ဦးဝင်းတင်၏ နိုင်ငံရေးဆောင်ရွက်ချက်များကို စံနမူနာထားသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

15-b

သတင်းစာဆရာကြီးဟံသာဝတီ ဦးဝင်းတင်၏ နိုင်ငံရေးဆောင်ရွက်ချက်များကို စံနမူ နာထားပြီး ဆောင်ရွက်မည် ဆိုလျှင် မြန်မာပြည်၏နိုင်ငံရေးသည် အလွန်ဂုဏ်သိက္ခာ ရှိပြီး မြင့်မြတ်သည့် နိုင်ငံရေးမျိုးဖြစ်မည်ဟု လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်မှ မေ ၂၀ ရက်တွင် ကျရောက်သည့်သတင်းစာဆရာ ဦးဝင်းတင်၏ (၁)လပြည့် အထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့သည်။

“ ဆရာရဲ့ ရည်ရွယ်ချက်တွေက ရှင်းတယ်။ နိုင်ငံရေးရည်ရွယ်ချက်ပဲ ပါတယ်။ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်မပါဘူး။ ပုဂ္ဂိုလ်ရေးအရ၊ နေရာရဖို့၊ ရာထူးရဖို့၊သြဇာအာဏာရဖို့၊ ဒါတွေ ဆရာကြီး ဦးဝင်းတင်မှာ လုံးဝမရှိဘူး။ နိုင်ငံရေး ရည်မှန်းချက်ပဲရှိတယ်။ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်အောင်လို့တော့ဆရာ့အနေနဲ့ သတ္တိရှိရှိ ခိုင်ခိုင်မာမာနဲ့ လုပ်ခဲ့တာ။ လုပ်ခဲ့တယ်ဆိုတာလည်း နိုင်ငံရေးသမားဖြစ်မှပဲ မဟုတ်ပါဘူး။ သတင်း စာဆရာတစ်ယောက်အနေနဲ့ စပြီးတော့ အလုပ်လုပ်ကတည်းက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့နမူနာတစ်ခုဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အချို့နိုင်ငံရေးသမားသည် နိုင်ငံရေးတွင်မြင့်မြတ်သည့် နိုင်ငံရေးဂုဏ်သိက္ခာရှိသည့် နိုင်ငံရေးမျိုးမရှိကြောင်း
ပြောဆိုနေသည့်အပေါ်တွင် သူမအနေဖြင့် လုံးဝလက်ခံကြောင်းနှင့် နိုင်ငံရေးတွင် ဂုဏ်သိက္ခာရှိရန်နှင့် မြင့်မြတ်စေရန် နိုင်ငံရေးလုပ်ဆောင်သည့် ပုဂ္ဂိုလ်ပေါ်တွင်များစွာမူ တည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သတင်းစာဆရာကြီး ဟံသဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့သည့်အပေါ်တွင်ဆုံးရှုံးမှုတစုံ တစ်ရာမရှိကြောင်းနှင့် ဆရာကြီး၏ နောင်လာမည့် မျိုးဆက်များအပေါ်တွင် ထားခဲ့သည့် အမွေအနှစ်များအားဆရာကြီးလိုချင်သည့် နိုင်ငံရေးမျိုးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းဖြစ်အောင် သူမအပါအဝင် ပြည်သူလူထုမှ ဝိုင်းဝန်းကြိုးစားကြရန် ပြောဆိုသွားခဲ့သည်။

“ဆရာကြီးဦးဝင်းတင် ကွယ်လွန်အနိစ္စရောက်သွားတာ ကွန်မတို့အနေနဲ့ ဘယ်လောက် ဆုံးရှုံးမှုဖြစ်သလဲတဲ့၊ ကျွန်မအမြဲတန်းပြောပါတယ်။ဆုံးရှုံးမှုမရှိဘူး။ ဘာမှဆုံးရှုံးမှုမရှိဘူး လို့ ပြောလို့ရပါတယ်။ကျွန်မတို့မှာ ဆရာကြီးချပေးခဲ့တဲ့ အမွေအနှစ်တွေက ဘယ်တော့ မှဆုံးရှုံးနိုင်တဲ့အရာ မဟုတ်ဘူး။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မေ (၂၀) ရက်၌ကျရောက်သည့် သတင်းစာဆရာကြီးဦးဝင်းတင် (၁)လပြည့်အထိမ်း အမှတ်အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များတက်ရောက်ကာ သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်အတွက် ဂုဏ်ပြုစကားများ အသီးသီးပြောကြား သွားခဲ့သည်။

1679  Views
Previous: ခရစ်ယာန်ဘာသာရေးနှင့်နိုင်ငံရေးသတင်းများကို သတင်းတစ်ပုဒ်လျှင် အနည်းဆုံး ကျပ် (၃၀၀၀) နှုန်းဖြင့် ဂလိုရီးယားသတင်းဂျာနယ်မှ ဝယ်ယူလို
Next: မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ၏ နှစ်ဝက်မျက်နှာစုံအစည်းအဝေးကို ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပမည်