သမ္မာကျမ်းစာအဘိဓာန်အပိုင်း (၁)

၁။ အာရုန်

အာရုန်သည် မောရှေနှင့် မီရန်တို့၏အစ်ကို ဖြစ်ပြီး လေ၀ီအမျိုးဖြစ်သည်။ လွန်ခဲ့သော ရာစုများစွာကပင် အာရုန်၏ လူသူအကြား နာမည်ကြီးခြင်းသည် အီစ်္စရေးသမိုင်းတွင် ရှင်သန်ကြီးထွားခွင့် ရရှိခဲ့သည်။ ရှေးထုံးတမ်းစဉ်လာအရ အာရုန်သည် ဘုရားရှင်၏ နှုတ်ထွက်တော် စကားများကို လက်တွေ့ကျင့်ကြံသူ ဖြစ်ခဲ့ရသည် (ထွက်မြောက်ရာကျမ်း ၄း၁၆)။ သို့သော် သူသည် ရဟန်း၏ တာဝန်တော့ မရှိပေ။ အာရုန်၏တာဝန်သည် ရွှေလက် စွပ်များကို လိုက်လံကောက်ယူပြီး မီးဖြင့် အရည်ကျိုရသည့် တာဝန်ကို ယူခဲ့ရသည် (ထွက်မြောက်ရာကျမ်း ၃၂း၂၄) ကို ကြည့်ကာ ခရစ်တော် မမွေးဖွားမှီ ဘီစီ ၉၂၂ တုန်းက ဂျေရိုဘုန် (ဓမ်္မရာဇ၀င်ပထမစောင် ၁၂း၂၈) က ရွှေရုပ်တုဖြင့်တည်ထားခဲ့သော အနောက်ဖက်က ပလင်တော်ကို ထင်ဟပ်စေသည်။ အထက်ပါကျမ်းပိုဒ်နှစ်ခုကို ထောက် ရှုခြင်းအားဖြင့် နွားသူငယ်ကို ကိုးကွယ်ခြင်းဓလေ့သည် ခေါင်းဆောင်မှု၏လွတ်လပ်မှုကို ဖော်ပြနေသည်။ (ထွက်မြောက် ရာ ၂၄း၁၄)။ သို့တစေ၊ အာရုန်သည် မောရှေထက် နိမ့်သည်။ ချီးမြောက်ခြင်းခံရသော မောရှေ၏လက်တော်သည် အာမေကိုက်စ်နှင့် အာရုန်၏ အခန်းကဏ္ဍကို အနိုင်ရသွားခြင်း ဖြစ်စေပြီး အာမေကိုက်စ်၊ ဟူရ်နှင့် အာရုန်တို့၏ တာဝန် သည် မောရှေလက်ညောင်းသောအခါ ညောင်းနေသော မောရှေ၏လက်ကို မြောက်ထား ပေးရန်သာ ဖြစ်ပေသည်။
နောက်ပိုင်းတွင်မူ အာရုန်သည် အာဏာကို ကျင့်သုံးသူ၊ ယဇ်ပူဇော်ခွင့်နှင့် ကောင်းကြီး ပေးခွင့်ရှိသော ဂျေရုစလင်ရဟန်းဘ၀ကို ဆက်ခံသူ ဖြစ်လာသည်။ (တောလည်ရာ ၂၇း၂၁)။ ဧလိဇာသည် အာရုန်၏ သားဖြစ် (ရာဇ၀င်ချုပ် ၂၄း ၁) ပြီး သူ့ကို အပြစ်အတွက် ဒါဏ်ဆပ်ဖြေရသောနေ့တွင် တရားဝင် ပလင်အပ်နှင်း (၀တ်ပြုရာကျမ်း ၁၆း ၃၂-၃၄) သည်။ နောက်ဆုံးတွင်မူ ရှေ့ထုံးတမ်းအစဉ် အလာအရ အာရုန်သည် မောရှေထက် ချီးမြောက်ခြင်းခံရသည်။ ၄င်းဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် ဘုရားသခင် ကတိပေးရာ နေရာကို ထွက်သွားကြပြီးနောက်ပိုင်း၊ အီသမာအမျိုးမှ ရှစ်ယောက် (ရာဇ၀င်ချုပ် ၂၄း ၁-၁၉) နှင့် ဇက်ဒေါ (ဧလိဇာ၏အကြီးဆုံးသော သား)မှ ဆင်းသက် သည်ဟု ကြွေးကြော်ထားသော မိသားစု ၁၆ ခုနှင့်လည်းကောင်း၊ အပတ်စဉ် ဗိမာန်တော် တာဝန်ကို လုပ်ဆောင်ရသော ရဟန်းအမျိုးနွယ် မိသားစု ၂၄ ခုအကြားတို့တွင် စိတ်ဝမ်း ကွဲပြားမှု ရှိခဲ့သည်ကို ဖော်ပြ ပေးပါသည်။ ယောဟန်ဗတိစတား (ဆေးကြောခြင်းပေးသော ယောဟန်) သည် ရဟန်းမိသားစုမှ ဆင်းသက်လာသူဖြစ်သည် (လုကား ၁း ၅)။

၂။ အာဘက်ဒွန်

အာဘက်ဒွန်ဟူသော ဝေါဟာရ၏အနက်ကား ဟေဗြေစကားအရ အနက်ဆိုရလျှင် ““ဖျက်ဆီးခြင်း””ဟု အနက်ရသည်။
ယောဘ၏ ကျမ်းထဲတွင်မူ ““မရဏနိုင်ငံသည် ရှေ့တော်၌လှန်လျက်ရှိ၏။ အာဘက်ဒွန် နိုင်ငံကို ဖုံးအုပ်ခြင်း မရှိရ (ယောဘ ၂၆း ၆)။ သုတံကျမ်း ၂၇း ၂၀ ကိုဖတ်လျှင် မရဏနိုင်ငံနှင့်အာဘက်ဒွန်နိုင်ငံတို့သည် အလိုမပြည့်စုံသကဲ့သို့ လူတို့မျက်စိသည်လည်း အလိုမပြည့်စုံတတ်။
ဗျာဒိတ်ကျမ်း ၉း ၁၁ အရ အာဘက်ဒွန်ဟူသော ဝေါဟာရသည် လူ့ဘ၀နှင့်ငြိမ်းချမ်း ခြင်းတို့ အားလုံးကို ပျက်စီးအောင် ပြုလုပ်သော အဖျက်သမားဟု အနက်ရပါသည်။ ““အဆုံးမရှိ နက်ရှိုင်းလှသော တွင်းကြီး၏ ကောင်း ကင်တမန်တော်သည်ကား သူတို့အပေါ် အုပ်စိုးသော ဘုရင်ဖြစ်၏။ ဘုရင်၏အမည်မှာ၊ ဟေဗြေဘာသာစကားအား ဖြင့် အာဘက် ဒွန်ဟူ၍လည်းကောင်း၊ ဂရိဘာသာအားဖြင့် အာပိုလီယမ်ဟူ၍လည်းကောင်း ခေါ်တွင်လေ၏။””

၃။ အာဘ

““အာဘ”” ဟူသော ဝေါဟရသည် အာရမိုက်စကားဖြစ်ပြီး ““အဖေ””ဟု အနက် ရသည်။ ခရစ်တော်ဘုရားက ““အာဘ”” ဟူသော ဝေါဟာရကို ဂျေစမာနီဥယျာဉ်ထဲ တွင် ဆုတောင်းနေစဉ် အသုံးပြုခဲ့ (မာကု ၁၄း ၃၆) သည်။ ရဟန်္တာပေါလူးကလည်း ၄င်း ““အာဘ””ဟူသော စကားကိုနှစ်ကြိမ် တိုင်တိုင် သုံးစွဲခဲ့သကဲ့သို့ ရှေ့ဦးခရစ်ယာန် များသည်လည်း ဆုတောင်းခြင်းပြုတိုင်း ““အာဘ”” ဟူသော ဝေါဟာရကို အသုံးပြုခဲ့ ကြသည်။ ၄င်းဝေါဟာရသည် ဖခင်နှင့် သားသမီးများအကြား နွေးထွေးသော ဆက် ဆံမှုကို ပြသပေးသည့် ““ဖေဖေ သို့မဟုတ် အဖေ၊ ပါးပါး၊ အပါး”” ကို ဖော်ကျူးခြင်း ဖြစ်သည်။

၎။ အာဘေနေကို

အာဘေနေကိုဟူသော ဝေါဟာ ရသည် နေကို၏အစေခံ၊ နေဘိုဟူသော ဝေါဟာရကို ဖျက်ဆီးခြင်းဟု အနက် ရသည်။ ဤနာမည်ကို နေဘူခါနေရာ ဘုရင်က အာဇာရီယားကို မှည့်သော နာမည်ဖြစ်သည်ကို ဒေးနီလ်၏ကျမ်းထဲတွင် တွေ့ရှိသည်။ (ဒံယေလ ၁း ၇)။

၅။ အာဘေးလ်

အာဘေးလ်သည် အာဒံနှင့်ဧ၀ တို့၏ ဒုတိယမြောက်သား၊ ကာအင်း၏ ညီလေးဖြစ်ကြောင်းကို ကမ်္ဘာဦးကျမ်း အခန်းကြီး ၄ တွင် တွေ့ရှိရသည်။ အာဘေးလ် သည် ဘုရားရှင်ကို အကောင်းဆုံးသော သိုးများကို ပူဇော်ဆက်သသောကြောင့် ဘုရားရှင်က သူ၏ပူဇော်ခြင်းကို ကောင်း ကြီးပေးခြင်း ခံရသောသူ ဖြစ်သည်။ သူ၏ အစ်ကိုဖြစ်သူ ကာအင်းသည် ဘုရားရှင်ကို မကောင်းသောသီးနှံများကို ဆက်သသော ကြောင့် ဘုရားရှင်က သူ၏ပူဇော်ခြင်းကို ငြင်းပယ်ခဲ့သည်။ ထိုကဲ့သို့သော ဘုရားရှင် ၏ မျက်နှာသာပေးခြင်းကိုမခံရသော ကာအင်းသည် သူ၏ညီဖြစ်သူ အာဘေးလ် ၏ ဘုရားသခင်ရှေ့တွင် မျက်နှာသာပို ရခြင်းကို မနာလိုဖြစ်ရာ ညီလေးဖြစ်သူ အာဘေးလ်ကို လုပ်ကြံသတ်ဖြတ်လိုက် သည်။ အာဘေးလ်သည် သူ၏ယုံကြည် ခြင်းကြောင့် ချီးမြောက်ခြင်းကို ခံရသည် (ဟေဗြဲ ၁၁း၎)။ ““ယုံကြည်ခြင်းအားဖြင့် အာဘေးလ်သည် ကာအင်းဆက်သသော ပူဇော်ခြင်းထက်ပို၍ လက်ခံဖွယ်ရာဖြစ် သော ပူဇော်ခြင်းကို ဘုရားသခင်အား ဆက်ကပ်ခဲ့၏။ ထိုယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ် အသိအမှတ်ပြုကြောင်းကို သူ၏ယဇ် ပူဇော်ခြင်းကို လက်ခံတော်မူခြင်းဖြင့် သက်သေခံတော်မူခဲ့၏။ အာဘေးလ်မူကား သေလွန်ခဲ့ပြီး ဖြစ်သော်လည်း သူ၏ယုံကြည် ခြင်းအားဖြင့် ယနေ့တိုင် ဟောပြောသက် သေခံလျက်ရှိ နေသေး၏။”” (ဟေဗြဲ ၁၁း၎)

၆။  အာဒံ

အာဒံ ဟူသော ဝေါဟာရသည် မြေနီဟု အနက်ရသည်။ ၄င်းဝေါဟာရသည် ဘာဘီလွန်စကားဖြစ်ပြီး၊ အမျိုးသားများကို ရည်ညွန်းသော အသုံးအနှုန်း ဖြစ်သည်။ ဟေဘရူးနှင့် အာစီရီယမ်စကားတို့လည်း ၄င်းအနက်ကို ဆောင်သည်။ အာဒံဟူသော ဝေါဟာရကို သမာကျမ်းစာထဲက ပထမဦးဆုံးသော လူပုဂိုလ်၏ အမည် ဖြစ်သည်။ ၄င်းဝေါဟာရသည် ဟေဘရူးဝေါဟာရ ဖြစ်သော အာဒါမ ဟူသော ဝေါဟာရမှ ဆင်းသက်လာ သည်။ အနက်ကား အနီရောင် ရှိခြင်းဟု ဖြစ်သည်။ အာဒံသည် မွေးဖွားခြင်း မခံရဘဲ အပြစ်ကင်းပြီး အတွေ့အကြုံနည်းသော ကလေးပမာ ဖန်ဆင်းခြင်း ခံရသည်။ အာဒမ်သည် ဘုရားသခင် ဖန်ဆင်းတော်မူသော အရှေ့ဘက်က ဧဒင်ဥယျာဉ်ထဲ တွင် ထားခြင်း ခံရသည်။ အာဒံသည် အသက်တော် ၉၃၀ အထိ အသက်ရှင်ခဲ့သည်။ သူသည် သားသုံးဦး ထွန်းကားပြီး သူတို့၏အမည် များက ကာအင်း၊ အေဘယ်လ်နှင့် ဆဲတ် တို့ဖြစ်ကြသည်။
၇။ အာဒံ

အာဒံ ဟူသော ဝေါဟာရ သည် ယောရွှာ (ယောရှု ၃း ၁၆) အချိန်က တည်ရှိခဲ့သော ဇာရယ်တန်နားတွင် တည်ရှိနေသော ဂျော်ဒန်နားက မြို့တစ် မြို့၏ အမည် ဖြစ်သည်။ အာဒံဟူသော ဝေါဟာရသည် အမျိုးသားနှင့် အမျိုးသမီးတို့နှစ်ဦးစလုံးကို ရည်ညွန်းသော ဝေါဟာရ ဖြစ်သည်။ (ကမာဦးကျမ်း ၅း ၂)
၈။  အာဒံ
အာဒံ ဟူသောဝေါဟာရသည် ပုံပမာအဖြစ်လည်း အသုံးပြုသည်ကို တွေ့ရှိရသည်။ သေခြင်းတရားသည် အာဒံမှစ၍ မိုးဇက်တိုင် အောင် လူအပေါင်းတို့အား အစိုးရခဲ့၏။ အာဒမ် ပြစ်မှားခဲ့သော အပြစ်နှင့်မတူသော အပြစ်ကို ကျူးလွန်သောသူတို့ကိုပင် သေခြင်းသည် အစိုးရခဲ့၏။ အာဒံသည် နောင်တစ်ချိန်တွင် ပေါ်ထွန်းမည့်သူ၏ ပုံစံနမူနာ ဖြစ်သည်။ (ရောမ ၅း၁၄)

၉။ အာဘရဟမ်
အာဘရာဟမ် ဟူသော ဝေါဟာရ၏ အနက်ကား လူအမြောက်အမြား၏ ဖခင် (်အေ့နမ သ်ောကူအငအကိန) ဟု ဆိုလိုသည်။ သူသည် တဲရာ၏ သားဖြစ်ပြီး ကြီးမားသော ဟေဘရူနိုင်ငံကို ဘီစီ ၁၉၉၆ ခုနှစ်မှ ၁၈၂၂ ခုနှစ်အထိ ထူထောင်ခဲ့သူဖြစ်သည်။ တဲရာတွင် နောက်ထပ် သားနှစ်ယောက် (နာဟော်နှင့် ဟာရန်) တို့ ရှိခဲ့ပြီး ဟာရန်သည် သူ၏ဖခင် ချာလ်ဒက်ပြည်နယ်ထဲက အူရ်မြို့တွင် ရောက်ရှိနေစဉ် သေဆုံးသည်။ အာဘရဟမ်၏ ကနဦးအမည်ကား အဘ်ရမ် ဗဘမော ဖြစ်သည်။ အာဘရဟမ်သည် မိမိ၏ ဖခင် သေဆုံးပြီးနောက် အသက် ၇၅ နှစ်အရွယ်တွင် ကြီးမားသောနိုင်ငံကို ထူထောင်သူအဖြစ် ဖြစ်လာပြီး လူမျိုးတကာတို့၏ ကောင်းကြီးခံစားရမည့် နိုင်ငံဖြစ်သော ဘုရားသခင် ကတိပေးတော်မူသော ကာနန်ဒေသ (ကမ်္ဘာဦး ၁၂း၅) ကို ဆာရာနှင့်လော့တ်တို့နှင့်အတူ ထွက်ခွာသွားကြသည်။
သူသည် ၄င်းနိုင်ငံ၏ အလယ်ပိုင်းကို ဖြတ်ကျော်ရင်း မောရဲတောင်ခြေတွင် ယဇ်ပလင်ကို (ကမ်္ဘာဦး ၁၂း၆) ကို တည်ရာ ကောင်းကင်ဘုံဘုရားသခင်က ၄င်းနိုင်ငံကို သူ၏သားစဉ်မြေးဆက်က အမွေခံရလိမ့်မည်ဟု ရူပါရုံပေးခြင်းကို ခံရသည်။ တဖန် သူသည် ခရီးဆက်သွားရင်း ဗေတေလ်နှင့်အိုင်ဟူသော အနောက်စပ်ကြား (ကမ်္ဘာဦး ၁၂း၈) တွင် တောင်မျက်နှာသို့ ရောက်လေသည်။ ကာနန်နိုင်ငံသည် အစာငတ်မွတ်ခေါင်းပါးခြင်းကို ကြုံတွေ့ရသော်လည်း သူသည် ပြောင်းဖူးများ ဝေဆာပေါကြွယ်သော တောင်ပိုင်းရှိ အီဂျစ်နိုင်ငံကို အရောက် သွားခဲ့သည်။ ၄င်းအီဂျစ်နိုင်ငံတွင်၊ သူ၏ ဇနီးချော ဆာရိုင်၏ မက်မောဖွယ်သော ရုပ်ရည်လှပမှုက အီဂျစ်ဘုရင်အား သူ့ကို လုပ်ကြံသတ်ဖြတ်စေနိုင်သည်ကို စိုးရိမ်သောကြောင့်၊ သူ၏ ညီမအဖြစ် ဟန်ဆောင်ကိုယ်စားပြုစေသည်။ သို့သော် သူမ၏အလှကို ဘုရင်က ကြားသိတော် မူသောအခါ သူမသည် ဘုရင်၏နန်းတော်သို့ ခေါ်ဆောင်ခြင်း ခံရသည်။ လိမ်လည်လှည့်ဖြားခြင်းသည် ပေါ်ပေါက်လာကာ၊ ဖာရောဘုရင်သည် အာဘရမ်ကို နိုင်ငံမှ နှင်ထုတ်လိုက်သည် (ကမ်္ဘာဦး ၁၂း၁၀-၂၀)။ သူသည် မြောက်မြားစွာသော ဥစ်္စာများဖြင့် အီဂျစ်နိုင်ငံမှ ပါလက်စတိုင်းပြည်၏ တောင်ပိုင်းဖြစ်သော ဘေတဲလ်နှင့် အိုင် တောင်ကြားသို့ ထွက်ခွာသွားရာ လော့တ်လည်း လိုက်သွားသည်။ အာဘရမ်နှင့်လောတ်တို့သည် ကြီးပွားချမ်းသာလာကြရာ လော့တ်သည် ဆော်ဒွမ်နားက ဂျော်ဒန်ကွင်းပြင်ကို ရွေးချယ်တော်မူသည်။ ဆော်ဒွမ်ကို သိမ်းပိုက်သော အီလမ်ဘုရင် ဖြစ်တော်မူသော ချေတော်လော်မာက လော့တ်နှင့် သူ့ မိသားစုနှင့်ပိုင်ဆိုင်မှုများကို စစ်သုံး ပန်းအဖြစ် သိမ်းဆည်းဖမ်းဆီးပြီးနောက်၊ အာဘရမ်သည် အနိုင်ရသူများကို လိုက်ပြီးနောက် သူတို့ကို ဒါမတ်စကတ်စ်မှ အမြစ်ဖြတ်မောင်းထုတ်တော်မူသည်။ (ကမ်္ဘာဦး ၁၃း၁) အာဘရမ်သည် မိမိ၌ သားသမီး မရှိ၍ မိမိ၏ အမွေကို မည်သူဆက်ခံမည်နည်းဟု ထာဝရဘုရားသခင်ကို မေးလျှောက်သော် ထာဝရဘုရားသခင်က မိုးကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်ကို ကြယ်များကဲ့သို့ ဖြစ်ထွန်းစေမည်ဟု မိန့်တော်မူ၏။ အာဘရမ်သည် ထာဝရဘုရားကို ယုံကြည်သောကြောင့် သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ (ကမ်္ဘာဦး ၁၅း၃-၅)။ အာဘရမ်သည် သူ့မယားဖြစ်သူ စာရိုင်၏ စကားကို နားထောင်ကာ သူ၏ကျွန်မဖြစ်သော အီဂျစ်လူမျိုးဖြစ်သော ဟာဂါ အမည်ရှိသော အမျိုးသမီးနှင့် ပေါင်းသင်းစပ်ယှက်ကာ ဟာဂါသည် အသက် ၈၆ နှစ်ရှိပြီဖြစ်သော အာဘရမ်အတွက် အီစမေးလ်အမည် ရှိသော သားယောင်္ကျားကို ဖွားမြင်ပေးလေသည်။ (ကမ်္ဘာဦး ၁၆း၁၁)။ အာဘရမ်သည် သားယောင်္ကျားကို ရရှိပြီးနောက် ထာဝရဘုရားသခင်သည်လည်း အာဘရမ်နှင့် ပဋိညာဉ်အသစ်ကို ထပ်မံပြုလေသည်။ ထာဝရဘုရားသခင်က ““သင့်ကို လူမျိုးတကာတို့၏ ဖခင်”” ဖြစ်စေတော်မူမည်။ ထို့ကြောင့် သင်၏အမည်ကီို အာဘရမ်မှ အာဘရဟမ်သို့ ပြောင်းလဲခေါ်ဝေါ်ရမည်ဟု မိန့်တော်မူ၏။ ဘုရားသခင်က ကာနန်ပြည်နယ်ကို အာဘရဟမ်ကို အပိုင်ပေးတော်မူသည်။ တဖန် ဘုရားသခင်က အသက် တစ်ရာ ရှိနေသော အာဘရဟမ်၏ အမျိုးသမီးကို စာရိုင်ဟူသော အမည်မှ စာရာဟူသော အမည် သို့ ပြောင်းလဲခေါ်ဝေါ်တော်မူသည်။ ထိုသို့ သူ၏ အမျိုးသမီးအမည်ကို ပြောင်းလဲခေါ်ဝေါ်ပြီးနောက် အသက် ၉၀ ရှိနေပြီး သားသမီး မရနိုင်ခဲ့သော စာရာသည်လည်း ထာဝရဘုရား၏ တန်ခိုးတော်ဖြင့် သားတစ်ယောက်ကို ရလာသည်။ ၄င်းသား၏အမည်ကို ““အီဇက်”” ဟု နာမည်မှည့် လေ၏။ ထာဝရဘုရားသည် အာဘရဟမ်၏ အမျိုးအနွယ်ကို သူ၏ တရားဝင်မယားဖြစ်သော စာရာနှင့်ရသော အီဇက်၌သာ တည်စေတော်မူသည်။
၁၀။ အိမ်ထောင်ရှိသူနှင့်လိင်ဖောက်ပြန်ခြင်း

အိမ်ထောင်ရှိသူနှင့်လိင်ဖောက်ပြန်ခြင်းဆိုသည်မှာ အမျိုးသားတစ်ဦးသည် အိမ်ထောင်ရှိသော အမျိုးသမီးတစ်ဦး(၀ါ) ပြည့်တန်ဆာမနှင့် ခိုးကြောင် ခိုးဝှက် လိင်ဆက်ဆံခြင်းကို ဆိုလိုသည်။ အိမ်ထောင်ရှိသော အမျိုးသားတစ်ဦးနှင့် အိမ်ထောင်မရှိသော အမျိုးသမီးအကြား လိင်ဆက်ဆံခြင်းကို အိမ်ထောင်ရေးပြင်ပတွင် လိင်ဆက်ဆံခြင်း င်္သမညင်ငခအေငသည ဟုဆိုလိုသည်။ ထိုကဲ့သို့သော လိင်ဖောက်ပြန်ခြင်းသည် ကြီးမားသော လူမှုရေးမှားယွင်းခြင်းနှင့် အပြစ်ကြီး ဖြစ်ပေသည်။ မိုးဇက်ဥပဒေအရ ““ကိုယ့်ခင်ပွန်းမှတစ်ပါး အခြားသောယောင်္ကျားနှင့်မှားယွင်း၍ညစ်ညူးခြင်း ရှိလျှင် ကျိန်ခြင်းဘေး ဖြစ်စေသော ရေခါးကို ယဇ်ပုရောဟိတ်ကိုယ်တိုင် ကိုင်ရ မည်။ ကျိန်ခြင်းဘေး ဖြစ်စေသော ရေခါးကို မိန်းမအား တိုက်ရမည်။ ထိုမိန်းမသည် ရေခါးကို သောက်ပြီးမှ သူ့အထဲ၌ ရေ၀င်ပြီး ခါးသဖြင့် ၀မ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းသို့ ရောက်၍ ထိုမိန်းမသည် မိမိအမျိုး၌ ကျိန်အပ်သောသူ ဖြစ်လိမ့်မည် (တောလည်ရာ ၅း၁-၃၁)။
ရုပ်တုကိုးကွယ်ခြင်း၊ သူများကိုပစည်းကို လိုချင်တပ်မက်ခြင်းနှင့် မိမိ၏ဘာသာရေးယုံကြည်မှု ကို စွန့်လွှတ်ခြင်းတို့ကို ၀ိညာဉ်ရေးအရ လိင်ဖောက်ပြန်ခြင်းဟု သမာကျမ်းစာထဲတွင် ခေါ်ဝေါ်ထားကြောင်းကို တွေ့ရှိရသည်။ (ယေရမိ ၃း၆-၉ယ ဟောရှေ ၁း၂း၃း၊ ဗျာဒိတ် ၂း၂၂)

၁၁။ အိမ်ထောင်ရှိသူနှင့်လိင်ဖောက်ပြန်ခြင်း
အိမ်ထောင်ရှိသူနှင့်လိင်ဖောက်ပြန်ခြင်းဆိုသည်မှာ အမျိုးသားတစ်ဦးသည် အိမ်ထောင်ရှိသော အမျိုးသမီးတစ်ဦး(၀ါ) ပြည့်တန်ဆာမနှင့် ခိုးကြောင် ခိုးဝှက် လိင်ဆက်ဆံ ခြင်းကို ဆိုလိုသည်။ အိမ်ထောင်ရှိသော အမျိုးသားတစ်ဦးနှင့် အိမ်ထောင်မရှိသော အမျိုးသမီးအကြား လိင်ဆက်ဆံခြင်းကို အိမ်ထောင်ရေးပြင်ပတွင် လိင်ဆက်ဆံခြင်း င်္သမညင်ငခအေငသည ဟုဆိုလိုသည်။ ထိုကဲ့သို့သော လိင်ဖောက်ပြန်ခြင်းသည် ကြီးမားသော လူမှုရေးမှားယွင်းခြင်းနှင့် အပြစ်ကြီး ဖြစ်ပေသည်။ မိုးဇက်ဥပဒေအရ ““ကိုယ့်ခင်ပွန်းမှ တစ်ပါး အခြားသောယောင်္ကျားနှင့်မှားယွင်း၍ညစ်ညူးခြင်း ရှိလျှင် ကျိန်ခြင်းဘေး ဖြစ်စေသော ရေခါးကို ယဇ်ပုရောဟိတ်ကိုယ်တိုင် ကိုင်ရ မည်။ ကျိန်ခြင်းဘေး ဖြစ်စေသော ရေခါးကို မိန်းမအား တိုက်ရမည်။ ထိုမိန်းမသည် ရေခါးကို သောက်ပြီးမှ သူ့အထဲ၌ ရေ၀င်ပြီး ခါးသဖြင့် ၀မ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းသို့ ရောက်၍ ထိုမိန်းမသည် မိမိအမျိုး၌ ကျိန်အပ်သောသူ ဖြစ်လိမ့်မည် (တောလည်ရာ ၅း၁-၃၁)။
ရုပ်တုကိုးကွယ်ခြင်း၊ သူများကိုပစည်းကို လိုချင်တပ်မက်ခြင်းနှင့် မိမိ၏ဘာသာရေးယုံကြည်မှု ကို စွန့်လွှတ်ခြင်းတို့ကို ၀ိညာဉ်ရေးအရ လိင်ဖောက်ပြန်ခြင်းဟု သမာကျမ်းစာထဲတွင် ခေါ်ဝေါ်ထားကြောင်းကို တွေ့ရှိရသည်။ (ယေရမိ ၃း၆-၉ယ ဟောရှေ ၁း၂း၃း၊ ဗျာဒိတ် ၂း၂၂)
၁၂။ ဆန့်ကျင်သူ
ဟေဘရူးစကားအရ ဗိလနမျမေပ ကှိုအေညေ ဆာတန်ဟု ခေါ်ဆိုသည်။ ဓမ်္မရာဇ၀င်တတိယ စောင် ၅း၎၊ ၁၁း၁၄၊၂၃၊ ၂၅) တို့တွင် ““ငါ၏ဘုရားသခင်ထာဝရဘုရားသည် အရပ်ရပ်၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူသဖြင့် ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိ””။ ““ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဟာဒဒ်ကို နှိုးဆော်တော်မူ ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုး ဖြစ်၏””။ ““ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ် လုံး အီစ်္စရေးအမျိုးကို ရန်ဘက်ပြု၏””။ ရှင်မာတေဦး ၅း၂၅၊ လုကား ၁၂း၅၈၊ တွင် ““သင်သည် သင်၏တရားပြိုင်ဖက်နှင့်အတူ တရားသူကြီးထံသို့ သွားနေစဉ် သူနှင့်ကြေအေး မှု ရအောင် လမ်းတွင် ကြိုးပမ်းအားထုတ်လော့။ ထိုသို့မပြုလျှင် သူသည် သင့်ကို တရားသူ ကြီးထံသို့ ဆွဲ၍ခေါ်သွားသဖြင့် တရားသူကြီးသည် သင့်ကို မင်းမှုထမ်း၏လက်သို့ အပ်လိမ့် မည်။ မင်းမှုထမ်းသည်လည်း သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်””။
၁၃။ ရှေ့နေ

““ရှေ့နေ”” ဟူသော ဝေါဟာရသည် ဟေဘရူးစကားဖြစ်သော ဏမေေုနအသျ ဝေါဟာရမှဆင်းသက်လာပြီး၊ အဓိပ်္ပါယ်ကမူ၊ ““လူတစ်ဦးအတွက် တောင်းပန်ပေးခြင်း၊ လူတစ်ဦးကို ကာကွယ်ပြောဆိုပေးခြင်းဖြင့် နှစ်သိမ့်မှုပေးခြင်း”” ဟု အနက်ရသည်။ ၄င်းအသုံးအနှုန်းကို ခရစ်တော်ဘုရားသခင်က သုံးစွဲခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား ““ရှေ့နေ”” ဟု အမည်မှည့်ပေးတော်မူ ခဲ့သည် (ယောဟန် ၁၄း၁၆၊ ၁၅း၂၆၊ ၁၆း၇)။ ဂရိဝေါဟာရအရ ““ရှေ့နေ”” ဟူသည် ““နှစ်သိမ့်ပေးသူ”” ဟု အနက်ရသည်။ ၄င်းအသုံးအနှုန်းသည် ခရစ်တော်ဘုရားအား ရည်ညွန်းပြောဆိုခြင်း ဖြစ်သည် (ပထမယောဟန် ၂း၁)။
၁၄။ ဗနညသည ဧနွန်
““ဧနွန်”” ဟူသော အမည်သည် ရှင်ယောဟန် ဆေးကြောခြင်းခံယူသောနေရာ ဖြစ်သည်။ ၄င်း ““ဧနွန်”” သည် ဆာလင်မြို့ အနားတွင် တည်ရှိပြီး ဧနွန်စမ်းရေဟု လူသိများသည် (ရှင်ယောဟန် ၃း၂၃-၂၄)။

၁၅။ နှစ်သက်စုံမက်ခြင်း
““နှစ်သက်စုံမက်ခြင်း”” ဟူသော ဝေါဟာရသည် သမ်္မာကျမ်းစာထဲတွင်မူ ““ဤအကြောင်းကြောင့် ဘုရားသခင်သည် သူတို့ကို ဂုဏ်သရေညိုးစေသော ကိလေသာစိတ်သို့ စွန့်ပစ်ထားတော်မူခြင်း ဖြစ်၏။ သူတို့ထဲမှ အမျိုးသမီးများသည် ထုံးစံအတိုင်း ဆက်ဆံခြင်းအစား ဓမ်္မ၁တာနှင့်ဆန့်ကျင်သော ဆက်ဆံခြင်းကို ပြုကြ၏ (ရောမ ၁း၂၆)။ ထို့အပြင် ““မကောင်းမှုတမ်းတခြင်း”” ဟု ဖွင့်ဆိုထားသည် (ကော်လောဆေ ၃း ၅)။ ““သင်တို့သည် မြေကြီးပေါ်၌ရှိသောအရာတို့ကို စွဲလမ်းခြင်း မရှိဘဲ၊ အထက်အရပ် ၌ရှိသောအရာတို့ကိုသာ စွဲလမ်းကြလော့ (ကော်လောဆေ ၃း ၂)။
၁၆။ ဗ်ငညငအပ တော်စပ်ခြင်း
တော်စပ်ခြင်းဟု ဆိုရာတွင် မိတ်ဖွဲ့စည်းခြင်းဖြင့် တော်စပ်ခြင်း (ရာဇ၀င်ချုပ် ဒုတိယစောင် ၁၈း၁) ထိမ်းမြားခြင်းဖြင့် တော်စပ်ခြင်းလည်း ရှိပေသည် (ဓမ်္မရာဇ၀င် တတိယစောင် ၃း၁) ။ သို့သော် လက်ထပ်ထိမ်းမြားခြင်းကြောင့် ဆွေမျိုးတော်စပ်ခြင်းကို အဆင့်ဆင့်ခွဲကာ ဆွေမျိုးမတော်စပ်နိုင်အောင် တားဆီးထားချက်များလည်း ရှိပေသည် (တောလည်ရာကျမ်း ၁၈း၆-၁၇)။
၁၇။ ဒုက္ခဝေဒနာ

ဒုက်္ခဝေဒနာသည် လူတိုင်း တွေ့ကြုံရသော အရာဖြစ်သည် (ဆာလံ ၃၄း၁၉) ဒုက်္ခဝေဒနာသည် လူကောင်းတို့အတွက် ဖြစ်သည်။ (ယာကုပ် ၁း၂၊ ၃း၁၂၊ ၁ ကော်ရိန် ၁၂း၇) ဒုက်္ခဝေဒနာသည် ဘုရားသခင်၏ဘုန်းဂုဏ်တော်တိုးတက်ရန်အတွက် ဖြစ်သည် (၂ ကော်ရိန် ၁၂း၇-၁၀၊ ၁ပေ ၄း၁၄) ဒုက်္ခဝေဒနာသည် ဘုရား၏လူမျိုးတော်တို့က စိတ်ရှည်စွာ ခံထမ်းကြရသော ဝေဒနာ ဖြစ်သည် (ဆာလံ ၉၄း၁၂၊ ပညာအလိမ်္မာကျမ်း ၃း၁၂) ဒုက်္ခဝေဒနာသည် ဘုရားသခင်ဆီမှ ရောက်ရှိလာသော အရာ ဖြစ်သည်ပြီး၊ ၄င်းဝေဒနာများကို ခရစ်တော်၌ ခံထမ်းခြင်းအားဖြင့် ထာဝရသုခကို ရရှိမည် ဖြစ်သည် (၂ ကော်ရိန် ၄း၁၆-၁၈၊ ရောမ ၈း၃၅-၃၉)။
၁၈။ အာဂါဘု

အာဂါဘု ဟူသော ဝေါဟာရသည် ခရစ်တော်ယေဇူးဘုရား၏ တပည့်တော် အပါး ၇၀ ထဲက တစ်ပါး၏အမည် ဖြစ်သည်။ ““ထိုသူတို့ထဲမှ အာဂါဘုဟု ခေါ်သော သူတစ်ယောက်သည် ထ၍ ကမာတစ်ဝန်းလုံးတွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လိမ့်မည်ဟု ၀ိညာဉ်တော်၏ နှိုးဆော်မှုဖြင့် ကြိုတင်ဟောပြောခဲ့ပြီး ထိုအမှုသည် ကလောဒီဦးဘုရင်လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏ (တမန်တော် ၁၁း၂၇-၂၈)””။ ““ငါတို့သည် ထိုအိမ်၌ ရက်အတန်ကြာနေထိုင်လျက်ရှိစဉ် အာဂါဘု အမည်ရှိသော ပရောဖက်တစ်ဦးသည် ဂျူဒေးယပြည်မှ ရောက်လာခဲ့၏ (တမန်တော် ၂၁း၁၀-၁၂)””။
၁၉။ မီးလျှံ

ဗါေါ မီးလျှံ ဟူသော ဝေါဟာရကို အာမလက်လူမျိုးတို့ထဲမှ ဘုရင်များ၏ ဘွဲ့နာမအဖြစ် အသုံးပြုခဲ့ကြသည်။ ဥပမာပြောရလျှင် အီဂျစ်ဘုရင် နိုင်ငံသားဖြစ်သော ဖာရောဘုရင်၏ ဘွဲ့နာမ ဖြစ်သည်။ ဒုတိယအချက်က၊ တောလည်ရာကျမ်း (၂၄း၇) ကိုကြည့်လျှင် ဗာလမ်က အာမလက်လူမျိုးဘုရင်ကို ရည်ညွန်းနေသည်ကို တွေ့ရှိရသည်။ ““သူ၏ ရှင်ဘုရင်သည် ဘာဂတ်မင်းထက် ဘုန်းကြီး၍ နိုင်ငံတော်သည် ချီးမြှောက်သော နိုင်ငံ ဖြစ်လိမ့်မည်၊ တောလည်ရာကျမ်း (၂၄း၇)။ တတိယအချက်က ““ရှောလုသည် ဟ၀ိလမြို့မှစ ၍ အီဂျစ်ပြည်တဘက်တချက်၌ နေသော ရှုရမြို့တိုင်အောင် အာမလက်လူတို့ကို လုပ်ကြံလေ၏။ အာမလက်ရှင်ဘုရင် အာဂတ်ကို အရှင်ဘမ်းမိ၏”” (ဓမ်္မရာဇ၀င်ပဌမစောင် ၁၅း၇)။ ကမ်္ဘာဦးကျမ်းနှင့် ဓမ်္မရာဇ၀င်ပဌမစောင်များအရ၊ အာမလက်ဟူသည် ချိုင့်ဝှမ်းတွင်နေထိုင်သူ ဟု အနက်ရပြီး အာမလက်သည် ဧလိဖတ်၏သား၊ ဧဆော၏ မြေး ဖြစ်သည် (ကမ်္ဘာဦးကျမ်း ၃၆း၁၂)။
၂၀။ လူမျိုးအမည်
ဗါေါငအန ဟူသော ဝေါဟာရသည် လူမျိုးအမည် ဖြစ်သည်။ အက်စတာဝတ်္ထူ ၃း ၁ ကို ဖတ်ရှုလျှင်၊ ထိုနောက်မှ ရှင်ဘုရင် အာရွှေရုသည် အာဂတ်အမျိုး၊ ဟမေ်္မဒါသသား ဟာမန်ကို ချီးမြှောက်၍ အထံတော်၌ ရှိသော မူးမတ်အပေါင်းတို့ထက် သာ၍ မြင့်မြတ်သော နေရာကို ပေးတော်မူ၏။

၂၁။ သင်္ဘောမဟူရာ

ဗါအေန ဟူသော ဝေါဟာရသည် ဂရိစကားမှ ဆင်းသက်လာပြီး အနက်အဓိပ်္ပါယ်မှာ စီစာလီနားက အာချာတိတ်ပင်လယ်ထဲတွင် တွေ့ရှိရသော ကျောက်တစ်မျိုး၏အမည် ဖြစ်သည်။ ၄င်းကျောက်ကို ဓမ်္မဟောင်းခေတ်က ရဟန်းအကြီးအကဲသည် သင်္ကန်း အပေါ်ထပ်တွင် ၀တ်ဆင်ရသော ဆွဲကြိုးတွင် ထည့်ထားရသော အဖိုးတန်ကျောက် (သင်္ဘောမဟူရာ) ကို ဆိုလိုသည်။ (ထွက်မြောက်ရာကျမ်း ၂၈း ၁၉)။

၂၂။ အသက်၊ နှစ်အပိုင်းအခြား

ဗါန ဟူသော ဝေါဟာရသည် လူတစ်ယောက်၏ လူ့သက်တမ်းကို ပြောဆိုခြင်း ဖြစ်ကြောင်း၊ လူတစ်ယောက်၏ ဘ၀ရင့်ကျက် ခြင်းကို ပြောဆိုခြင်း၊ နောက်ဆုံးသေဆုံးမည့်အချိန်ကာလကို ပြောဆိုခြင်း၊ လူမျိုး၏ မျိုးဆက်ကာလကို ပြောဆိုခြင်း တိုဖြစ်ကြပေသည်။ ယာကုပ်သည် အီဂျစ်ပြည်၌ ဆယ်ခုနှစ်နှစ် အသက်ရှင်၍ အသက်နှစ်ပေါင်း တရာလေးဆယ်ခုနှစ်နှစ် ရှိသတည်း (ကမ်္ဘာဦး ၄၇း ၂၈၊) သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကို မေးကြပါလော့။ ယောဟန် ၉း ၂၁)။ သင်၏အသက်သည် မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မှိက်သော်လည်း နံနက်ကဲ့သို့လင်းလိမ့်မည်။ (ယောဘ ၁၁း ၁၇)။ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်း တည်း (ဧဖက် ၂း ၇)။

၂၃။ အာဂိ

ဗါနန အာဂိဟူသော ဝေါဟာရသည် ရှမ်္မ၏ ထွက်ပြေးသိမ်းရှောင်သောဖခင် ဖြစ်သည်။ သူသည် ဒေးဗစ်ဘုရင်၏ လက်ရုံးတော် များထဲက တစ်ယောက်အပါအ၀င် ဖြစ်သည် (ဓမ်္မရာဇ၀င်ဒုတိယ ၂၃း ၁၁)။

၂၄။  ဝေဒနာ၊ နာကျင်ခြင်း

ဗါသညပ ဟူသော ဝေါဟာရသည် သမ်္မာကျမ်းစာထဲတွင်မူ၊ လက်ရှိကာလ၌ နတ်ဆိုးနတ်မိစများနှင့် ဆန့်ကျင်ဖက်ပြုပြီး ရုန်းကန်ကာ တရားအားထုတ်ခြင်းကို ဆိုလိုသည်။ ဗါသညပ ဟူသော ဝေါဟာရကို သမ်္မာသစ်ကျမ်းစာထဲတွင်သာ တစ်ခါမျှ (လုကား ၂၂း ၄၄) သုံးထားသည်ကို တွေ့ရှိရပြီး ခရစ်တော်ယေဇူးဘုရား၏ ဂျေစမာနီဥယျာဉ်ထဲတွင် အရှင်မြတ်၏ နောက်ဆုံးအချိန် ချွေးယောထွက်ပြီး ဆုတောင်းနေချိန်ကို မီးမောင်းထိုးပြခြင်း ဖြစ်ပေသည်။ ဗါသညပ ဟူသော ဝေါဟာရသည်ျအမငလန ဟူသော အဓိပါယ်ကို သဘောဆောင်ပြီး ခက်ခဲသောနေရာ (၀ါ) အခြေအနေတစ်ခုထဲသို့ ၀င်ရောက်ရင်ဆိုင်ရန် ပြင်ဆင်ခြင်းကို ဆိုလို ဖြင်း (လုကား ၂၃း ၂၄) ဖြစ်သည်။

၂၅။ စိုက်ပျိုးရေးနှင့်မွေးမြူခြင်း

ဗါမငခကူအကမန ဟူသော ဝေါဟာရသည် မြေကြီးပေါ်၌ ထွန်ယက်စိုက်ပျိုးခြင်းနှင့် မွေးမြူခြင်းတို့ကို ဆိုလိုသည်။ အီဂျစ်လူမျိုး များသည် စိုက်ပျိုးရေးလုပ်ငန်းတွင် အထူးကျွမ်းကျင်ကြသည်။ သို့သော် အစ်္စရေးလူမျိုးများက ကတိထားရာဒေသသို့ ၀င်ရောက် လာကြသောအခါ သူတို့၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၌ အထူးကျွမ်းကျင်ခြင်းသည် ပိုမိုထွန်းပြောင်လာတော့သည်။ စိုက်ပျိုးရေးနှင့်မွေးမြူခြင်းတို့သည် မိုးဇယ် လူမျိုးတို့၏ ဓနသဟာယအုတ်မြစ်အဆင့်သို့ ရောက်သွားတော့သည်။ ပါလစ်္စတိုင်း ဒေသတွင် တွေ့ရှိသော စိုက်ပျိုးချိန်ကာလများကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားသည်။ (၁)။ မျိုးချချိန်ကာလ၊ (၂)။ မမှည့်သည့်ကာလ (၃)။ အအေးပိုင်းကာလ (၄)။ ရိတ်သိမ်းချိန်ကာလ (၅)။ နွေရာသီချိန် (၆)။ ပူစပ်ပူလောင်သော ကာလ တို့ဖြစ်ကြသည်။

၂၆။ ပထမမြောက် အာဂရိပါ

ဗါမငစစှေု ပထမမြောက် အာဂရိပါ သည် ဟေရုဒ်ဘုရင်၏ မြေးယောင်္ကျား၊ အာရီစ်တိုဘူလူးစ်နှင့် ဘတ်နီစ်တို့၏ သား ဖြစ်သည်။ ရောမဘုရင်၊ ကာလီကူလာက သူ့ကို ဟေရုစ်ဘုရင်ဟူသော ဘွဲနာမဖြင့် ဖီလစ်၏နယ်မြေများကို အုပ်ချုပ်ရသော ပထမဆုံးသော အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားသည်။ ပထမမြောက် အာဂရိပါ သည် ရှေးဦးခရစ်ယာန်များကို ညှင်းပန်းနှိပ်စက် ခဲ့သူ ဖြစ်ပြီး ရဟန်္တာယာကုပ်ကို သတ်ဖြတ်သူနှင့် ရဟန်္တာပေတရုကို ထောင်ချခဲ့သူ ဖြစ်သည် (တမန်တော် ၁၂း ၁-၄)။ ပထမမြောက် အာဂရိပါ သည် မိမိခန်္ဓာကိုယ်တွင် လောက်ကောင်များ ကျ၍ သေဆုံးလေ၏ (တမန်တော် ၁၂း ၂၃)။

၂၇။ ဒုတိယမြောက် အာဂရိပါမင်း

ဗါမငစစှေု ဒုတိယမြောက် အာဂရိပါမင်းသည် ဟေရုဒ်ဘုရင်၏ မြေးယောင်္ကျား၊ အာရီစ်တိုဘူလူးစ်နှင့် ဘတ်နီစ်တို့၏ သား ဖြစ်သည်။ သူသည် အေဒီ ၂၇ တွင် ရောမမြို့တွင် ဖွားမြင်ခဲ့သည်။ သူသည် ဘတ်နီစ်နှင့်ဒရူစီလာတို့၏ အစ်ကို ဖြစ်ပြီး အင်ပါရာ ကလော်ဒီအူးစ် ဘုရင် (အေဒီ ၄၈) က သူ့အား ဂျေရုစလင်မြို့တော်၏ ဗိမာန်တော်ကို ကြီးကြပ်သောရာထူးကို အပ်နှင်းပြီးနောက် အေဒီ ၅၀ ခုနှစ်တွင်မူ ချားလ်စီစ်မြို့၏ မြို့တော်ဝန်အဖြစ် ခန့်အပ်လိုက်သည်။ ထိုနောက် သူသည် ဘုရင်အဆင့်သို့ ချီးမြှောက်ခြင်း ခံရပြီး ဖီလစ်နှင့်လီစာနီယားဒေသတို့၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည် (တမန်တော် ၂၅း ၁၃၊ ၂၆း ၂ ၊ ၇)။ ရဟန်္တာပေါလူးသည် ဒုတိယမြောက် အာဂရိပါ ဖီလစ်နှင့်လီစာနီယားဒေသတို့၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်း မခံရမီတွင် ၄င်းမြို့များတွင် တရားဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ ဒုတိယမြောက် အာဂရိပါသည် ကာမဂုဏ်လိုက်စားသူအဖြစ် နာမည်ကြီးကာ အသက် ၇၀ ကျော်၊ အေဒီ ၁၀၀ တွင် ရာထူးပြိုင်ပွဲအကြားတွင် ရောမမြို့၌ သေဆုံးခဲ့သည်။

၂၈။ အဖျား (ဖျားနာခြင်း)

ဗါကန အဖျား (ဖျားနာခြင်း) ဟူသော ဝေါဟာရသည် ၀တ်ပြုရာကျမ်း (၂၆း ၁၆) တွင် အသုံးပြုထားတော်မူသည်ကို တွေ့ရှိရပြီး ဟေဘရူးစကားဖြစ်သောုေိဒေ့အေ့ မှ ဆင်းသက်လာပြီး အနက်သည်ကား မီးလျှံ၊ လောင်ကျွမ်းနေသော အပူချိန်ကို ဆိုလိုသည်။ တရားဟောရာကျမ်း ၂၈း ၂၂ တွင်လည်း ““ထာဝရဘုရားသည် သင့်ကိုတူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့် ၄င်း၊ ထားဘေး၊ လေထိ၍အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်၎င်း ဒဏ်ခတ်တော်မူ၍ သင်သည် မပျက်စီးမှီတိုင် အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်””။

၂၉။ အာဂု

ဗါကမ အာဂု ဟူသော ဝေါဟရသည် လူနာမည် ဖြစ်ပြီး လိုက်စုစည်းသူ၊ ကောက်ခံသူအဖြစ်သာ သိရှိရသည်။ အာဂုအကြောင်းကို ပညာအလိမာကျမ်း အခန်းကြီး ၃၀ တစ်ခုလုံးတွင် ဖတ်ရှုလေ့လာနိုင်သည်။

၃၀။  အ

ဗ့ အ ဟူသောဝေါဟာရသည် အမေဠိတ်စကားဖြစ်ပြီး ၀မ်းနည်းပူဆွေးသောအချိန်တွင် အသုံးပြုရသည်။ ဆာလံ ၃၅း ၂၅ ကို ဖတ်ရသော် ““အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့နှင့်””။ ဟေရှာယ ၁း ၂၄ တွင် ““အဲ၊ ငါ့တဘက်၌ နေသောသူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကိုစောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်””။ မာကု ၁၅း ၂၉ တွင် ““ဟဲ့၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ”” ဟု တွေ့ရှိရမည် ဖြစ်သည်။

၃၁။ အာဟပ်

ဗ့စေ အာဟပ်သည် သြမ်ရီ၏ သားတော် ဖြစ်တော်မူသည်။ သြမ်ရီသည် အသက် ၃၁ နှစ်အရွယ်တွင် အီစ်္စရေးတိုင်းပြည်ကို ၁၂ နှစ်တိုင် နန်းထိုင်တော်မူခဲ့သည်။ သြမ်ရီ သေဆုံးပြီးနောက် သားတော်ဖြစ်တော်မူသော အာဟပ်သည် အသက်တော် ၃၈ နှစ်အရွယ်တွင် အီစ်္စရေးတိုင်းပြည်ကို ၂၂ နှစ်တိုင်တိုင် နန်းထိုင်တော်မူသည်။ သူသည် စီဒိုနီယားလူမျိုးတို့ကို အုပ်ချုပ်တော်မူသော ဘုရင်အဲဒ်ဘလ်၏ သမီးတော်ကို လက်ထပ်တော်မူခဲ့သည်။ သူသည် ဗာလဘုရားကို ကိုးကွယ်သည့်အပြင် ဗာလဘုရား၏ဗိမာန် တော်၌ ဗာလဘုရားအဖို့ ယဇ်ပလင်ကို တည်၏။ ဓမ်္မရာဇ၀င် ၁၆း ၁၅ – ၂၁) အာဟပ်သည် ကောက်ကျစ်ယုတ်မာသော ဘုရင်အဖြစ် ရည်ညွန်းခြင်းကို ခံရသည် (ရာဇ၀င်ဒုတိယ ၂၂း ၃၊) အကြောင်းမူကား၊ သင်သည် သြမရိမင်း၏ စီရင်ထုံးဖွဲ့ အချက်ကို့ကို၎င်း၊ အာဟပ်မင်းမျိုး ကျင့်သော အကျင့်ရှိသမျှကို၎င်း ကျင့်စောင့်၍ သူတို့၏ တိုက်တွန်းရာသို့ လိုက်တတ်၏။ သို့ဖြစ်၍ သင့်ကို ငါသုတ်သင်ပယ်ရှား၍ မြို့သားတို့ကို ဆဲရေးရာ ဖြစ်စေသဖြင့် သင်သည် ငါ၏လူတို့ကဲ့ရဲ့ခြင်းကို ခံရမည်။ (မိက်္ခာ ၆း ၁၆)

၃၂။ အာဟားဆွေရုစ်

ဗ့ျေကနမကျ အာဟားဆွေရုစ်သည် မိဒေစ်အမျိုးဖြစ်ပြီး ချာလ်ဒီယန်းတိုင်းပြည်ကို စိုးစံတော်မူခဲ့သည်။ သူ၌ သားတော်ထွန်းကား ပြီး အမည်မှာ ဒါရီအူးစ် ဖြစ်သည်။ (ဒံယေလ ၉း ၁-၃)။ အာဟားဆွေရုစ်သည် ဂရိတိုင်းပြည်ကို စစ်အင်အား နှစ်သန်းကျော်ဖြင့် ချီတက်သိမ်းပိုက်ပြီးနောက် စစ်သား ငါးထောင်ကျော်သာ သူနှင့်ပြန်လာခဲ့သည်ဟု သိရသည်။

၃၃။ အာဟာဗာ ချောင်း (၀ါ) မြို့

ဗ့လေေ အာဟာဗား ဟူသော ဝေါဟရသည် ချောင်း (၀ါ) မြို့အမည် ဖြစ်သည်။ (ဧဇရ ၈း ၂၁၊ ၂၅)။ ၄င်းချောင်း၏ အနားတွင် ဘာဘီလုံမြို့မှ ဂျေရုစလင်မြိ့သို့ ပြန်လာကြသော ပြည်ပြေးဂျူးလူမျိုးများ စုစည်းရာ နေရာ ဖြစ်ခဲ့သည်။ ယခုခေတ်တွင် မူ၊ ၄င်းချောင်း (၀ါ) မြို့ကို ဟစ်ဟု ခေါ်ဆိုကြလေတော့သည်။ အာဟာဗားမြို့သည် ဒမတ်စကစ်မြို့၏ အရှေ့ဖက် တွင် တည်ရှိသည်။

၃၄။  အာဟ (စ်)

ဗ့ဖေ အာဟ(စ်) ဟူသောဝေါဟာရသည် ပိုင်ဆိုင်သူဟု အနက်ရသည်။ ဗ့ဖေ အာဟ(စ်)၊ ဂျွန်နာသန်၏ သားမြေး ဖြစ်သည် (ပထမ ရာဇ၀င် ၈း ၃၅၊ ၉း ၄၂)။ သူသည် ဂျူဒတိုင်းပြည်ကို အုပ်ချုပ်သော ဂျိုတမ်ဘုရင်၏သားနှင့်ထီးနန်းဆက်ခံသောဘုရင် ဖြစ်သည်။ (ဓမ်္မရာဇ၀င်စတုတ်္ထစောင် အခန်းကြီး ၁၆၊ ဟေရှာယ ၇း၉၊ ရာဇ၀င်ချုပ်ဒုတိယစောင် အခန်းကြီး ၂၈) သူသည် ဘုရားမဲ့သော ရုပ်ဝတ်္ထုများကို ကိုးကွယ်သော ဓလေ့ကို အသက်သွင်းသူ ဖြစ်သည်။ (ဟေရှာယ ၈း၁၉၊ ၃၈း၈) သူသည် ခရစ်တော်မမွေးဖွားမီ ဘီစီ ၇၄၀ – ၇၂၄ အတွင်း ထီးနန်းစံခဲ့ပြီးနောက် အသက်တော် ၃၅ နှစ်တွင် ပျံလွန်တော်မူသည်။ သူသည် ကောက်ကျစ်ယုတ်မာသူဖြစ်သောကြောင့် သူ၏ ရုပ်အလောင်းကို ဘုရင်များကို မြှပ်နှံသော သင်္ချိင်းတွင် မြှပ်နှံခြင်း မခံရပေ။ သူ၏အရိုက်အရာကို မိမိ၏သားတော် ဖြစ်တော်မူသော ဟဲဇေကီယားဆိုသူက ဆက်ခံခဲ့သည်။

၃၅။  အဟာဇီယား

ဗ့ဖေငေ့ အဟာဇီယားဟူသောဝေါဟာရသည် လူနာမည်ဖြစ်ကာ အာဟပ်၏သားတော်နှင့်အာဟပ်ကိုဆက်ခံသူ ဖြစ်သည်။ သူသည် မိမိဖခင်၏ကောက်ကျစ်ယုတ်မာသော လမ်းစဉ်ကို လိုက်လျှောက်သူ ဖြစ်သည်။ သူ၏ထီးနန်းအချိန်၌ မောဘလူမျိုးတို့၏ တော်လှန်ခြင်းကို ခံရသည်။ (ဓမ်္မရာဇ၀င်စတုတ်္ထစောင် ၃း ၅-၇) သူသည် ထီးနန်းကို တစ်နှစ်မျှသာ ဆက်ခံခဲ့သည်။

၃၆။  အဟိအံ

ဗ့ငော အဟိအံဟူသောဝေါဟာရသည် လူနာမည်ဖြစ်ကာ သူသည် ဒေးဗစ်ဘုရင်၏ သူရဲကောင်းစစ်သည်တော် (၃၀) ထဲက စစ်သည်တော်တစ်ဦး၏ အမည် ဖြစ်သည်။ (ဓမ်္မရာဇ၀င်ဒုတိယစောင် ၂၃း ၃၃) (ဒုတိယရာဇ၀င် ၁၁း ၃၅)

၃၇။  အဟေဇာ

ဗ့ငနဖနမ အဟေဇာ ဟူသောအနက်သည် ““အကျိုးပြုတတ်သူ”” ဟု အနက်ရသည်။ အဟေဇာသည် အမိရှဒွဲ၏သား ဖြစ်သည့်အပြင် ဒါန်လူမျိုးတို့၏ဗိုလ် ဖြစ်သည်။ သူ၏လက်အောက်တွင် စစ်သည်ပေါင်း ခြောက်သောင်းနှစ်ထောင်ခုနှစ်ရာ ရှိသည်။ နောက်ဆုံးတပ် တည်းဟူသော ဒန်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဒန်တပ်ကို အမိရှဒွဲသား အဟေဇာက အုပ်စိုးရ၏။ (တောလည်ရာကျမ်း ၁း၁၂၊ ၂း၂၅၊ ၁၀း၂၅)
ဒါဝိတ်သည် ကိရှ၏ သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌နေစဉ်၊ သူ့ဘက်သို့ဝင်စားလာသောသူ၊ လေးလက်နက်ကို ဆောင်ပြီး လင်္ကျာလက် လက်ဝဲလက်မရွေး၊ ကျောက်နှင့်မြားကို ပစ်တတ်သောစစ်သူရဲကြီး၊ ရှောလုပေါက်ဘော် ဗင်ဂျာမိန်အမျိုးသားဟူမူကား၊ အကြီးအကဲ အဟေဇာ (ရာဇ၀င်ချုပ်ပဌမစောင် ၁၂း၁-၃)။

၃၈။ အဟိဟုဒ်

ဗ့င့ကိ အဟိဟုဒ်ဟူသောဝေါဟာရသည် လူနာမည်ဖြစ်ပြီး ဗေလာ၏သား၊ ဗင်ဂျာမိန်၏သား ဖြစ်တော်မူသည်။ ဟေဘရူး စကားတွင်မူ အဟိဟုဒ်ဟူသောဝေါဟာရသည် ဂျူဒ၏အစ်ကိုဟု အနက်ရသည်။ အဟိဟုဒ်သည် အာရှာအမျိုးကို အုပ်စိုးသောသူ ဖြစ်ပြီး ခါနန်ပြည်၌ အစ်္စရေးအမျိုးသားတို့အား အမွေမြေကို ဝေပေးစေခြင်းဌာ ထာဝရဘုရား ခန့်ထားတော်မူသောသူ ဖြစ်သည်။ (တောလည်ရာကျမ်း ၃၄း၂၇-၂၉)

