ဇနီးမောင်နှံတို့၏လက်ထပ်ခြင်း၌ ပဓာနဖြစ်သော သစ္စာတရားက ပကာသနဖြစ်ဟု ဆရာတော်စောယောဟန်က မိန့်ကြား

ရန်ကုန်၊ သြဂုတ်လ ၂၅၊ ၂၀၁၈

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်က ငွေကြေးကုန်ခံပြီး မင်္ဂလာဆောင်လက်ထပ်ခြင်းသည် ပကာသနဖြစ်ပြီး ရာသက်ပန်သစ္စာရှိရှိ လင်မယားများ ပေါင်းသင်းနေထိုင်ခြင်းက ပဓာနဖြစ်သည်ဟု သြဂုတ်လ ၂၅ ရက်နေ့က စိန်အန်ထော်နီကက်သလစ်ဘုရားကျောင်းတွင် ကျင်းပပြုလုပ်သော ဦးပီတာကိုကိုလတ်နှင့် ဒေါ်ရိုဆားကြည်ကြည်ဝင်းတို့၏ နှစ် (၅၀) ရွှေရတုမင်္ဂလာဆောင်လက်ထပ်ခြင်းနှစ်ပတ်လည် ဘုရားဝတ်ပြုခြင်း၌ မိန့်ကြားတော်မူလိုက်သည်။

ဆရာတော်ကြီး ဂျွန်စောယောဟန်က ““သတို့သားသတို့သမီးတွေက ငွေတွေ အများကြီးအကုန်ခံပြီး မင်္ဂလာ ဆောင်ပွဲကို ပြုလုပ်ကြပါတယ်။ ဒီလိုပွဲက ပကာသန ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားကျောင်းမှာ လက်ထပ်စဉ်က ပြုခဲ့သော ရာသက်ပန် ပေါင်းသင်းနေထိုင်ပါ့မည်ဟူသော သစာတရားသည် ၎င်းဇနီးမောင်နှံတို့ဘဝအတွက် ပဓာန ဖြစ်ပါတယ်”” ဟု သြဂုတ်လ ၂၅ ရက်နေ့က မိန့်ကြားတော်မူလိုက်ခြင်း ဖြစ်သည်။

၎င်းဆရာတော်က ““ဒီနေ့ဘုရားဝတ်ပြုခြင်းဟာ အိမ်ထောင်ပြုနေကြတဲ့ ဇနီးမောင်နှံတွေအတွက် အတုယူ စရာဖြစ်သလို သတိပေးတာလည်း ဖြစ်ပါတယ်။ ဦးပီတာကိုကိုလတ်နှင့် ဒေါ်ရိုဆားကြည်ကြည်ဝင်းတို့ဟာ ဘုရားသခင်ရှေ့၊ ဘာသာတူတွေရှေ့မှာ ရာသက်ပန် ပေါင်းသင်းနေထိုင်မယ်လို့ သစ္စာပြုခဲ့ကြတဲ့အတိုင်း အခုဆိုရင် နှစ် (၅၀) ရွှေရတုကိုတောင် စိုက်ထူနိုင်ခဲ့ကြပြီ။ မင်္ဂလာဆောင်လက်ထပ်ကြသော ဇနီးမောင်နှံများလည်း မိမိတို့လက် ထပ်ချိန်က ပြုခဲ့ကြတဲ့ရာသက်ပန် ပေါင်းသင်းနေထိုင်မယ်လို့ သစာတရားဟာ မိသားစုအတွက် ပဓာနဖြစ်ပြီး ကုန်ခဲ့ကြသော ငွေကြေးများဟာ ပကာသနသာ ဖြစ်ပါတယ်”” ဟု ဘာသာဝင်များအား သတိပေးမိန့်ကြားတော်မူ လိုက်သည်။ ၀၁၀ ကုန်ဇမှုန်း

1031  Views
Previous: ကက်သလစ်ရဟန်းတော်များနှင့်ဆိုင်သောတကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ ညီလာခံကိုကျင်းပပေးရန် ဆရာတော်ကြီးဖိလစ်အီဂန်က တောင်းဆို
Next: ရဟန်းမင်းကြီးဖရန်စစ်က သေဒါဏ်ပေးခြင်းသည် လက်မခံနိုင်သောအပြစ်ဒါဏ်ဖြစ်သည်ဟု ကက်သလစ်အသင်းတော်၏အယူဝါဒကို ပြင်ဆင်လိုက်ပြီ