အီးမေးလ်လိပ်စာများ ပါရှိရမည်။
၅။ အရည်အသွေးကောင်းမွန်သော ဓါတ်ပုံပါနိုင်လျှင် (သတင်းခ ပို့ရမည်)။
၆။ လူကြီးမင်းမှ ပို့ထားသော သတင်းကို ဂျာနယ်မှ ယူသုံးမှသာ သတင်းခကို ထုတ်ပေး မည် ဖြစ်သည်။
၇။ ဂျာနယ်တိုက်မှ မရွေးချယ်ထားသောသတင်းများကို အပြင်သို့ အသုံးပြုခွင့်ပေးမည် မဟုတ်ပေ။
၈။ သတင်းတစ်ပုဒ်ကို အနည်းဆုံး ကျပ် (၃၀၀၀) ပေးမည် ဖြစ်သည်။ ဓါတ်ပုံပူးတွဲပေး ပို့နိုင်လျှင် ကျပ် (၁၀၀၀) ပေးမည် ဖြစ်သည်။
၉။ သတင်းဟု ခေါ်ဆိုရာတွင်၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ အလုပ်အကိုင်၊ လူ့အခွင့်အရေး၊ အနိုင်ကျင့်မှု၊ အကြမ်းဖက်မှု၊ မတရားမှုများ၊ လာဘ်စားခြင်း၊ သင်တန်းများ၊ စစ်ပွဲ၊ ရာသီဥတု၊ ကျန်းမာရေး၊ စိုက်ပျိုးရေးစသော သတင်းများကို ဆိုလိုခြင်း ဖြစ်သည်။

သတင်းများကို ဂျာနယ်တိုက်၏လိပ်စာနှင့်အီးမေးလ်ဖြင့် ဆက်သွယ်ပေးပို့နိုင်ပါသည်။ ဂျိုးဇက်

1505  Views
Previous: ဇွန်လ ၁၄ ရက်နေ့တွင် စိန်အန်ထော်နီဘုရားကျောင်းတွင် နှစ် (၅၀၀)ဂျူဗလီသမိုင်းစာတမ်းဖတ်ပွဲပြုလုပ်မည်
Next: ဦးဝင်းတင်၏ နိုင်ငံရေးဆောင်ရွက်ချက်များကို စံနမူနာထားသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို