မစ္ဆားဆိုတာ လောကမှာ ရှိတဲ့ နိဗ္ဗာန်ဘုံဘဲ၊ ကောင်းကင်ဘုံဖြစ်တယ်ဟု တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီးလီအိုအသိုက်က မိန့်ကြား

တောင်ကြီး၊ ကြာသပတေးနေ့ကြီး၊၂၀၁၉

မစ္ဆားဆိုတာ လောကမှာ ရှိတဲ့ ကောင်းကင်ဘုံဖြစ်တယ်ဟု တောင်ကြီးကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ဘာစီးလီအိုအသိုက်က ကြာသပတေးနေ့ကြီးဖြစ်သော ဧပြီလ (၁၈)၊ ၂၀၁၉ မိန့်ကြားတော် မူလိုက်သည်။ ဆရာတော်ကြီးရဲ့ ဩဝါဒက အောက်ပါအတိုင်း ဖြစ်ပါတယ်။

မစ္ဆား
]]Last Supper သခင်ယေဇူး၏နောက်ဆုံးညစာစားပွဲဟာ သခင်ခရစ်တော် ပေးထားသောအမွေအနှစ် တန်ဖိုးမဖြတ်နိုင်သောအမွေအနှစ်ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် ရှေးဦးခရစ်ယာန်တွေဟာ သခင်ခရစ်တော် တည်ထောင်ပြီးသည့် နောက်ပိုင်းအစဉ်အလာကိုထိန်းသိမ်းခဲ့တယ်။ အမွေအနှစ်ကိုထိန်းသိမ်း လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် မစ္ဆားလို့ မခေါ်ဘူး Agape ခေါ်တယ်၊ အတူတူ မုန့်ဖဲ့ပြီးဝေမျှစားသောက်ခဲ့တယ်။ တမန်တော်ကြီးတွေရဲ့ သွန်သင်ချက်ကို နားထောင်တယ်။ ပြီးတော့ အတူတကွ ဆုတောင်းတယ်။ အဲဒီအခမ်းနားလေးဘဲ။ အလယ်ခေတ်မရောက်ခင်လေးမှာ ခရစ်ယာန်တွေဟာ အဲဒီအခမ်း အနားလေးကို တော်တော့ကို ကြိုးစားပြီး ထိန်းသိမ်းလာခဲ့တယ်။ ဘယ်လောက်ထိန်းသိမ်းသလဲဆိုရင် သူတို့ရဲ့နှလုံးသားဟာ သူတို့ရဲ့ ကိုယ်တော်မြတ်ဘဲ။
အလယ်ခေတ်ရောက်တော့ ကာနွန်ဥပဒေစာအုပ်တွေနဲ့စပြီးတော့ကျင်းပတယ်။ ကိုယ်တော်မြတ်ကို နာရီ (၄၀) ဝတ်ပြုတဲ့အခမ်းအနားတွေလုပ်တယ်။ ကိုယ်တော်မြတ်ရဟန်းမင်းကြီးလို့ လူအများခေါ်တဲ့ Pope Pius (၁၀) ဟာကိုယ်တော်မြတ်ကိုသိပ်ပြီးတော့မြတ်နိုးတယ်။ သူ့ကို ကျေးဇူးတင်ရမယ်။ သူ့ကျေးဇူးကြောင့်အသက်
(၇) နှစ်ပြည့်တဲ့ကလေးသူငယ်တွေကိုယ်တော်မြတ်ပင့်ခွင့်ရခဲ့တယ်။ ကလေးတွေနားမလည်သေးဘူး မပေးပါနဲ့လို့
ကာဒီနယ်တစ်ပါးက ကန့်ကွက်တယ်။ ရဟန်းမင်းကြီးဘာပြန်ပြောလဲဆိုတော့ ကိုယ်တော်ကရော ဘယ်လောက် နားလည် လို့လဲလို့ ပြန်မေးလိုက်တယ်။ ရဟန်းမင်းကြီးဟာ ကာဒီနယ်ရဲ့ ကန့်ကွက်မှုကို အတိုက်အခံလုပ်ပြီး ကလေးတွေရဲ့အခွင့်အရေးကိုပေးခဲ့တယ်။
ဒုတိယဗာတီကန်ရောက်တဲ့အခါ အပြောင်းအလဲကြီးဖြစ်ခဲ့တယ်။ လက်တင်စကားကနေ ကိုယ့်ဘာသာ ပြန်နိုင်ပြီဆိုပြီး ဘာသာသူတွေဝမ်းသာကြတယ်။ ကိုယ့်စကားနဲ့ကိုယ်နားလည်လာကြတယ်။ ပိုပြီးတော့မစ္ဆားမှာ ပါဝင်လာကြတယ်။ အရင်တုံးက ဘုန်းကြီးတွေ မင်္ဂလာစကားရွတ်ဆိုတဲ့အခါ တိုးတိုးလေးဘဲရွတ်တယ်။ မကြားရလို့ လားမသိဘူး အပြင်ထွက်ပြီး ဆေးလိပ်သောက်နေကြတယ်။ ဘုန်းကြီးဘာပြောလိုက်လဲမသိ။ လက်တင်လို ဆိုလိုက်သေးတယ်။

မစ္ဆားတန်ဖိုး
မစ္ဆားတစ်ခါဟောရင်ဘယ်လောက်လဲလို့ မေးရင်၊ မေးစရာလားလို့ဘုန်းကြီးတွေပြန်ပြောလေ့ရှိတယ်။ မစ္ဆားတန်ဖိုးကို မတွက်နိုင်ပါဘူး တန်ဖိုးမဖြတ်နိုင်ပါဘူး။ Mass is the heaven of the earth. မစ္ဆားဆိုတာ လောကမှာ ရှိတဲ့ နိဗ္ဗာန်ဘုံဘဲ၊ ကောင်းကင်ဘုံဘဲ။ ဒါပေမယ့် မစ္ဆားလာတက်ဖို့ တစ်ချို့တလေနှောင့်နှေးကြတယ်။ နိဗ္ဗာန်ဘုံမှန်း မသိလို့လား။ ဝန်ခံရရင် ကျွန်တော်တို့ဘုန်းကြီးတွေ တရားဟောတာလည်း တခါတလေ မကြိုးစားတာတွေလည်း ပါချင်ပါမယ်။ ဒါပေမယ့်မစ္ဆားဟာ နိဗ္ဗာန်ဘုံဘဲ။
မစ္ဆားတန်ဖိုးကို ပြောမယ်ဆိုရင် ဗီ (၁၀ဝ) ကစပြီး တာစီးရှို ဆိုတဲ့ ရဟန်း ဓမ္မအာဇာနည်ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ်တော်မြတ်ကို ယူယူပြီး ထောင်သားတွေကို ကိုယ်တော်မြတ်သွားပေးတယ်။
ထောင်အာဏာပိုင်တွေက သိတဲ့အခါမှာ ဒီလူဟာထောင်သားတွေကို သိဒ္ဓိတင်တဲ့ဆေးတွေ လြာွေကးတာ။ တနေ့ထောင်ကိုပုန်ကန်မယ့်သူတွေဆိုပြီးချက်ချင်းဖမ်းပြီး ရက်ရက်စက်စက်သတ်တယ်။ ကိုယ်တော်မြတ် အတွက်အသေခံသွားတဲ့ရဟန်း တာစီးရှို။ သခင်ခရစ်တော်ကို အချိန်မရွေးပင့်ခေါ်နိုင်တာ မစ္ဆားဘဲရှိတယ်။ မစ္ဆားတိုင်းမှာ သခင်ခရစ်တော်ြွကလာတယ်။ ဒါကြောင့်နိဗ္ဗာန်လို့ခေါ်တာပေါ့။ အသင်းတော်က ကိုယ်တော်မြတ်ကို တန်ဖိုးထားလွန်းလို့ ကိုယ်တော်မြတ်မပင့်တဲ့ အခြားညီအစ်ကိုအသင်းတော်တွေကိုတောင်မှ ပိတ်ပင်တဲ့စကားမျိုး ဆိုခဲ့တယ်။ မှားတယ်။ ကက်သလစ်အသင်းတော်ရဲ့အပြင်ဖက်မှာ ကယ်တင်ခြင်းမရနိုင်ဘူးဆိုပြီးတော့။ ဒီနေ့ဒီလိုမျိုး ကျွန်တော်တို့ဟာ မြွေကးကြော်တော့ပါဘူး။
မစ္ဆားတန်ဖိုးကိုသိတဲ့သူတွေထဲမှာ မာသာရ် ထရေးဇာလည်းပါတယ်။ မာသာရ် After holy hour with the Lord; I have the holy hour with the poor မစ္ဆားမှာ ဘုရားနဲ့ တနာရီကျင်းပပြီးတဲ့နောက် ဆင်းရဲသားတွေနဲ့ ကျွန်မဆက်လက်ပြီး ကျင်းပတယ်။ သူမဟာ လမ်းပေါ်ထွက်ပြီးဆင်းရဲသားတွေနဲ့အတူတူ နေထိုင်တယ်။ ဒါဟာ မစ္ဆားရဲ့တန်ဖိုးကိုသူသိတယ်။
မစ္ဆားနဲ့ပတ်သက်ပြီး ဘုန်းကြီးရဟန်းတွေကိုသတိပေးထားတယ်။ မစ္ဆားကျင်းပတဲ့အခါ အသင်ရဟန်းတို့သတိထားပါ။ ဒီမစ္ဆားဟာသင့်ရဲ့ပထမဦးဆုံးသောမစ္ဆား။ ဒါမှမဟုတ်နောက်ဆုံးသောမိစ္ဆား။ ဒါမှမဟုတ်ရင် သင့်ဘဝမှာ တစ်ခါတည်းသော မစ္ဆားဖြစ်ချင်ဖြစ်မယ်။ မစ္ဆားကိုအလေးထားဖို့သတိပေးထားတယ်။
