သင့်တင့်လျှောက်ပတ်သော အလုပ်နှင့် အားလုံးအတွက်တရားမျှတမှုကို ဗာတီကန်ကိုယ်စားလှယ် ကုလသမ္မက အမြဲတန်းအတွင်းဝင် ဂိုဏ်းချုပ်ဆရာတော် ဗာနာဒီတို ဦဇာက တောင်းဆို

ဗာတီကန်၊ ဧပြီလ ၁၂၊ ၂၀၁၉

နိုင်ငံတကာ အလုပ်သမားအစည်းအရုံးဖွဲ့စည်းခြင်း နှစ်တစ်ရာပြည့် အခမ်းအနား ထိပ်သီးစည်းဝေးပွဲတွင် ဗာတီကန်နိုင်ငံ၏ ကုလသမဂဆိုင်ရာ အမြဲတမ်းလေ့လာသူဖြစ်သော ဂိုဏ်းချုပ်ဆရာတော် ဗာနာဒီတို ဦဇာ (Bernadito Auza) က အလုပ်သမားများအတွက် သင်တင့်လျှောက်ပတ်သော အလုပ်နှင့် အားလုံးအတွက် တရားမျှတမူကို ဖော်ဆောင်ပေးရန်နှင့် ရှေ့အနာဂတ်တိုးတက်ရေးအတွက် မျှတစွာဆောင်ရွက်ရေးနှင့် တိုးတက်မူအတွက် ရည်မှန်ချက်များ၊ တိကျသော နည်းလမ်းများဖြင့် အလုပ်သမားများဘဝမြှင့်တင်ရေးကို ထောက်ပံ့ပေးကြရန် ဧပြီလ (၁၂) ရက်က တောင်းဆိုတော်မူလိုက်သည်။

ဗာတီကန်နိုင်ငံ၏ ကုလသမ္ပဂဆိုင်ရာ အမြဲတမ်းလေ့လာသူဖြစ်သော ဂိုဏ်းချုပ်ဆရာတော် ဗာနာဒီတို ဦဇာ (Bernadito Auza) က အောက်ပါအချက်နှစ်ချက်ကို တောင်းဆိုတော်မူလိုက်သည်။

(၁) အလုပ်သမား၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု
နှစ်ပေါင်းတစ်ရာကျော်ခဲ့သည့်တိုင် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် အလုပ်သမား တွေရဲ့အရေးပါမှုဟာ ဒီနေ့ဒီအချိန်ထိ လူ့အဖွဲ့အစည်းအတွက်ထောင့်ချုပ်ကျောက်ပမာ အရေးကြီးသော အခန်းကဏ္ဍမှာ တည်ရှိနေတယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် တရားမျှတမှုကိုဖော်ဆောင်ရမည်ဟု ဖိလစ်ပိုင် ဂိုဏ်းချုပ်ဆရာတော်မှ တင်ပြဆွေးနွေးခဲ့ပါသည်။ လူမှုဘဝမြှင့်တင်ရေး၊ အယောက်တိုင်းစီ ဘဝတိုးတက်ရေး အတွက် ဒီအဖွဲ့အစည်းက ဖော်ဆောင်ပေးရမယ်။ လူမှုဘဝမြင့်တင်ရေးဆိုရာမှာ လူ့ဂုဏ်သိက္ခာကိုလေးစားပြီး နှင့် လုပ်ငန်းခွင်တန်ဖိုးထားခံရမှုတို့ကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ရရှိလာသည့်ထုတ်ကုန် နှင့်အကျိုး အမြတ်ထက် လူအသက်ကို ပိုမိုတန်ဖိုးထားကြဖို့လည်း လိုအပ်ပါတယ်။

(၂) အလုပ်သမား၊ လူမှုဘဝမြှင့်တင်ရေး နှင့် လူ့ဂုဏ်သိက္ခာ
ကမ္ဘာပေါ်တွင် သန်း (၅.၂) ထောင်သော လူဦးရေဟာ ဘဝမလုံခြုံမှုဖြင့် ရှင်သန်နေကြသူတွေဖြစ်တယ်၊ ယင်းကဲ့သို့ ဘဝနေထိုင်မူကွာခြားနေသော အခြေအနေများကို ဖြေရှင်းပေးရန် အရေးကြီးသော အခန်းကဏ္ဍ တိုးတက်လာဖို့အတွက် လူ့အဆင့်အတန်းနဲ့ကိုက်ညီသော လုပ်ငန်းများ အခွင့်အလမ်းများဖော်ဆောင်ပေးကြရန်၊ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပြောကြားခဲ့သော အခြေခံကြသည့် မြေနေရာ၊ နေစရာအိမ် နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို လူဂုဏ်သိက္ခာနှင့်အညီဖော်ဆောင်ပေးနိုင်ကြစေလိုကြောင်း၊ အလုပ်သမားများ၏ ဘဝနေထိုင်ရေးတွင် အလုပ်ရှင်များနှင့် အလုပ်သဘောသက်သက် ဆက်ဆံရန်မဟုတ် အလုပ်သမားတို့ဘဝ တိုးတက်အဆင်ပြေမည့် အခြေအနေတစ်ခုထိဖော်ဆောင်ပေးကြစေလိုကြောင်း၊ လူတစ်ဦး၏ အကျင့်စာရိတ္တက အစ တိုးတက်လာစေဖို့ပြုပြင်ထိန်းသိမ်းပေးသင့်ကြောင်း၊ ဒီအချက်က လူတစ်ဦးကို တန်းဖိုးမြင့်တင်ပေးခြင်း၊ မိမိဆန္ဒကို ဖော်ထုတ်ရဲလာခြင်းနှင့် အသစ်သောအရာများကို တီထွင်ကြံဆရာတွင် တိုးတက်လာစေနိုင်ကြောင်း နှင့် စီးပွားကူသန်းရေးလုပ်ငန်းများသည် လူကိုအစေခံရန်သာဖြစ်ပြီး လူကိုကျွန်ပြုသော အရာမဖြစ်စေကြဖို့ တိုက်တွန်းခဲ့ပါသည်။
ဖာသာရ်ပီတာကြည်မောင်

1002  Views
Previous: Pope Francis confirmed His Visit to Thailand in November 2019
Next: မြစ်ဆုံမဟာစီမံကိန်း အပြီးသတ်ရပ်ဆိုင်းပေးရန် မြန်မာနိုင်ငံမှ ကာဒီနယ်ချားလ်စ်ဘို သဘောထားထုတ်ပြန်