ရဟန်းမင်းကြီးဖရန်စစ်နှင့်အော်သဒေါ့အသင်းတော်ခေါင်းဆောင်များ ပထမဆုံးအကြိမ်တွေ့ဆုံခြင်း

23-b

ဗာတီကန်၊ မေလ ၅ ရက်။

ရဟန်းမင်းကြီးဖရန်စစ်သည် အရှေ့အလယ်ပိုင်းရှိအော်သဒေါ့ အသင်းတော်ခေါင်းဆောင်ဖြစ်တော် မူသော ဆရာတော်ကြီးကွန်စတိုင်တီနိုပဲလ်၏ပက်ထရီယား ဘာတိုလိုမေအိုအား ဗာတီကန်နန်းတော် တွင် မေလ ၅ ရက်နေ့က ပထမဆုံးအကြိမ်လက်ခံတွေ့ ဆုံတော်မူလိုက်သည်။ ဆရာတော်ကြီးသည် ရဟန်းမင်းကြီး၏ လာမည့် မေလ ၂၅ ရက်နေ့တွင် ဒေသစရီကြရောက် မည့် ဂျေရုစလင်မြို့ဘုရားဖူးခရီးစဉ် အတွက် အထူးစီစဉ်ပေးနေသူ ဖြစ်တော်မူပြီး ရဟန်းမင်းကြီး၏ ဂျေရုစလင်မြို့ဘုရားဖူးခရီးစဉ်သည် ခရစ်ယာန်များ စည်းလုံးခြင်းအတွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် ကြီးမားသောအကျိုး သက ရောက် မှုများ ရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားကြောင်း မိန့်ကြားတော်မူလိုက်သည်။

သို့သော် ဆရာတော်ကြီးက၊ မိမိသည် အများပြည်သူနှင့်သက်ဆိုင်သော အရှေ့အလယ်ပိုင်းက ခရစ်ယာန် များ၏ အနရာယ်ရှိသော အခြေအနေများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ ရးနှင့် ရှေးရိုးမိသားစု အစဉ်အလာကို ကာကွယ်ခြင်းဆိုင်ရာများကိုပါ ရဟန်းမင်းကြီးနှင့် ဆွေးနွေးဖွယ်ရှိသည်ဟု ထုတ်ပြန်တော် မူလိုက်သည်။ ရောမမြိ့ရှိ အော်သဒေါ့အသင်းတော်မှ ဆရာတော်ကြီးက ““သူတို့နှစ်ပါး၏တွေ့ဆုံခြင်း သည် တွေ့ဆုံခြင်းသက်သက်မဟုတ်ဘဲ နှမရင်းသဖွယ်ဖြစ်နေကြသော ကက်သလစ် သာသ နာတော်နှင့်အော်သဒေါ့ခရစ်ယာန်သာသနာတော်တို့အကြားက သစ်လွင်သောမိုးကုတ်စက်ဝိုင်းပမာ ဆက်ဆံရေးကို ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ကွဲပြားနေသော ကမ္ဘာကြီးတွင် ကျွန်ုပ်တို့သည် စည်းလုံးခြင်းကို လိုအပ်နေကြကြောင်းဖြင့်၊ ဗာတီကန်သတင်းဌာနတစ်ခုသို့ မိန့်ကြားတော်မူသည်။

ဆရာတော်ကြီး အဲမာနူအဲလ်ကလည်း ဆရာတော်ကြီး ကွန်စတိုင်တီနိုပဲလ်၏ပက်ထရီယား ဘာတိုလိုမေ အိုသည် ရဟန်းမင်းကြီးအတွက် သဘာဝဆွေးနွေးဖော်ဖက် ဖြစ်ကြောင်း၊ အကြောင်းရင်းကား သူတို့နှစ်ပါးစလုံးသည် အရေးကြီးလှသော ပင်ကိုယ်အရည်အသွေးများကို ပိုင်ဆိုင်ထားကြသူ များ ဖြစ်ကြကြောင်း၊ သူတို့နှစ်ပါးသည် ကျွန်တော်တို့၏အတွေး၊ အလုပ်အကိုင်ရဲ့အပြင်ဖက် မှာ မြင်နိုင်တွေးနိုင်သူများ၊ မျှော်မှန်းချက်ရှိသူများနှင့် ဟိုးအောက်ခြေအထိ အထိအတွေ့ရှိသူများ ဖြစ် ကြသည်ဟု မှတ်ချက်ပြုလိုက်သည်။

ဆက်လက်ပြီး ဆရာတော်ကြီး အဲမာနူအဲလ်က၊ သူတို့နှစ်ပါးစလုံးသည် အော်သဒေါ့-ကက်သလစ်သာ သနာတော်တို့ အကြားတွင် ဘာသာရေးဆိုင်ရာ ဆွေးနွေးခြင်း၊ အာရပ်ကမ္ဘာတွင် ဖြစ်ပျက်နေသော ခရစ်ယာန်များ၏အခြေအနေများကို ဆွေးနွေးနိုင်ဖွယ် ရှိသည်ဟု ဟောကိန်းထုတ်တော်မူလိုက်သည်။ ယနေ့ခေတ် အာရပ်ကမ္ဘာတွင်မူ ၂၀၀၃ ခုနှစ် အမေရိကန်က အီရတ်ကို ဝင်ရောက်တိုက် ခိုက်ပြီး နောက်ပိုင်းနှင့် ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် ခရစ်ယာန်ဘာသာဝင်များ၏ ဦးရေသည် တဖြည်းဖြည်း ကျဆင်းလာနေသည်ကို ပြောဆိုလိုခြင်း ဖြစ်သည်။

ယခုကဲ့သို့သူတို့နှစ်ပါး တွေ့ဆုံခြင်းသည် ရဟန်းမင်းကြီးပေါလူး (၆) နှင့် ကွန်စတိုင်တီနိုပဲလ်မှ ဆရာတော် ကြီး အတေနာကိုးရပ်စ်တို့နှစ်ပါး ဂျေရုစလင်မြို့၌တွေ့ဆုံခဲ့ခြင်း၏ နှစ် (၅၀) ပြည့်နှစ်ပတ်လည်ကိုလည်း ကျင်းပရ ရောက်ပေသည်။ ထိုအချိန်ကတွေ့ဆုံခြင်းသည် ၁၀၅၄ ခုနှစ်က အရှေ့အနောက်ဖက်တွင် စတင် ခဲ့သော ဂိုဏ်းခွဲရေးဝါဒသွန်သင်ချက် များကြောင့် နှစ်ဖက်သာသနာတော်များအကြား သာသနာတော် အပြင်ဖက်သို့ ထုတ်ပယ်ခြင်း မူဝါဒကျင့်သုံးနေခြင်းကို အဆုံးသတ် စေခဲ့ပြီး ခေတ်သစ်ဘာသာရေး ဂိုဏ်းပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်းယဉ်ကျေးမှုကို တံခါးဖွင့်ပေးခဲ့သည်။

ဆရာတော်ကြီး ကွန်စတိုင်တီနိုပဲလ်၏ပက်ထရီယား ဘာတိုလိုမေအိုက ““ကျွန်တော်တို့ အသင်းတော်နှစ် ခုအကြားထဲမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ၊ နှစ်စဉ် နှစ်ဖက်ကိုယ်စားလှယ်များက မိမိတို့ဘာသာ တရားအကြောင်း လေ့လာသင်ယူတာမျိုးတွေ ရှိနေပါတယ်”” ဟု မိန့်ကြားသော်လည်း ရဟန်းမင်းကြီး၏ အရေးကြီးမှုကဏ္ဍပိုင်းတွင်မူ သဘောထားကွဲလွဲနေဆဲ ဖြစ်သည်။ ဆက်လက်ပြီး ““မကြာခင်က ရဟန္တာအဖြစ်တင်မြှောက်ခြင်းခံရသော ရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ပေါလ်သည် လွန် ခဲ့သောနှစ်ပေါင်း (၈၀၀)က ခရူစိတ်စစ်သားတွေက ရောမမြို့သို့ သယ်ဆောင်လာသော ရဟန္တာ သုခမိန်ဂရေဂေါ်ရီ၏ ဓါတ်တော်နှင့် ရဟန္တာဂျွန်ခရစ်စော်စတွန် တို့၏ဓါတ်တော်များ ကို ပြန်ပေး ရန် အော်သဒေါ့အသင်းတော်သို့ ပြန်ပေးရန် ၂၀၀၄ ခုနှစ်က ဆုံးဖြတ်ခဲ့ပြီးနောက်  ရဟန်းမင်းကြီး၏ အပြုအမှုကို ကျွန်တော်တို့၏အသင်းတော်ထဲတွင် တန်ဖိုးထားမြတ်နိုးလာကြသည်”” ဟု ဆရာတော်ကြီး ကွန်စတိုင်တီနိုပဲလ်၏ပက်ထရီယားက မိန့်ကြားတော်မူသည်။ ကုန်ဇမှုန်း

1598  Views
Previous: ကမ္ဘာ့ကက်သလစ်ခရစ်ယာန် ဘာသာဝင်ဦးရေသည် သန်းထောင်ပေါင်း ၁.၂၂၈ ရှိနေပြီဟု ဗာတီကန်ရုံးတော်မှ ထုတ်ပြန်
Next: ဆရာတော်ဆိုတေးရိုဖာမောသည် ကျန်းမာရေးမကောင်းသောကြောင့် ဆရာတော့်တာဝန်မှ အနားယူတော်မူ