ခရစ်ယာန်ဂိုဏ်းပေါင်းစုံတစ်လုံးတဝတည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန်ဆွေးနွေးခြင်းကော်မရှင်၏ ဆွေးနွေးပွဲကျင်းပ

18-b

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်လက်အောက်ရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံတစ်လုံးတ၀ တည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန် ဆွေးနွေးခြင်းကော်မရှင်နှင့် မြန်မာနိုင်ငံ ခရစ်ယာန် များကောင်စီတို့ ပူးတွဲပြီး နှစ်စဉ်ပြုလုပ်လျက်ရှိသော ခရစ်ယာန်ဂိုဏ်းပေါင်းစုံတစ်လုံးတ၀ တည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန် ဆွေးနွေးခြင်းသည် လူမှုရေးအဆင့်သာ ရှိနေသေးသည်ဟု ကက်သလစ် ဘုန်းတော်ကြီး အောင်လင်းစိန်က ဂလိုရီးယား သတင်းဂျာနယ်သို့ မိန့်ကြားတော်မူလိုက်သည်။ ၎င်းတွေ့ဆုံ ဆွေးနွေးပွဲကို မေလ ၁၄-၁၅ ရက်နေ့တို့တွင် ကရင်ပြည်နယ်မြို့တော်၊ ဖားအံမြို့ရှိ ကက်သလစ် ဘုရားကျောင်းတော်တွင် ပြုလုပ်ခဲ့ကြသည်။

ထိုကဲ့သို့သောဆွေးနွေးပွဲနှင့်စပ်လျဉ်းပြီး ဘုန်းတော်ကြီးက၊ ““အမြတ်ကတော့ ကိုယ့်ရဲကက်သလစ် ဘုရားကျောင်းမှာ နှစ်စဉ်လုပ်ကြတယ်။ ကိုယ့်ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းကြတော့ ကက်သလစ် သာသနာတော်ရဲ့ဝတ်ပြုကိုးကွယ် မှုပိုင်းမှာ သူတို့က ပိုပြီးတော့ သိလာရင်းနှီးလာတာကလွဲလို့ လူမှုရေး အဆင့်သာ ရှိပါတယ်။ လာကြတယ်။ ထမင်းစားကြတယ်။ စကားလက်ဆုံကျကြတယ်။ ဒါပေမယ့် အစည်းအဝေးစစချင်းပဲ၊သူများဘာသာအကြောင်းကိုမပြောဖို့တားတယ်။ နောက်ပြီးတော့ကိုယ့်ဘာသာရဲ့ယုံကြည်ရာအချက်တွေကိုလည်း ပြောခွင့်မပြုဘူး။ ကျမ်းစာဖတ်ပြီးတော့ ကျမ်းစာအတိုင်း ငါတို့ခရစ်ယာန်တွေ ဘယ်လိုတရားကျင့်ကြံမလဲဆိုတာ ပဲ ပြောကြ တယ်။ နောက်ပြီး ကက်သလစ်ဖက်ကတော့ တစ်နိုင်ငံ လုံးက ကိုယ်စားလှယ်တွေ လာကြတယ်။ တခြားခရစ် ယာန်တွေဖက်ကတော့ အသင်းတော်ကို ကိုယ်စားပြုတဲ့သူတွေ မလာဘဲနဲ့ ရန်ကုန်ကလူတွေပဲ လာတော့ တခြားခရစ်ယာန်အသင်းတော်တွေကိုလည်း ပိုပြီးတော့ ပါဝင်စေချင်တယ်။ နောက်ပြီး အစည်းအဝေး လုပ်ပြီးဆုံးဖြတ်တာ နောက်နှစ်ဘယ်မှာ လုပ်မလဲဆိုတာပဲ ဆွေးနွေးဆုံးဖြတ်ပြီး ဘာထုတ်ပြန်ချက် မှလဲ မလုပ်တော့ ဒီလိုမျိုးလှုပ်ရှား မှုတွေဟာ ငွေကုန်လူပန်းရကျိုးမနပ်ဟုသုံး သပ်မိကြောင်း”” ဖြင့် မေလ ၁၆ ရက်နေ့က မိန့်ကြားတော်မူသည်။

နောက်ဆုံးရရှိသော သတင်းအရ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး အဖွဲ့ ချုပ်နှင့် မြန်မာ နိုင်ငံခရစ်ယာန်များကောင်စီတို့ ပူးတွဲပြီး နှစ်စဉ်ပြုလုပ်လျက်ရှိသော ခရစ်ယာန်ဂိုဏ်းပေါင်းစုံ တစ်လုံးတဝတည်း ဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန် ဆွေးနွေးပွဲကို လိပ်တိုတွယ် ကျင်းပမည်ဟု ဆုံးဖြတ်ထားကြောင်းဖြင့် သိရှိရသည်။  ဂျိုးဇက်

1995  Views
Previous: ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီ
Next: ရဟန်းမင်းကြီးက လွိုင်ကော်ကက်သလစ်သာသနာ၏ လက်ထောက်ဆရာတော်ကြီး စတီးဗင်းတေးဖေအား လွိုင်ကော်ကက်သလစ်သာသနာတော်၏ စီမံအုပ်ချုပ်သောဆရာတော်အဖြစ်ခန့်အပ်