၃၉။ အဟိယ

ဗ့ငျေ့ အဟိယဟူသောဝေါဟာရသည် လူနာမည်ဖြစ်ပြီး ဗေလာ၏သားထဲက တစ်ယောက်အပါအ၀င် ဖြစ်သည်။ သူသည် ဂျေရမိလ်၏သားငါးဦးထဲက တစ်ဦးအပါအ၀င်ဖြစ်ပြီး ဂျူဒ၏ မြေးယောင်္ကျား ဖြစ်သည်။ (ရာဇ၀င်ချုပ် ပထမစောင် ၂း၂၅၊ ၈း၇)
ထို့အပြင် အဟိယဆိုသူသည် အဟိတုပ်၏သားနာမည်လေး ဖြစ်သည် (ဓမ်္မရာဇ၀င် ပထမစောင် ၁၄း၃)။ ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့်သူ၏ အဆွေအမျိုးတည်းဟူသော နော(ဘ်) မြို့တွင်နေသော ယဇ်ပုရောဟိတ် အပေါင်းတို့ကို ခေါ်၍ သူတို့သည် အထံတော်သို့ ရောက်လာကြ၏ (ဓမ်္မရာဇ၀င် ပထမစောင် ၂၂း၁၁)။
လေ၀ိသားတို့တွင် အဟိယသည် ဘုရားသခင်၏အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။ (ရာဇ၀င်ချုပ် ပထမစောင် ၂၆း၂၀)။ အဟိယသည် ဆော်လမုန်ဘုရင်၏ အတွင်းဝန်များထဲက တစ်ဦးအပါအ၀င် ဖြစ်သည် (ဓမ်္မရာဇ၀င် တတိယစောင် ၄း၁-၅)။ ရှိလောမြို့သား အဟိယသည် ၀တ်လုံသစ်နှင့်ကိုယ်ကိုခြုံလျက် ယေရောဗောင်ကို ကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊ အဟိယသည် မိမိဝတ်သော ၀တ်လုံသစ်ကိုကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်သည် (ဓမ်္မရာဇ၀င် ပထမစောင် ၁၁း၂၉)။ ယေရောဗောင်၏သား အဘိယသည် နာသောကြောင့် ယေရောဗောင်သည် မိမိ၏မယားကိုခေါ်၍ သင်သည် ယေရောဗောင်၏မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းဌာ ခြားနားသောအဆင်းအရောင်ကို ဆောင်ပြီးလျှင် ရှိလောမြို့သို့ ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည့်အကြောင်းကို ပြသော ပရောဖက် အဟိယသည် ထိုမြို့၌ ရှိ၏ (ဓမ်္မရာဇ၀င် ပထမစောင် ၁၄း၁-၄)။

၄၀။  အဟိကံ

ဗ့ငုော အဟိကံဟူသောဝေါဟာရသည် လူနာမည်ဖြစ်ပြီး အဟိကံသည် ယဇ်ပုရောဟိတ်ဖြစ်သော ရှာဖန်၏သား ဖြစ်သည်။ (ဓမ်္မရာဇ၀င် ပထမစောင် ၂၂း၁၂၊ ရာဇ၀င်ချုပ်ဒုတိယ ၃၄း၂၀)။ ယေရမိသည် ကိုယ်ရံတော်မှူးထံမှမထွက်မှီ၊ ကိုယ်ရံတော်မှူးက ဗာဗိလုန်ရှင်ဘုရင်သည် ဂျူဒပြည်နယ်တွင် မြို့အုပ်အရာ၌ ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိထံ သို့ပြန်၍ ပြည်သားများနှင့်အတူနေပါလော့ဟု ဆိုလျက်၊ စားစရိတ်နှင့်လက်ဆောင်ကိုပေး၍ လွှတ်လိုက်လေ၏ (ယေရမိ ၄၀း၅)။ သို့သော်လည်း၊ ရှာဖန်၏သား အဟိကံသည် ယေရမိကို မစသောကြောင့်၊ အသေခံစေခြင်းဌါ လူများတို့လက်သို့ မအပ်ရ (ယေရမိ ၂၆း၂၄)။

၄၁။ အဟိမတ်စ်

ဗ့ငာဖေ အဟိမတ်စ်ဟူသောဝေါဟာရသည် လူနာမည်ဖြစ်ပြီး အဟိမတ်စ်သည် ဇာဒုတ်၏သား၊ မြင့်မြတ်သော ရဟန်းတာဝန်တွင် ဇာဒုတ်ကို ဆက်ခံသောသူ ဖြစ်သည်။ (ရာဇ၀င်ချုပ် ပထမစောင် ၆း ၈)။ အဟိမတ်စ်သည် အပ်ရှလုန်ကို တော်လှန်တိုက်ခိုက်ချိန်တွင် ဒါဝိတ်မင်းကြီးဖက်မှ ရပ်တည်ပေးသူ ဖြစ်သည့်အပြင် ဂျေရုစလင်မြို့တို့ ချီတက်လာသော အပ်ရှလုန်၏ သတင်းကောင်းကို ပါးရာတွင် ပါဝင်လုပ်ဆောင်သူအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည် (ဓမ်္မရာဇ၀င် ဒုတိယစောင် ၁၅း၂၄-၃၇၊ ၁၇း ၁၅-၂၁)။ ““ကင်းစောင့်ကလည်း ရှေ့လာသောသူ၏ပြေးခြင်းသည် ဇာဒုတ်၏သား အဟိမတ်စ် ပြေးခြင်းနှင့်တူသည်ကို ကျွန်တော် ထင်ပါသည်ဟု လျှောက်သော် ရှင်ဘုရင်က သူသည် လူကောင်းဖြစ်၏။ ကောင်းသောသိတင်း ပါလိမ့်မည်ဟု အမိန့်ရှိပြန်၏။ အဟိမတ်စ်ကလည်း ချမ်းသာရပါ၏ဟု ဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက်၊ အရှင်မင်းကြီးကို ပုန်ကန်သော လူတို့ကို အပ်တော်မူသော ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု လျှောက်လေ၏”” (ဓမ်္မရာဇ၀င် ဒုတိယစောင် ၁၈း ၁၉-၃၃အထိ ဖတ်ရှုရန်)။

၄၂။ အဟိမန်

ဗ့ငာညေ အဟိမန်ဟူသောဝေါဟာရသည် လူနာမည်ဖြစ်သည်။ ““တောင်မျက်နှာ၌ရှောက်သွား၍ အာနကင်အမျိုးသား အဟိမန်၊ ရှေရှဲ၊ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ တောလည်ရာ ၁၃း၂၁-၂၂)””။ ““ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလာမဲတို့ကို နှင်ထုတ်သော (ယောရှုမှတ်စာ ၁၅း ၁၄)””။ ““ယုဒမျိုးသည် ကိရယသာဘအမည်ဟောင်း ရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ရှိရာသို့ချီသွား၍ ရှေရှဲ၊ အဟိမန်၊ တာလာမဲတို့ကို လုပ်ကြံကြ၏။ တရားသူကြီး ၁း ၁၀-၁၂)””။ အဟိမန်သည် နှင်ထုတ်ခြင်းခံရပြီးနောက် ဗိမာန်တော်၏တံခါးစောင့်များထဲက တစ်ဦးအပါအ၀င် ဖြစ်သည် (ရာဇ၀င်ချုပ် ပထမစောင် ၉း ၁၇-၁၈)။

၄၃။ အဟိမိလက်

ဗ့ငာနူနခ့ အဟိမိလက်ဟူသောဝေါဟာရသည် လူနာမည်ဖြစ်သည်။ အဟိမိလက်သည် အဟိတုပ်၏သား၊ အဗျာသ၏ ဖခင် ဖြစ်သည် (ဓမ်္မရာဝင် ပထမစောင် ၂၂း ၂၀-၂၃)။ အဟိတုပ်၏သား ဇာဒုတ်နှင့်အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ် ဖြစ်၏။ (ရာဇ၀င်ချုပ် ပထမစောင် ၁၈း ၁၆)။ သို့သော် အဟိမိလက်ဟူသော နာမည်သည် အဟိယဟူသော နာမည်နှင့် အတူတူ ဖြစ်နိုင်သည်။ (ဓမ်္မရာဝင် ပထမစောင် ၁၄း ၃) အကြောင်းရင်းကား အဟိတုပ်၏သား အဟိယလည်း ရှိ၏ ဟု ကျမ်းစာတွင် ဖော်ပြထားသောကြောင့် ဖြစ်သည်။
““ ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာနောဗမြို့သို့ရောက်၍ အဟိမလက်သည် ဒါဝိဒ်နှင့်တွေ့သောအခါ ကြောက်၍ သင်သည် လူတယောက်မျှမပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ရှင်ဘုရင်အမှုတော်တစ်ခုကို အပ်၍ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သော အရပ်၌ ဆိုင်းလင့်စေခြင်းဌါ အရင်စေလွှတ်လေပြီ။ သို့ဖြစ်၍ ကိုယ်တော်လက်၌ ရှိသော မုန့်ငါးလုံးကိုသော်၎င်း၊ တွေ့သမျှကိုသော်၎င်း၊ ကျွန်ုပ်လက်သို့ အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အား တောင်း၏။ (ဓမ်္မရာဝင် ပထမစောင် ၂၁း ၁-၄)””။

1058  Views
Previous: မြန်မာနိုင်ငံအနောက်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကက်သလစ်ခရစ်ယာန်သာသနာ ရောက်ရှိခြင်း (၇၅) နှစ် စိန်ရတုဂျူဗလီပွဲတော်ကို တွန်းဇံမြို့တွင် ကျင်းပခဲ့
Next: မောင်းသူမဲ့လေယာဉ်အပါအ၀င် အလိုအလျောက်ပစ်ခတ်နိုင်သော သေနတ်စနစ်များကို ဗာတီကန်က ကန့်ကွက်လိုက်ပြီ