မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် CBCM ၏၂၀၁၉-ခုနှစ်၊ ပထမ (၆) လပတ် မျက်နှာစုံညီ အစည်းအဝေးဆုံးဖြတ်ချက်များ

ရန်ကုန်၊ မတ်လ (၁၁)၊ ၂၀၁၉ CBCM OSC

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်CBCM၏၂၀၁၉-ခုနှစ်၊ပထမ(၆)လပတ်အစည်း အဝေး ကို ယခုနှစ် ဇန်နဝါရီ ၈ ရက် မှ ၁၁ ရက်အထိ ကျင်းပခဲ့ရာ ကျန်းမာရေး အခြေအနေကြောင့် မလာရောက်နိုင်သော ဆရာ တော် အိုက်ဇက်ဓါနုမှလွဲ၍ ဆရာတော်များအားလုံး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးအဖွင့်ဆုတောင်းမေတ္တာကို ဆရာတော် နီကောလားမန်ထန်းက ရွတ်ဆိုခဲ့ပြီး ဥက္ကဋ္ဌ ဖြစ်သော ဆရာတော် ဖဲလစ်လျန်ခင်းထန်က ကြိုဆို နှုတ်ခွန်း စကား မြွက်ကြားခဲ့ပါသည်။ ဆရာတော်၏ နှုတ်ခွန်းဆက်စကားတွင် ဘဝ၌ ကောင်းချီးမင်္ဂလာများကို ရေတွက်ရန်၊ ဥပမာအနေဖြင့် မျိုးကြဲသူစာစောင်၏ ရာပြည့်ဂျူဘီလီပြည့်မြောက်ခြင်းနှင့် သန်လျင်ရှိ ရှေးဟောင်းဘုရားကျောင်းအား အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မ ထံသို့ ပြန်လည်ဆက်ကပ်အပ် နှံပွဲပြန်လည်ပြုလုပ်နိုင်ခြင်းတို့ကို ဝေငှသွားခဲ့ပါသည်။ ၎င်းအစည်းအဝေးမှ အောက်ပါအချက်များကို ဆုံးဖြတ်ချက်ချမှတ်ပါသည်။

 

(က) အမှုဆောင်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး အသစ်ရွေးချယ်လိုက်ခြင်း

 

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်၏အမှုဆောင်အတွင်းရေးမှူး ဖါသာရ် မောရစ် ညွန့်ဝေနှင့် ဘဏ္ဍာရေးမှူး ဖါသာရ်အဲလ်ဘတ်မျိုးလွင်တို့မှာ သက်တမ်း၂ကြိမ်ထမ်းဆောင်ပြီးဖြစ်သဖြင့် အမှုဆောင်အတွင်းရေးမှူး သစ်အဖြစ် မန္တလေးဂိုဏ်းချုပ် သာသနာမှ ဖါသာရ် ပီတာ စိန်လှိုင်ဦးကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူးသစ်အဖြစ် ရန်ကုန် ဂိုဏ်းချုပ်သာသနာမှ ဖါသာရ် လူးဝစ်ရဲမြင့်ကိုလည်းကောင်း ရွေးချယ်အတည်ပြုခဲ့ကြပါသည်။ ၎င်းတို့သည် ဇွန်လတွင် ကျင်းပမည့် ဒုတိယ(၆)လပတ်အစည်းအဝေး အပြီးတွင် တာဝန်လွှဲ ပြောင်းထမ်းဆောင်ကြမည်ဖြစ်သည်။

 

(ခ) ကလေးသူငယ်အား အကာအကွယ်ပေးရေးမူဝါဒ

 

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ကလေးသူငယ်အား အကာအကွယ်ပေးရေးမူဝါဒကို ရေး ဆွဲပြီး ဗာတိကန်ရှိသာသနာပြန့်ပွားရေးဆိုင်ရာ ရဟန်းမင်းကြီးရုံးတော်နှင့် ယုံကြည်ခြင်း၏သွန်သင်မှုများဆိုင်ရာ ရဟန်း မင်းကြီးရုံး တော်များသို့ ယမန်နှစ်ကတည်းက ပေးပို့ခဲ့ပြီး အတည်ပြုချက်ကို စောင့်လျက်ရှိပါသည်။

 

(ဂ) လူထုဆက်သွယ်ရေးကော်မရှင်

လူထုဆက်သွယ်ရေးကော်မရှင်၏ ဒါရိုက်တာဖြစ်သူ ဖါသာရ်မာရီယားနို စိုးနိုင်က သတင်းတု၊ သတင်းမှားများကြောင့် လမ်းလွဲမရောက်စေရေးအတွက် မိမိတို့ဘက်မှ ဧဝံဂေလိသတင်းကောင်းနှင့် အပြုသဘောဆောင်သော သတင်းစကားများ ကိုအင်တာနက်တွင် လွှင့်တင်ခြင်းဖြင့် မြန်မာပြည် သာသနာတော်၏ ပုံရိပ်ကို မြှင့်တင်ရန် လိုအပ်ကြောင်း တင်ပြခဲ့ သည်။ စိန်ဂျိုးဇက် အသင်းဂိုဏ်းမှ စစ္စတာ ဒဲနစ်ဂျာတောင်သည် လူထုဆက်သွယ်ရေး ကော်မရှင်(ဗဟို) ၌ တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခြင်းခံခဲ့ရပါ သည်။ သာသနာများနှင့် ဧဝံဂေလိအမှုဆောင်လုပ်ငန်းများအတွက် တေးသီချင်းများ ထုတ် လုပ်ရာတွင် စတူဒီယို တရီနီတ (Studio Trinita’)  ကို အကျိုးရှိရှိ အသုံးပြုနိုင်ရန် ဆက်လက် ကြိုးပမ်း သွားမည်ဖြစ်သည်။

 

RVA၏ ဘာသာစကား(၇)မျိုး ထုတ်ဝေသူများအကြား အချင်းချင်းချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်သည်။အာခါ ဘာသာစကားနှင့် ကယားဘာသာစကားတို့ကိုလည်း RVAအစီအစဉ်တွင် ထပ်မံထည့်သွင်းသွားရန်လိုအပ်  ကြောင်း တင်ပြခဲ့ပါသည်။ ဆရာတော်ဖရန်စစ်ဒေါ့တန်အား မြန်မာနိုင်ငံလူထုဆက်သွယ်ရေးကော်မရှင်၏ ကိုယ်စားလှယ်တော်အဖြစ် ဆရာတော်များက ရွေးချယ်ခဲ့ကြသည်။

 

(ဃ) စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်

 

စာမေးပွဲတွင် ကျရှုံးခဲ့သူများအတွက် ကယ်ဆယ်သည့်စာမေးပွဲ (SupplementarY) ထားရှိတော့မည်မဟုတ် ကြောင်း ဆရာတော်များက အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ လက်ရှိ ရ ဟန်း ဖြစ်တက္ကသိုလ်ကို ပြင်ပမှ ပုဂ္ဂိုလ်များပါ တက်ရောက်သင်ယူနိုင်သော ပုပ်ရဟန်းမင်းကြီး ရုံးတော်အသိအမှတ်ပြု ဓမ္မတက္ကသိုလ် အဆင့်သို့ မြှင့်တင်မည့်အဆိုကို ဆရာတော်များက အတည်ပြုခဲ့ကြသည်။ အခြေခံရဟန်းဖြစ် သင်ကျောင်းများအားလုံးတွင် ကျောင်းအုပ် ဘုန်းတော်ကြီး၊ ဝိ ညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီးနှင့်စည်းကမ်းထိန်းဘုန်းတော်ကြီးဟူ၍ ဘုန်းတော်ကြီးသုံးပါးထားရှိရန် လိုအပ်ကြောင်း

ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

 

(င) တိုင်းပြုပြည်ပြုလုပ်ငန်း

 

မြန်မာနိုင်ငံကက်သလစ်သာသနာတော်က ပါဝင်လုပ်ဆောင်မည့် တိုင်းပြုပြည်ပြုလုပ်ငန်းနှင့်ပတ်သက်၍ Fr.Amal Rajက လူမှု-သာသနာ့အကျိုးပြု မဟာဗျူဟာစီမံကိန်း၏ လက်ရှိအခြေအနေကို တင်ပြခဲ့ပါသည်။ ထိုမဟာဗျူဟာစီမံကိန်း နှင့်ပတ်သက်၍ တောင်ကြီး ဂိုဏ်းချုပ်သာသနာ လက်အောက်ရှိ သာသနာများက ၂၀၁၈-ခုနှစ်၊ နိုဝင်ဘာ ၁၄-၁၅ ရက်တို့ တွင် လည်းကောင်း၊ ရန်ကုန်ဂိုဏ်းချုပ်သာသနာလက်အောက်ရှိသာသနာများက ဒီဇင်ဘာ ၂၈-၂၉ ရက်တို့တွင်လည်း  ကောင်းအစည်းအဝေးအသီးသီးပြုလုပ်ခဲ့ ကြပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ဆရာတော်ကြီးများအား ပြန်လည်တင်ပြခဲ့ကြပါသည်။ မန္တလေး ဂိုဏ်းချုပ်သာသနာလက်အောက် ရှိသာသနာများတွင် ဇုံနှစ်ခုခွဲ၍ ဇုံ(၁)တွင် မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုး၊ ဇုံ(၂)တွင် မန္တလေး၊ ကလေး၊ ဟား ခါးဟူ၍ အပိုင်းခွဲပြီး ဆွေးနွေးလုပ်ဆောင်ကြမည်ဖြစ် ပါသည်။

