ကက်သလစ်ဆရာတော်ကြီးများသည် ကလေးငယ်များအပေါ် လိင်ဆက်ဆံကျူးလွန်ကြသော ရဟန်းများကို ဖုံးကွယ်ပေးနေကြသည်ဟု ဖိလစ်ပိုင်ကာဒီနယ်တာကလေးက ဝန်ခံ

 

ဗာတီကန်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉ UCAN

ကက်သလစ်ဆရာတော်ကြီးများသည် ကက်သလစ်ရဟန်းများက ကလေးငယ်များအပေါ် လိင်ဆက်ဆံ ကျူးလွန်ကြသော ရဟန်းများကို ဖုံးကွယ်ပေးနေကြသည်ဟု ဖိလစ်ပိုင်ကာ ဒီနယ်တာကလေးက ]]ကလေးသူငယ်များ အား လိင်နှင့်ဆိုင်သောကာကွယ်ခြင်းဆိုင်ရာ ကမ္ဘာ့ကက်သလစ်ဆရာတော်ကြီးများ}}၏ ညီလာခံ၌ ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဝန်ခံမိန့်ကြားတော်မူလိုက်သည်။
ကာဒီနယ်တာကလေးက {{ ကျွန်တော်တို့ကက်သလစ် ဆရာတော်ကြီးများ အနေနဲ့ဝန်ခံ လိုတာက တော့၊ ကက်သလစ်ဆရာတော်ကြီးများဟာ မိမိတို့ကက်သလစ်ရဟန်းများ၊ ကိုရင်များ၊ သီလရှင်များ၊ ဆရာတော်များရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းကို ခံစားကြ ရသော ကလေးငယ်များကို မကာကွယ်ဘဲ အပြစ်ကျူးလွန်သူများကိုသာ ဖုံးကွယ်ကာ ကွယ်ပေးတာကြောင့် ဒါဏ်ရာရရှိထားကြသူများအပေါ် ကျွန်တော် တို့က ထပ်မံကြေကွဲ စေကြပါတယ်။ တနည်းအားဖြင့် ပြောရရင် ခရစ်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဒါဏ်ရာ ရစေကြပါတယ်}} ဟု ညီလာခံတက် ရောက်သူများအား မီးမောင်း ထိုးပြတော် မူသည်။
ကာဒီနယ်တာကလေးက {{လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းခံကြရသူများအပေါ် တုံ့ပြန်ကူညီပေးခြင်း ကင်းမဲ့နေခြင်းသည် စော်ကားခံရသူများကို နှင်ထုတ်ခြင်းဖြစ်သကဲ့သို့ စော်ကားသူများနှင့်စော်ကားသော အဖွဲ့အစည်းများကိုပါ ဖုံးကွယ်ကာကွယ် ပေးခြင်းသည် မကောင်းသော ပုံသက်သေဖြစ်သည်}} ဟု ကလေးသူငယ် များအား လိင်နှင့်ဆိုင်သော ကာကွယ်ခြင်းဆိုင်ရာ ကမ္ဘာ့ကက်သလစ်ဆရာတော်ကြီးများညီလာခံ}} သို့တက်ရောက် သော ကာဒီနယ်များ၊ ဆရာတော်ကြီးများ၊ ကိုရင်ကြီးများ၊ သီလရှင်များနှင့်ပညာရှင်များအား ဝေဖန်ပြစ်တင်တော် မူလိုက်သည်။
သူက {{ဒါဏ်ရာများကို ပြန်လည်ကုစားခြင်း၏အဓိကဆိုလိုခြင်းသည် မြောက်များစွာ ပညာရပ်ဘာသာရပ် တစ်ခုထက်ပိုသော လေ့လာခြင်းရဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ယုံကြည်ချက်ကတော့၊ ကျွန်တော် တို့အားလုံးမှာ မိမိတို့ကို လမ်းပြပေးနိုင်မယ့် ယုံကြည်ခြင်းနှင့်ဘာသာရေးဆိုင်ရာခံယူချက်တွေအတွက် ပြန်လည် ကုစားဖို့နှင့်ဆက် လက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်}} ဟု ညီလာခံတက်ရောက်သူများအား ဆော်ဩတော် မူသည်။

ကုန်ဇမှုန်း

 

 

900  Views
Previous: မီတာခ နှုန်းထားသစ် လုပ်ငန်းရှင်နှင့် အခြေခံ သုံးစွဲသူများ မျှတစွာ ခံစားနိုင်ရန် စီစဉ်နေ ဟုဆို
Next: (ဆောင်းပါး) သံလျင်ရောက် ခြေရာများ (သို့) ကညာ မာရီယား သခင်မ၏ ကျောင်းတော်ကို ရှာဖွေခြင်း