ကက်သလစ်ရဟန်းတော်များနှင့်ဆိုင်သောတကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ ညီလာခံကိုကျင်းပပေးရန် ဆရာတော်ကြီးဖိလစ်အီဂန်က တောင်းဆို

အိုင်ယာလန်၊ သြဂုတ်လ ၂၇၊ ၂၀၁၈

အင်္ဂလန်နိုင်ငံမှ ပိုစ့်မောကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်ကြီး ဖိလစ်အီဂန်က ကက်သလစ် ရဟန်းတော်များနှင့်ဆိုင်သောတကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ညီလာခံကိုကျင်းပပေးရန် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား သြဂုတ်လ (၂၂) ရက်နေ့က တောင်းဆိုတော်မူလိုက်သည်။
ဆရာတော်ကြီး ဖိလစ်အီဂန်က ““ဒီခေတ်ကြီးမှာ ကက်သလစ်ရဟန်းတစ်ချို့က ကလေးငယ်များအား လိင် ပိုင်ဆိုင်ရာစော်ကားခြင်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်တော်များများတွင် ဖြစ်ပျက်နေခြင်းအပေါ် ကက်သလစ် ရဟန်းများရဲ့ လက်ရှိအနေအထားများကို ပြန်လည်သုံးသပ် ဖို့အတွက် ဒီညီလာခံကို ကျင်းပပေးရန် အရေးတကြီး လိုအပ်နေပါတယ်”” ဟု ရဟန်းမင်းကြီးအား စာရေးတောင်းဆိုတော်မူလိုက်သည်။

၎င်းစာထဲ၌ ဆရာတော်ကြီး ဖိလစ်အီဂန်က ““ကက်သလစ်ရဟန်းတချို့၏လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ သည် တစ်ကမ္ဘာလုံးရှိကက်သလစ် အသင်းတော်ထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပုံရကြောင်း၊ ကျွန်ုပ်အနေဖြင့် ကက်သလစ်ခရစ်ယာန်ဘာသာဝင် တစ်ဦးနှင့်ကက်သလစ်ဆရာတော်တစ်ပါးအနေဖြင့်၊ ကက်သလစ်ရဟန်းတချို့၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ဖော်ထုတ်လာခြင်းများအပေါ် လွန်စွာပင်ဝမ်းနည်းရ သကဲ့သို့ ရှက်လည်း ရှက်မိပါသည်”” ဟု ဖော်ပြထားသည်။

ဆက်လက်ပြီး ၎င်းဆရာတော်ကြီးက ““ဒီညီလာခံကို ရဟန်းတော်များ၏ ဘဝနှင့်အမှုတော်ဆောင်ခြင်း ညီလာခံ”” ဟု ခေါင်းစဉ်တပ်လိုကြောင်း၊ ဒီလိုညီလာခံမျိုးကိုတော့ ကက်သလစ်ဆရာတော်တွေအတွက် ရည်ရွယ်ပြီး ၎င်းတို့သာ တက်ရောက်ဆွေးနွေးသင့်ကြောင်း၊ သို့သော် ၎င်းညီလာခံကိုမူ ရဟန်းများ၏လိင်ပိုင်းဆိုင်ရာ စော်ကား ခံရသော သာမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များကသာ ဦးစီးဆောင်ရွက်သင့်ပြီး ကလေးငယ်များ နှင့်ချိုတဲ့ ပျက်စီးလွယ်သူများကို ကာကွယ်ပေးမည့်မူဝါဒမျိုးကို ချမှတ်သင့်သည်”” ဟု ရဟန်းမင်းကြီးအား အကြံပေး ရေးသား ထားသည်။

၎င်းညီလာခံတွင် ဆွေးနွေးသင့်သောခေါင်းစဉ်များကို အကြံပြုရာတွင် ၎င်းဆရာတော်ကြီးက ““ကက်သလစ် ဆရာတော် (ဝါ) ရဟန်းတစ်ပါးဖြစ်ရခြင်း၊ အိမ်ထောင်မပြုခြင်းအပေါ် ဘဝအသက်တာနှင့်ထောက်ပံ့ခြင်း၊ ဆရာတော်ကြီးက ““ကက်သလစ်ဆရာတော်နှင့်ရဟန်းတို့အတွက် စည်းမျဉ်းဥပဒေများ၊ ကက်သလစ်ဆရာတော်နှင့် ရဟန်းတို့၏ တာဝန်ယူခြင်းနှင့်တာဝန်ခံခြင်း”” စသောအကြောင်းအရာများကို ဆွေးနွေး ဆုံးဖြတ်သင့်သည်ဟု အကြံပြုထားသည်။
၎င်းဆရာတော်ကြီးက ““ဒီလိုမျိုးဆွေးနွေးဆုံးဖြတ်ချက်တွေကိုအခြေခံပြီးတော့၊ ကာနွန်ဥပဒေကို ပြန်လည် ပြင်ဆင်တဲ့အထိ ကျွန်တော်တို့ဟာ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်”” ဟု နိဂုံးချုပ်ရေးသားထားသည်။ ၀၀၉ ကုန်ဇမှုန်း

800  Views
Previous: ဆယ်ကျော်သက်ရွယ်ကလေးငယ်များအား လိင်ပိုင်ဆိုင်ရာစော်ကားမှုရှိလျှင် တရားရုံးသို့တိုင်ကြပါ။
Next: ဇနီးမောင်နှံတို့၏လက်ထပ်ခြင်း၌ ပဓာနဖြစ်သော သစ္စာတရားက ပကာသနဖြစ်ဟု ဆရာတော်စောယောဟန်က မိန့်ကြား