 

(စ) ဖိုကိုလာရေလှုပ်ရှားမှု

ဗီဗီယန်အားပုံက ဖိုကိုလာရေလှုပ်ရှားမှု၏ ရှေ့လုပ်ငန်းစဉ်ကို ဆရာတော်ကြီးများ အား တင်ပြခဲ့ ပါသည်။ သာသနာ(၁၆)ခုမှ ဘုန်းတော်ကြီးများအတွက် ဖိုကိုလာရေလှုပ်ရှားမှု ဆိုင်ရာ မွမ်းမံ သင်တန်းကို ယခုနှစ် ဩဂုတ် (၁၉-၂၄) ရက်အထိ တောင်ကြီးမြို့တွင်ပြုလုပ်သွားမည်ဖြစ်သည်။ ဖိုကိုလာရေ ဆရာတော်ကြီးများနှင့် တွေ့ဆုံစည်းဝေးပွဲကို ဖိလစ်ပိုင်နိုင်ငံ တွင် ဖေဖော်ဝါရီ (၁၉-၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

 

သူတော်စင်အသင်းဂိုဏ်းများအဖွဲ့ချုပ် (CRCM)

 

မြန်မာနိုင်ငံဗာတိကန်သံအမတ် တက်ရောက်နိုင်ရန်အတွက် သူတော်စင်အသင်းဂိုဏ်းများအဖွဲ့ချုပ်၏ (၆) လပတ်အ စည်းအဝေးကို မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အစည်းအဝေးနှင့်တိုက်ဆိုင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြ သည်။မြန်မာနိုင်ငံသူတော်စင်အသင်းဂိုဏ်းများအဖွဲ့ချုပ်က ရေးဆွဲထားသောကလေးငယ်များနှင့်ထိခိုက်လွယ်သော လူရွယ် များအားအကာအကွယ်ပေးရေးမူဝါဒကို ဆရာတော် ကြီးများက အတည်ပြုခဲ့ ကြသည်။

 

မြန်မာနိုင်ငံဆိုင်ရာဗာတိကန်သံအမတ် အစည်းအဝေးသို့ တက်ရောက်လာခြင်း

 

မြန်မာနိုင်ငံဆိုင်ရာ ဗာတိကန်သံအမတ်ဖြစ်သူ ဆရာတော်ပေါလ်ချန်အင်နမ် အစည်းအဝေးသို့ တက်ရောက်လာ သဖြင့် ကာဒီနယ် ချားလ်စ်ဘိုက ကြိုဆိုနှုတ်ခွန်းဆက်စကားမြွက်ကြားပြီး ဗာတိကန်နှင့်မြန်မာနိုင်ငံအကြား သံတမန်ထူ

ထောင်လိုက်နိုင်ခြင်းအတွက်ကျေးဇူးတင်ချီးမွမ်းစကားဆိုခဲ့ပါသည်။

 

ကော့တောင်ငယ်သူတော်စင်အသင်းဂိုဏ်း

Kottongnae Congregation

ကိုရီးယားနိုင်ငံအခြေစိုက် ကော့တောင်ငယ် သူတော်စင်အသင်းဂိုဏ်းမှ ဘရာ သာရ် ဂျိမ်းစင်း က မိမိတို့ အသင်းဂိုဏ်းကို မြန်မာပြည်နှင့် မိတ်ဆက်ပေးခြင်း အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗာတိကန်သံအမတ်အား ကျေးဇူးတင်ရှိကြောင်း ပြောဆိုပြီး မြန်မာနိုင်ငံ တွင် ကော့တောင်ငယ်သူတော်စင်အသင်းဂိုဏ်းမှ ကိုရင်နှင့် သီလရှင်များ လာရောက် သာ သနာပြုရန် စိတ်ဝင်စားပါကြောင်း ဆရာတော်ကြီးများအား တင်ပြခဲ့ပါသည်။

