မြန်မာနိုင်ငံအနောက်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကက်သလစ်ခရစ်ယာန်သာသနာ ရောက်ရှိခြင်း (၇၅) နှစ် စိန်ရတုဂျူဗလီပွဲတော်ကို တွန်းဇံမြို့တွင် ကျင်းပခဲ့

20-b

ဧပြီလ ၃၀၊ တွန်းဇံ။

မြန်မာနိုင်ငံအနောက်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကက်သလစ်ခရစ်ယာန်သာသနာပြုများ ရောက်ရှိ လာခြင်း (၇၅) နှစ်ဂျူဗလီပွဲတော်ကြီးကို လွန်ခဲ့သော ဧပြီလ ၂၆-၂၇ ရက်နေ့တို့တွင် ချင်းပြည်နယ်၊ ကလေးကက်သလစ်သာသနာ၊ တွန်းဇံမြို့တွင် စည်ကားသိုက်မြဲစွာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။ ၎င်းပွဲတော်သို့ မြန်မာနိုင်ငံဆိုင်ရာ ရဟန်းမင်းကြီး၏အထူးကိုယ်စားလှယ် ဖြစ်တော်မူသော ဆရာတော်ကြီး ပေါလ်၊ မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး နီးကော်လပ်စ်မန်းထန်၊ ကလေးကက်သလစ် ဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်နှင့် ရဟန်းတော်များ၊ သီလရှင်များနှင့်ဘာသာတူပေါင်း (၂၀၀၀) ကျော် တက်ရောက် လာခဲ့ကြကြောင်း သတင်းရရှိသည်။ ၀၀၇ ဂျိုးဇက်

1606  Views
Previous: ရဟန်းမင်းကြီးက လွိုင်ကော်ကက်သလစ်သာသနာ၏ လက်ထောက်ဆရာတော်ကြီး စတီးဗင်းတေးဖေအား လွိုင်ကော်ကက်သလစ်သာသနာတော်၏ စီမံအုပ်ချုပ်သောဆရာတော်အဖြစ်ခန့်အပ်
Next: သမ္မာကျမ်းစာအဘိဓာန်အပိုင်း (၁)