ဒါကြောင့်မစ္ဆားတစ်ခါဟောရရင်သေပျော်ပါပြီ ဆိုပြီး wheel Chair ပေါ်မှာထိုင်ပြီး ဖျားနာရင်း နဲ့တောင်းဆိုတဲ့ဘုန်းကြီးရှိခဲ့ဘူးတယ် ရဟန်းခံပြီးမစ္ဆားဟောပြီးတာနဲ့သေသွားတယ် တန်ဖိုးသိတဲ့သူက တန်ဖိုးကိုမရမကယူသွားတယ်။ ကျွန်တော်တို့တတွေ တန်ဖိုးကိုသိသလားမသိဘူးလား။
မစ္ဆားကျေးဇူး
ဘာကျေးဇူးတွေရသလဲ။ သခင်ခရစ်တော်ကိုယ်တိုင်က Do this in memory of me.လို့ပြောတယ်။ ငါ့ကိုအောက်မေ့သတိရခြင်းငှါဤအမှုကိုပြုလော့။ ပါးစပ်နဲ့လည်းပြောတယ်။ လက်နဲ့လည်းအမွေပေးခဲ့တယ်။
ဒိထက်မြတ်တာဘာရှိလဲ။ အမွေတကာ့အမွေမှာ ဓမ္မအမွေဟာအမြတ်ဆုံး။ St. Thomas က မစ္ဆားနဲ့ပတ်သက်ပြီး
ပြောကြားခဲ့တယ်။ Its transform man to God.မစ္ဆားဆိုတာ လူကို ဘုရားအဖြစ်ပြောင်းလဲပေးတဲ့အရာဘဲ။သူ့ရဲ့အနက်ကိုသိမယ်ဆိုရင် အကျိုးသိပ်များမယ် ဆိုတာသိမှာဘဲ။
မစ္ဆားမှာ သခင်ခရစ်တော်ရဲ့ခန္ဓာတော်ဟာ ကျွန်တော်တို့ရဲ့ခန္ဓာထဲကို စိမ့်ဝင်သွားတယ် ဒါကြောင့် ကိုယ်တော်မြတ်ကို ခံယူပြီးတာနဲ့ ချက်ချင်းမပြန်သေးပါနဲ့။ ခရစ်တော်ရဲ့ခန္ဓာကိုယ် မိမိရဲ့ခန္ဓာထဲကို စိမ့်ဝင်သွား အောင်ခဏလေးနေပေးပါအုံး။ ကျေးဇူးတင်မေတ္တာလေးဆိုပါအုံး။ ဆုတောင်းကြပါအုံး။ ဘုန်းတော်ကြီး မင်္ဂလာခံယူပါအုံး။
ဟိုတလောက face book မှာတင်လာတယ်မစ္ဆားမှာ ကိုယ်တော်မြတ်ပင့်ပြီးတာနဲ့ ချက်ချင်းပြန်သွားတဲ့ သူဟာ ယုဒနဲ့တူတယ် သခင်ခရစ်တော်ရဲ့အသွေးအသား သူ့ရဲ့ခန္ဓာကိုယ်ထဲမစိမ့်ဝင်လိုက်ရဘူး။ သခင်ယေဇူးကို ရောင်းစားဖို့ ချက်ချင်းထွက်သွားတယ်။
ကိုယ်တော်မြတ်ပင့်ယူပြီးတာနဲ့ သခင်ယေဇူးရဲ့ အရိုးဟာကျွန်တော်တို့ရဲ့ အရိုးဖြစ်သွားပြီး သူ့ရဲ့အသား လည်း ကျွန်တော်တို့အသားဖြစ်သွားပြီအရမ်းအမှားကြီးမလုပ်ပါနဲ့။ တန်ဖိုးကြီးလွန်းလို့ပါ။ ကိုယ်တော်မြတ်ကို ပင့်ပြီးသွားရင် အားလုံးဟာ ညီအစ်ကိုမောင်နှမဖြစ်သွားပြီ။ ကိုယ်တော်မြတ်ကထွက်လာတဲ့အသွေးအားဖြင့် ညီအစ်ကိုမောင်နှမတော်စပ်သွားကြပြီ။ စကားမပြော နှုတ်မဆက်လည်းမောင်နှမတွေဘဲ ကိုယ်တော်မြတ်ပင့်ယူတဲ့ ပွဲဟာဘာသာဝင်တွေရဲ့”ကလျာဏမိဿပွဲ ဘဲ” သူစိမ်းမဟုတ်တော့ဘူးမစ္ဆားရဲ့အနှစ်သာရကို လက်ဆင့်ကမ်းကြပါ။

606  Views
Previous: နတ်ဆိုး၏ နှောင့်ယှက်တတ်သော နည်းလမ်းများကို သခင်ခရစ်တော်က ဖော်ပြပေးဟု ရဟန်းမင်းကြီးက မီးမောင်းထိုးပြတော်မူ
Next: ပါစကားပွဲက ယုံကြည်သောသူတွေရဲ့အသက်တာဟာ သချိုင်းကုန်းမှာ အဆုံးသပ်တာမဟုတ်ဘူးဟု ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ်ဟောကြား