 

ဗာတိကန်သံအမတ်၏‘ဝါဒစကား

 

မြန်မာနိုင်ငံဗာတိကန်သံအမတ် ဆရာတော်ပေါလ်ချန်အင်နမ်ကလည်း မြန်မာနိုင်ငံ၌ ဗာတိကန်သံရုံး ဖွင့်လှစ်ခွင့်ရ ရေးအတွက် အကူအညီပေးလျက်ရှိသော ကာဒီနယ် ချားလ်စ်ဘိုကို ကျေးဇူးတင်ရှိပါကြောင်း ၊ အာရှကက်သလစ်ဆရာ

တော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ် အရေးခံရခြင်းအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မြွက်ကြားခဲ့ပါသည်။ ထို့နောက် ခရစ္စမတ်ကာလအတွင် ဖယ်ခုံသာသနာသို့ ရောက်ရှိသည့်အတွေ့အကြုံကိုလည်း ပြန်လည်ဝေမျှခဲ့ ပါသည်။

ဆက်လက်၍ သံအမတ်ကြီးက ဗာတိကန်အမှုထမ်းများအား ပုပ်ရဟန်းမင်းကြီးမိန့်ကြားခဲ့သော ‘ဝါဒကိုပြန်လည်ဝေမျှရာ တွင် သာသနာ၏သိုးထိန်း တချို့က သာသနာ တော်ကို ပြန်လည်ညှိုးနွမ်းစေခြင်းနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးက အထူးပင်စိုးရိမ်ပူပန်မိကြောင်း၊ လိင်မှုရေးရာအလွဲသုံးခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးခြင်း၊ ‘တ္တပ္ပစိတ်ကို အလွဲသုံးခြင်း စသည့်အလွဲသုံးခြင်း(၃)မျိုးကို သတိပြုရမည် ဖြစ်ကြောင်း၊ ကလေးသူငယ်များ အား အကာအကွယ်ပေးရေးနှင့်ပတ်သက်၍ ဗာတိကန်၌ အစည်းအဝေး ကျင်းပရန်ရှိကြောင်း မြွက်ကြားခဲ့ပါသည်။

 

ကျန်းမာရေးကော်မရှင်

 

ကျန်းမာရေးကော်မရှင် ဒါရိုက်တာ၏တာဝန်သက်တမ်းကို အနည်းဆုံး (၃)နှစ်မှ(၅)နှစ်အထိ ထားရှိရန်ထပ်မံအတည်ပြုဆုံး ဖြတ်ခဲ့ကြပါသည်။ ဖေဖော်ဝါရီ(၁၁)ရက်နှင့် အနီးဆုံးတနင်္ဂနွေတွင် ကောက်ခံရရှိသောအလှူငွေများကိုမြန်မာနိုင်ငံကက်သ လစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ကျန်းမာရေးကော်မရှင်သို့ပေးပို့ရန်လည်း ဆရာတော်ကြီးများက ထပ်မံအတည်ပြုဆုံး ဖြတ်ခဲ့ကြပါသည်။

 

လူငယ်များအရေးအတွက် ဆရာတော်ကြီးများ၏ညီလာခံ

 

လွန်ခဲ့သောနှစ် အောက်တိုဘာ ၃ရက်နေ့မှ ၂၈ရက်နေ့အထိ ဗာတိကန်တွင်ကျင်းပခဲ့သည့် ဆရာတော်ကြီးများ၏ ညီလာခံ၌ လူငယ်များအရေးကို ဦးတည် ဆွေးနွေးခြင်း နှင့်ပတ်သက်၍ ကိုယ်တိုင်တက် ရောက်ခဲ့သော ဆရာတော် ဖရန်စစ်ဒေါ့တန်က ဝေမျှရာတွင် သာသနာတော်အနေဖြင့် လူငယ်များအား ၎င်းတို့၏ဝိညာဉ်ရေးလမ်းစဉ်၌ အဖော်ပြုနိုင်ရန် ပိုမို ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခြင်းဖြင့် တိုင်းတစ်ပါးနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်ခြင်းကို လျှော့ ချနိုင်ကြောင်း မြွက်ကြားခဲ့ပါသည်။

ဒီဇင်ဘာပထမအပတ်တွင် အရှေ့တောင်အာရှ (၅)နိုင်ငံဖြစ်သော ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက် နမ် နိုင်ငံတို့မှလူငယ်များတွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ပြီးမြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဧည့်ခံဆောင်ရွက်သွားမည်ဖြစ်သည်။

 

ရာသီဥတုနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးဆိုင်ရာကက်သလစ်လှုပ်ရှားမှု

 

ရာသီဥတုနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးဆိုင်ရာကက်သလစ်လှုပ်ရှားမှု (The Global Catholic Climate Movement-GCCM)ကို ပြီးခဲ့သည့်နှစ်စက်တင်ဘာ ၂၃ရက်နေ့တွင် ကောင်းသောသိုးထိန်းသီလရှင်များ အသင်း ဂိုဏ်း၏ အစည်းအဝေးခန်းမ ဆောင်တွင် တရားဝင်စတင်ခဲ့ပါသည်။ ရဟန်းမင်းကြီး ဖရန်စစ်၏ စာချွန်တော် ဖြစ်သော Laudato si ကို အခြေခံ၍ လေ့ကျင့်ပျိုးထောင်မည့်သူများကို ဇန်နဝါရီ ၃၀ မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ သင်တန်း ပေးသွားမည်ဖြစ်သည်။ ယင်းအတွက် သာသနာတစ်ခုစီမှ ဆက်လက်၍ သင်တန်းပေးနိုင်မည့် ကိုယ်စားလှယ်တစ်ဦ်း တက် ရောက်ပါ မည့်အကြောင်း ဖိတ်ကြားထားပါသည်။

 

ဝတ်ပြုကိုးကွယ်ခြင်းကော်မရှင်

 

ဝတ်ပြုကိုးကွယ်ခြင်းကော်မရှင်၏ဥက္ကဋ္ဌဖြစ်သူ ဆရာတော်နီကောလားမန်ထန်းက အသစ်ထွက်ရှိသောမစ္ဆားပူဇော် ခြင်းဝိနည်းစာအုပ်ကိုMyanmar Language Edition of the First Typical Versionဟုခေါင်းစဉ် တပ်ရသည့်အကြောင်းရှင်းပြရာ၌ ယခင်အသုံးပြုသောစာအုပ်မှာ ဗာတိကန်အသိအမှတ်ပြု(Recognitio Version) ဖြစ်ပြီး ယခု ဝိနည်းစာအုပ် (Typical Version) ဆက်လက်ထွက်ပေါ်လာရန် ပြင်ဆင်ပေးသော စာအုပ်ဖြစ်ကြောင်း ဆရာတော်ကြီးများအား တင်ပြခဲ့ပါသည်။

 

ကိုယ်တော်မြတ်မုန့်ပြုလုပ်ရာတွင်အရောအနှောကင်းသောဂျုံဖြင့်လည်းကောင်း၊စပျစ်ရည်ကိုလည်းဓာတုဆေးဝါး   ကင်းစင်သောစပျစ်သီးဖြင့်လည်းကောင်း ပြုလုပ်ရန် လိုအပ်ကြောင်း ဆက်လက်တင် ပြခဲ့ပါသည်။ကိုယ်တော်မြတ်ပြု   လုပ်ရန် ဂျုံကို မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အရောင်းဆိုင်တွင် ရရှိနိုင်ကြောင်းသိရပါသည်။ မစ္ဆား

တရား  အတွက် စစ်မှန်ကောင်းမွန်သောစပျစ်ရည်ရရှိရန်အတွက် စပျစ်ရည်ပြုလုပ်သည့်အဖွဲ့အစည်းကို အစည်းအဝေးခေါ်

ယူကျင်းပရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ဆုံးဖြတ်ပြီး ဆရာတော် ပီတာလှအား တာဝန်ခံဆရာ

တော်အဖြစ် ရွေးချယ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ နောက်တစ်ကြိမ်ပြုလုပ်မည့်အစည်းအဝေးကို လာမည့်ဇွန်လ ၄ရက်နေ့မှ

၇ ရက်နေ့အထိ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

 

အမှုဆောင် အတွင်ရေးမှုး

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်

1196  Views
Previous: မြစ်ဆုံနောက်ကွယ်က နာမည်ကြီးစတန့်ထွင်မှုများကို ရပ်ပါ
Next: နတ်ဆိုး၏ နှောင့်ယှက်တတ်သော နည်းလမ်းများကို သခင်ခရစ်တော်က ဖော်ပြပေးဟု ရဟန်းမင်းကြီးက မီးမောင်းထိုးပြတော်မူ